COVID – 19 အလွန် မြန်မာ့စီးပွားရေး အတွက် အသေးစိတ် သုံးသပ်ချက် နှင့် တိုးတက်လာ နိုင်သော လုပ်ငန်းများ

COVID – 19 အလွန် မြန်မာ့စီးပွားရေး အတွက် အသေးစိတ် သုံးသပ်ချက် နှင့် တိုးတက်လာ နိုင်သော လုပ်ငန်းများ

အခုဆို အလုပ်တွေပြန်ဖွ င့်ကြပြီ၊ ဝန်ထမ်းအင်အား အပြည့်နဲ့ ပြန်လည်ပတ်ကြပြီ၊ ဒါပေမယ့် လူတွေရဲ့ Consumer Spending Power အရမ်းနဲနေသေးတယ်။ အလုပ်တွေက ပြန်လည်ပတ်နေကြပေမယ် ဝယ်လိုအား၊ ရောင်းလိုအား မမျှတဲ့ ပြဿနာ လုပ်ငန်းတော်တော် များများမှာ တွေနေရတယ်။

အခု May လကုန်၊ June လောက်မှာ စီးပွားရေး နဲနဲပြန်ကောင်းလာပေမယ့် လူတွေက ဘာမှန်းမသိတဲ့ အရာတစ်ခုကို ကြောက်ပြီး တစ်ခုခုကို စောင့်နေသလိုမျိုးဖြစ်နေကြတယ်။ (အဲ့တာမျိုးတွေက နောက် တစ်လ၊ နှစ်လ ဆိုတော်သေးတယ်။ တစ်နှစ် လောက်ကြာမယ် ဆိုရင်ရော…)

လုပ်ငန်းတော်တော်များများမှာ ကြော်ငြာ တွေ Promotion တွေ ဖိလုပ်ကြပေမယ့် ရောင်းအားက သိပ်တက်မလာဘူးဖြစ်နေတယ်လို့ အော်နေကြတယ်။ ဒါတွေက အစပဲ ဆိုပေမယ့် ကြာရင် ထိကြမှာ။ ငွေအင်အား မတတ်နိုင်တဲ့ လုပ်ငန်းအသေးလေးတွေ၊ Bank Loan တွေနဲ့ Run နေတဲ့ လုပ်ငန်းတွေ၊ အကြွးတွေ ဝိုင်းနေတဲ့ လုပ်ငန်းတွေဆို ရွာပတ်ပြီလေ။

စီးပွားရေးက နိုင်ငံတစ်ကာထိတယ်ဆိုပင်မဲ့ မြန်မာနိုင်ငံ က 2018~2019 လောက်ထဲက စီးပွားရေးသိပ်မကောင်းကြတော့ အခုဆို ပိုဆိုးတာပေါ့။

(ကျွန်တော့ အမြင်လေးတွေ ပြောကြည့် ပါမယ်…)

SME လောက

စီးပွားရေး ထိပြီ Recession / Depression ဖြစ်ပြီဆိုရင် နိုင်ငံတစ်ကာမှာ လုပ်ငန်းတွေက Online ပေါ်တက်လာကြတယ်။ Great Recession ဖြစ်ခဲတဲ့ 2007-2009 မှာဆိုရင်လဲ ဥပမာတွေအများကြီးရှိခဲတယ်။ လုပ်ငန်းအကြီးစားတွေက ဝန်ထမ်းတွေလျှော၊ ဆိုင်ခွဲတွေလျှောပြီး Online ပေါ်မှာ ဆက် Run လာခဲ့တယ်။ တစ်ဖက်မှာလဲ WhatsApp တို့၊ Groupon တို့၊ Uber တို့လို Online ပေါ်အခြေခံတဲ့ Startup တွေ အဲ့တောအတွင်းမှာ ပေါ်လာခဲ့တယ်။

အခု COVID ကာလမှာလဲ နိုင်ငံတစ်ကာမှာ အပြီး ပိတ်သွားတဲ့ လုပ်ငန်းတွေ သိန်းဂဏန်းရှိတယ်လို့ ပြောကြတယ်။ လုပ်ငန်းတွေ Online ပေါ်ပိုရောက်ကုန်တယ်။ ဒီလထဲမှာဆို ZARA ကဆိုင်ခွဲပေါင် 1200 ကျော်ပိတ်ပြီး Online မှာအာရုံထားမယ် ၊ Starbucks ဆိုရင် ဆိုင် 400 ကျော်ကိုပိတ်ပြီး Pickup ပဲပေးတော့မယ် လုပ်လာပြီ။

မြန်မာနိုင်ငံမှာတော့ နဲနဲထူးဆန်းတယ် Online ပေါ်မှာ Business ကို Run မှာထက် Online မကျတစ်ကျလေးတွေဖြစ်လာတယ်။ (ဥပမာ။ ။ Zoom နဲ့ Meeting လုပ်တယ် ပြီးတော့ အပြင်မှာ ပြန်တွေ့ပြီး Cash နဲ့ ငွေချေတယ် 🙂 ) ထားလိုက်ပါတော့ အနဲနဲ အများတော့ လုပ်ငန်းတွေ Online ရောက်လာ တယ်ပေါ့။ E-Commerce Website တွေ Mobile App တွေလုပ်လာတယ်။

