ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ကို ဝေဖန်သူ တစ်ချို့က အာဇာနည်လို့မခေါ်ထိုက်ဘူးပြောနေတာကြောင့် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တဲ့ ယွန်းယွန်း

မနေ့ကတော့ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေ ရရှိကြတဲ့အပြင် ကျဆုံးမှုတွေပါ ရှိနေခဲ့ပါတယ်။ မနေ့ညက မြန်မာပြည်သူပြည်သားတွေဟာ လူထုလှုပ်ရှားမှု ပြုလုပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင်မီးတွေ များစွာထွန်းပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ သရုပ်ဆောင်ယွန်းယွန်းက ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ လူငယ် တစ်ယောက်ဖြစ်တာနဲ့အညီ တက်တက် ကြွကြွနဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယွန်းယွန်းတစ်ယောက်ကတော့ မနေ့ကနွေဦးတော်လှန်ရေးဆင်နွှဲကြရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။ သူမက ယခုမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဝေဖန်သူတစ်ချို့က အာဇာနည်လို့မခေါ်ထိုက်ဘူးပြောနေတာကြောင့် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

သူမကတော့ ” ပြောထွက်တဲ့သူတွေကပြောရက်သေးတယ် ထွက်ပြေး ကြရင်းအသက်ပေးလိုက်ရလို့ “အာဇာနည်” လို့မခေါ်ထိုက်ဘူးတဲ့.. တကယ်တော့ အသက်ဆုံးရှုံးရနိုင်မှန်းသိသိရက်နဲ့ နိုင်ငံ့အရေးအတွက် အိမ်ကထွက်လာကတည်းက အာဇာနည်ဖြစ်ခဲ့ပြီးသားပါ “ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးရန်အသွယ်သွယ်မှာ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: Yoon Yoon ‘ s Facebook Acc

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

6 + one =