UN ကို လူတွေ သိပ်မျှော် ကြလို့ ကျွန်မ UN အကြောင်း နည်းနည်း ပြောပါရစေ
၂၀၁၁ Syracuse မှာကျောင်းတက်တုန်းက Model UN ဆိုတဲ့အတန်းကိုယူခဲ့ပါတယ်။ အဲဒီ အတန်းက ပရော်ဖက်ဆာက UN agencies ကြီးတွေ အထူးသဖြင့် WFP ကို ကနဦးတည်ထောင်တဲ့အထဲမှာ ပါခဲ့တဲ့ ပရော်ဖက်ဆာကြီးဖြစ်ပါတယ်။ သူ့အတန်းကို UN မှာ လုပ်ချင်သူတွေ International Relations ကျောင်းသားတွေ အများဆုံး တက်ကြတယ်။ ကျွန်မလည်း အဲဒီအတန်းယူခဲ့တယ်။ စိတ်ကူးတာက မြန်မာပြည်ပြန်ရောက်ရင် UN မှာ အလုပ်ဝင်မယ် စိတ်ကူးလို့ပါ။ အတန်းရဲ့ Assignment တစ်ခုက New York မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်က အစည်းအဝေးတွေ သွားလေ့လာပြီး ကိုယ့်ထင်မြင်ယူဆချက်ကို ပြန်ရေးရတာပါ။
UN Reform ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ဆွေးနွေးကြရတာပေါ့။ အဲဒီတုန်းက ကျွန်မသူငယ်ချင်း အခုပုံမှာ ပါတဲ့သူငယ်ချင်းက အီဂျစ်က။ အီဂျစ် အာရပ်နွေဦး ၂၀၁၁က သိပ်ခေတ်စားတဲ့အချိန်ပေါ့။ အခုကျွန်မတို့ မြန်မာ့နွေဦးလိုဘဲ။ အီဂျစ်မှာ သမ္မတ မူဘာရက်ကိုဖြုတ်ချဖို့ လူ၈၄၆ယောက်တောင်သေတယ်။ သူငယ်ချင်းက မျက်ရည်ကျပြီး သူတို့ အာရပ်တော်လှန်ရေးအကြောင်း အမြဲရှင်းပြတယ်။ UN က ဘယ်လောက်ထိ ဆိုးဝါးကြောင်း ပြည်သူလူထုကသာ အဓိက တိုက်ထုတ်ရတာဖြစ်ကြောင်း သူ့ဆီက အမြဲကြားခဲ့ရတယ်။
အဲဒီထဲက ကျွန်မဖြင့် UN ဆိုတာကြီးကို စိတ်ပျက်လွန်းလို့ UN အကြောင်းပိုသိလေ ပိုစိတ်ပျက်လေမို့ ရန်ကုန်ပြန်ရောက်တောင် အလုပ်လုပ်ဖို့ လုံးဝစိတ်မကူးမိတာ။ အခုအဲ့သူငယ်ချင်းနှင့် အဆက်အသွယ်ရှိတော့ သူက အားပေးတယ် နင်တို့ မြန်မာ စပရင်းက အရမ်းအားကောင်းတယ်တဲ့။ UN ကို မမျှော်နှင့်တဲ့။ ကိုယ့်ပြည်သူလူထုရဲ့ စွမ်းအားကိုသာ ယုံကြည်ကြပါတယ်။ ကျွန်မကလည်း ဟုတ်တယ် ငါတို့က အခု သမိုင်းအသစ်ရေးနေပြီ။ အောင်တော့မှာလို့ ပြောလိုက်တော့ သူက ဝမ်းသာနေတယ်။ ❤️❤️❤️
crd
zawgyi
Add a Comment
Your email address will not be published. Required fields are marked *
thirteen − 5 =