တစ်ကယ်တော့ Online ပေါ်မှာ တွင်တွင်ကျယ်ကျယ်လုပ်နိုင်မှ အပြင်က Operation cost ကို လျှောနိုင်မှာ။ ရိုးရိုး Standalone Software တွေထက် Cloud Application တွေသုံးဖို့လိုလာပြီ။ Data တွေကို စက်တစ်လုံးထဲမှာ ထားမှာထက် Cloud ပေါ်မှာရှိမှ ရုံးကလူတွေ ဘယ်နေရာရောက်ရောက် လှမ်းသုံး လို့ရမှာ etc etc ပေါ့။ မြန်မာပြည်က စီးပွားရေးသမားတွေက အဲ့အပိုင်းတွေဘက် အရမ်းမလှည့်နိုင်သေးဘူး။

Online Shop လောက

နောက်တစ်ခုက COVID အပြီးကာလမှာ FB Online Shop တွေ အများကြီး ပေါ်လာတယ်ဆိုတာ အားလုံးအသိပေါ့။ ဒီလို့လေးတွေပေါ်လာတာ သုံးစွဲသူတွေအတွက်တော့ကောင်းတယ် ဒါပေမယ့် အပြင်မှာ ဆိုင်ဖွင့်ထားတဲ့ဆိုင်တွေ Shopping Mall ထဲက Fashion အကျီဆိုင်တွေတော့ ထိမှာပဲ။ (သူတို့ကိုယ်တိုင်လဲ Online ရောင်းပေမယ့် အိမ်ခန်းထဲ ထိုင်ရောင်းနေတဲ့သူနဲ့ cost ဘယ်ယှဉ်နိုင်မလဲ။)

အခုနောက်ပိုင်းပေါ် လာတဲ့ Online Shop တွေကို ကြည့်ရင် Source ကနေသွင်းဖို့နေနေသာသာ Wholesale အနေယူတာတောင် မဟုတ်တော့ပဲ အချင်းချင်းပြန်လှည့်ယူပြီး Re-sell လုပ်တာတွေ၊ Order ကောင်တာတွေက ပိုများတယ်။

အဲ့တော့ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ ကျမသွားပဲ နောက်ဆုံး ဝယ်တဲ့ Customer လက်ထဲရောက်ရင် ဈေးတွေပိုများသွားတာပေါ့။ (တစ်ကယ့်ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ပြီး ထုတ်လုပ်၊ တင်သွင်း ရောင်းချ ကြတာမဟုတ်ပဲ ဒီပစ္စည်းတွေကိုပဲ လှည့်ရောင်းနေကြတာပြောတာ)။ ကျွန်တော့ Personally စိတ်ထဲ အမြင်ကတော့ အခုပေါ်လာတဲ့ FB Online Shop တွေရဲ့ 30 ~ 50 % ဟာ နောင် ၁ နှစ် ၂ နှစ် အတွင်းမှာရပ်သွားပြီး ကျန်နေတဲ့ အထဲက less than 2% လောက်ကပဲ Strategy ကောင်းရင် အကြီးကြီးအောင်မြင်လာလိုက်မယ် လို့မြင်နေတယ်။

အိမ်ခြံမြေ လောက

အိမ်ခြံမြေ လောက ဆိုရင်လဲ သွေးအေးနေတာကြာနေရတဲ့ ထဲမှာ COVID ကြောင့် တော်တော်ငြိမ်သွားတယ်။ အဝယ်ဈေးကွက်မှာ ဈေးပိုကျမလားဆိုပြီးထိုင်စောင့်နေတဲ့လူတွေက ပိုများတယ်။ Condo တွေ ဆိုရင် 2020 နှစ်ကုန်၊ 2021 ထဲမှာ ပြီးမဲ့တိုက်တွေ အများကြီးပဲ အပြိုင်ရောင်းကြရတော့မယ်။

အငှားဈေးကွက်ကတော့ High-end Rental ဈေးတွေတော်တော် ကျသွားပေမယ့် Low-end ရိုးရိုးတိုက်ခန်းလေးတွေတော့ အရင်အတိုင်းပဲ။ Buy-to-Let (ဝယ်ပြီးပြန်ငှားစားမှာတွေ) Bank အတိုးနှင့်ယှဉ်လိုက်ရင် သိပ်မကိုက်တော့ဘူး။

အိမ်ခြံမြေ လောကမှာ အခုနောက်ပိုင်း ခေတ်စားလာတာတော့ မြေကွက် 40×60 / 60×60 လောက်ထဲမှာ Architect ကောင်းကောင်းရှာ Design အလမ်းနဲ့ အိမ်လှလှလေးတွေဆောက်ပြီးရောင်းတာပဲ။ မြေကို 1000 ပတ်ဝန်းကျင်ရှာဝယ် (မြောက်ဒဂုံလောက်မှာ)၊ 1000~1500 နဲ့ ကန်ထရိုက်အပ်၊ အချိန် ၁ နှစ်လောက်ရင်းရင် 500+ လောက်အသာလေးမြတ်တယ်ဆိုပဲ 🙂

