ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ကျောင်းသားများ လွတ်မြောက်ရန် ကူညီပေး သူများအား အားသွန်ခွန်စိုက် ကြိုးစားပေးဖို့ တောင်းဆို လိုက်တဲ့ မေတိုးခိုင်

သရုပ်ဆောင် မေတိုးခိုင် ကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူများနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလတုန်းကတော့ လမ်းပေါ်ထွက်ကာ သူမရဲ့ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော် ပြသခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် လူမှုကွန်ယက်မှတစ်ဆင့် သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီဝေမျှပေးနေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ကျောင်းသူများ အတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ကျောင်းသားများ ဖမ်းဆီးခံ ထားရသည်မှာ ဒီနေ့ဆိုရင် တစ်ပတ်တိတိပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဆွေမျိုးမိဘများသာမကဘဲ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ပြည်သူများကပါ စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်များစွာကလည်း ဒီကလေးတွေ ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ မေတိုးခိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားများအမြန်ဆုံးပြန်လွတ်နိုင်ရန် ကူညီပေးသူတွေများအား အားသွန်ခွန်စိုက် ကြိုးစားပေးဖို့ တောင်းဆို လိုက်တာပဲ ဖြစ်ပါတယ်။

သူမကလည်း လက်ရှိ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ကိစ္စတွေက သွေးအေးနေကြပြီး ဟာသ memes တွေဘက်သာ စိတ်ရောက်နေကြတာကြောင့် ထိရောက်အောင် ကူညီပေးဖို့ တိုက်တွန်းနေတာပဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကလေးတွေဟာ မိသားစုဝင်များရဲ့ တန်ဖိုးရှိတဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာတွေပဲ ဖြစ်ပြီး အခုလို အနေဆင်းရဲ ၊ အစားဆင်းရဲ ဖြစ်နေမှာကို စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ ကလေးတွေ ဖမ်းဆီးခံထားရသည်မှာ ဒီနေ့နဲ့ဆို ၆ ညအိပ် ၇ ရက်မြောက် ရှိနေပြီပဲ ဖြစ်ပါတယ်။ ကလေးတွေ ကို ကူညီပေးနေတဲ့ သူများလည်း ဒီ့ထက်မက အားသွန်ခွန်စိုက် ကြိုးစားကြပေးဖို့ မေတ္တာရပ်ခံထားတာပဲ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေ အမြန်ဆုံး ပြန်လွတ်နိုင်ရန် Speak Out လေးလုပ်ပေးကြဖို့ တောင်းဆိုလိုက်ပါရစေနော်။

Source and Photo Crd-May Toe Khine’s Facebook Page

zawgyi

သ႐ုပ္ေဆာင္ ေမတိုးခိုင္ ကေတာ့ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူမ်ားနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလတုန္းကေတာ့ လမ္းေပၚထြက္ကာ သူမရဲ႕ ရင္ထဲက ဆႏၵေတြကို ထုတ္ေဖာ္ ျပသခဲ့ေသာ္လည္း အေျခအေနအရပ္ရပ္ေၾကာင့္ လူမႈကြန္ယက္မွတစ္ဆင့္ သတင္းအခ်က္အလက္ေတြကို အခ်ိန္နဲ႔ တစ္ေျပးညီေဝမွ်ေပးေနရတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသား၊ေက်ာင္းသူမ်ား အတြက္လည္း တတ္ႏိုင္တဲ့ဘက္ကေန ကူညီေဆာင္႐ြက္ေပးဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။

ေက်ာင္းသားမ်ား ဖမ္းဆီးခံ ထားရသည္မွာ ဒီေန႔ဆိုရင္ တစ္ပတ္တိတိျပည့္ေျမာက္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ ေဆြမ်ိဳးမိဘမ်ားသာမကဘဲ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၾကတဲ့ ျပည္သူမ်ားကပါ စိတ္ပူေနၾကတာပဲ ျဖစ္ပါတယ္။ အႏုပညာရွင္မ်ားစြာကလည္း ဒီကေလးေတြ ကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတာပဲ ျဖစ္ပါတယ္။ ေမတိုးခိုင္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားမ်ားအျမန္ဆုံးျပန္လြတ္ႏိုင္ရန္ ကူညီေပးသူေတြမ်ားအား အားသြန္ခြန္စိုက္ ႀကိဳးစားေပးဖို႔ ေတာင္းဆို လိုက္တာပဲ ျဖစ္ပါတယ္။

သူမကလည္း လက္ရွိ ေက်ာင္းသားေတြ ျပန္လႊတ္ေပးဖို႔ကိစၥေတြက ေသြးေအးေနၾကၿပီး ဟာသ memes ေတြဘက္သာ စိတ္ေရာက္ေနၾကတာေၾကာင့္ ထိေရာက္ေအာင္ ကူညီေပးဖို႔ တိုက္တြန္းေနတာပဲ ျဖစ္ပါတယ္။ ဖမ္းဆီးခံထားရတဲ့ ကေလးေတြဟာ မိသားစုဝင္မ်ားရဲ႕ တန္ဖိုးရွိတဲ့ သားေကာင္းရတနာ၊ သမီးေကာင္းရတနာေတြပဲ ျဖစ္ၿပီး အခုလို အေနဆင္းရဲ ၊ အစားဆင္းရဲ ျဖစ္ေနမွာကို စိုးရိမ္ေနတာပဲ ျဖစ္ပါတယ္။ ကေလးေတြ ဖမ္းဆီးခံထားရသည္မွာ ဒီေန႔နဲ႔ဆို ၆ ညအိပ္ ၇ ရက္ေျမာက္ ရွိေနၿပီပဲ ျဖစ္ပါတယ္။ ကေလးေတြ ကို ကူညီေပးေနတဲ့ သူမ်ားလည္း ဒီ့ထက္မက အားသြန္ခြန္စိုက္ ႀကိဳးစားၾကေပးဖို႔ ေမတၱာရပ္ခံထားတာပဲ ျဖစ္ပါတယ္။ တန္ဖိုးရွိတဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြ အျမန္ဆုံး ျပန္လြတ္ႏိုင္ရန္ Speak Out ေလးလုပ္ေပးၾကဖို႔ ေတာင္းဆိုလိုက္ပါရေစေနာ္။

Source and Photo Crd-May Toe Khine’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

20 − five =