အခက်အခဲ အတားအဆီးတွေ ရှိနေပေမယ့်လည်း တောင်ဥက္ကလာ လူထုလှုပ်ရှားမှုမှာ ပါ၀င်အားဖြည့်နေကြတဲ့ ဘုန်းဆက်သွင်၊ ပိုပို ၊ မိစန္ဒီ နဲ့ လိမ္မော်သီး

လတ်တလောမြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို ပြည်သူလူထုအနေ နဲ့ သိမြင်ကြပြီး ဖြစ်မယ်ထင်ပါတယ်….။ အခုလို ဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်ကြောင့်လည်း ပြည်သူတွေဘက်ကနေ တတ်နိုင်သရွေ့ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပြီး အနုပညာရှင်တွေက လည်း တတ်နိုင်တဲ့ ဘက်ကနေ ပါ၀င်အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေမှာ ဆိုရင် အနုပညာရှင်တော်တော် များများဟာ ပြည်သူတစ်ယောက်အနေ နဲ့တက်ကြွစွာပါ၀င်နေကြသလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သရွေ့ အားဖြည့်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခုလို လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်ပိုင်းကစကာ တက်ကြွစွာနဲ့ပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာ ဆိုရင် ဘုန်းဆက်သွင်၊ ပိုပို၊မိစန္ဒီနဲ့ လိမ္မော်သီး တို့လည်း အပါအ၀င်ဖြစ်ပါတယ်နော်….။

အခုလိုအခက်အခဲတွေကြားကနေ ရဲရင့်စွာနဲ့ပါ၀င်နေကြတဲ့ သူတို့ရဲ့ပုံရိပ်တွေကို ဘုန်းဆက်သွင် ဟာ သူရဲ့ Facebook စာမျက်နှာမှာ “ယနေ့ တောင်ဥက္ကလာ ပဒေသာ ထိုင် သပိတ် အထိခိုက် မရှိ ခွေးဆွဲ မခံရဘဲ ၂:၀၀ တွင် အောင်မြင်စွာ ပီးဆုံး ခဲ့ပါသည် ….” ဆိုပြီးရေးသားမျှဝေထားပါတယ်။ ကဲ….ပရိသတ်တွေအတွက်လည်း ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။

PhoneSett Thwin’s Facebook acc

zawgyi




သတင်းအရင်းမြစ်: PhoneSett Thwin’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

nineteen − 2 =