COVID ကြောင့် မြေတွေ၊ တိုက်ခန်းတွေရောင်းရခက်ပေမယ့် ဆောက်ပြီးရောင်းတဲ့ လူတွေအတွက်တော့ COVID ကာလမှာ ဆောက်ထားရင်တော့ အလုပ်ဖြစ်မယ်ထင်တယ်။

စားသောက်ဆိုင် လောက

COVID ကာလမှာ ရောင်စုံ Delivery service တွေက စားသောက်ဆိုင်တွေဖွင့်မရတော့ ကယ်တင် သယောင်ယောင်ရှိပေမယ့် ရောင်စုံ Deli တွေထဲက နာမည်ကြီး Deli ဆိုရင် ဆိုင်ဘက်က 30% အထိယူတယ်၊ ငါနဲ့ မ Join ရင် မင်းစီးပွားပျက်မယ်ဆိုတဲ့ အထာနဲ့ဆိုတော့ အခုအသံတွေထွက်လာပြီ။ အစားအသောက် တစ်ပွဲမှာ 30% အမြတ်တင်ထားတာမဟုတ်ရင် အရင်းထဲကပေးရတော့ ဆိုင်ငှားခတွေ၊ ဝန်ထမ်းဖိုးတွေနဲ့ ရေရှည်မှာတော်တော် struggle လုပ်ရမယ်လို့အော်နေကြတယ်။

Travel & Tour လောက

Travel & Tour လောက ကတော့ 2017 လောက်ကစပြီး 2019 လောက်မှာ မြန်မာပြည်မှာရော နိုင်ငံတကာမှာရော အရမ်း Booming ဖြစ်လာတယ်။ Visa ကင်လွတ်ခွင့်တွေကြောင့်ပါမယ်၊ Social media မှာ ပလူပြန်နေတဲ့ ပုံတွေကြောင့်ပါမယ် လူတွေက ပိုသွားလာကြတယ်။ အခု COVID ထိတော့ ပညာရှင်တွေပြောစကားအရဆိုရင် 2022 ~ 2023 လောက်မှ အရင် 2019 Level လောက်ပြန်ရောက်မှာ။

မသွားမဖြစ်သွားရတဲ့ Business Traveller တွေလောက်ပဲ ဒီနှစ်ထဲ မှာ ပြန်ဖွင့်ရင် သွားကြမှာ။ Normal Traveller တွေကတော့ အချိန်ယူအုံးမယ်လို့ပြောနေကြတယ်။ (ဟုတ်တယ်လေ ခရီးအရမ်းသွားချင်နေပေမဲ့ Risk ယူပြီး Mask တွေအုပ်ပြီး ခရီးမသွားချင်ကြဘူး)။ Local Tour မဟုတ်ပဲ Outbound / Inbound Tour လုပ်တဲ့လူတွေဆို နှစ်နဲ့ချီပြီးထိပြီ။

IT လောက အကြောင်းတော့ မပြောတော့ဘူး 😅😅

အဲ့တော့ စီပွားရေးလုပ်ငန်းတွေ Fully Recovery ပြန်ဖြစ်ဖို့ ဘယ်လောက်စောင့်ရမလဲ ??

တစ်ချို့က စီးပွားရေးက ” V ” shape လိုမျိုး ကျပြီးချက်ချင်းပြန်တက်နိုင်တယ်ဆိုကြတယ်။ တစ်ချို့က ” W ” တစ်ချို့က ” U ” အမျိုးမျိုးပြောကြတယ်။ နိုင်ငံတကာက ပညာရှင်တော်တော်များများရဲ့ Predictions အရဆိုရင် Recovery က ၁ နှစ် ကနေ ၅ နှစ် လောက်ကြာမယ်လို့ မှန်းကြည့်လို့ရတယ်။ (Sector တစ်ခုနဲ့ တစ်ခုတော့ ကွာမှာပေါ့)။

သေချာတာကတော့ အခုအချိန်က စီးပွားရေးကို ကျစ်ကျစ်လစ်လစ်နဲ့ သွက်သွက်လက်လက် သွားရမယ့်အနေအထားလို့ မြင်ပါတယ်။

PS: အပေါ်မှာပြောခဲတာတွေအကုန်လုံးကတော့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေနဲ့ ပြောနေတဲ့ အပေါ်အခြေခံပြီး ကျွန်တော်သုံးသတ်ကြည့်တာပါ။ မှားကောင်းမှားနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ မည်သည့်စီးပွားရေးကိုမှလဲ ထိခိုက်လို စိတ်မရှိပါ။

Kyaw Thura(ygnKK)
လေးစားစွာဖြင့် ခရစ်ဒက် ……Kyaw Thura (ygnKK)
14/06/2020

Add a Comment

Your email address will not be published. Required fields are marked *

11 − 3 =