ပရိသတ်တွေ စိတ်မပူစေဖို့ လုံခြုံစိတ်ချတဲ့ နေရာမှာ ရှိနေ ကြောင်း Stylist တစ်ဦး မှ ရိုက်ကူးထားတဲ့ ဒေါင်း ရဲ့ ဗီဒီယိုဖိုင်

သရုပ်ဆောင် မင်းသား ဒေါင်းကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် မှုတွေကြောင့် ပရိသတ်တွေရဲ့အထူးနှစ်သက်အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူကတော့ ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတာလည်း ဖြစ်ပါတယ်။ သူရောက်ရှိနေတဲ့ နေရာကနေလည်း လူထု လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပါဝင်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒေါင်းကတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူငွေတွေ လှူဒါန်းပေး နေတာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေအတွက် လူမှုကွန်ယက်များမှတစ်ဆင့် Speak out လုပ်ပေးနေတာကိုလည်း မြင်တွေ့နေရတာပါ။ အခုလို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတဲ့ ဒေါင်းရဲ့လုံခြုံမှုအတွက် ပရိသတ်တွေက အထူးစိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။

​လတ်တလော ဒေါင်းရဲ့လုံခြံမှုအတွက်ကတော့ စိတ်ပူစရာမလိုပါဘူးနော်။ ပရိသတ်တွေ စိုးရိမ်နေမှာသိတဲ့ အတွက်လည်း Stylist တစ်ယောက်က သူ့ရဲ့ Instagram Story မှာ ဒေါင်းရဲ့ဗီဒီယိုဖိုင်တစ်ခုကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လုံခြုံရေးအခြေအနေကြောင့် ဘယ်နေရာရောက်နေတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် အခုလို အေးချမ်းစွာနဲ့ ရှိနေတာကို မြင်တွေ့လိုက်ရတာကြောင့် အနည်းငယ်တော့ သူ့အတွက် စိုးရိမ်နေတာတွေ လျော့ကြသွားစေမှာပါ။ ဒေါင်းကို စိတ်ပူနေကြတဲ့ ပြည်သူတွေ စိတ်ချမ်းသာသွားအောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Daung’s Facebook page and Photo Crd-Original Uploader

Add a Comment

Your email address will not be published. Required fields are marked *

twenty − 18 =