ဘက္စ္ကား မစီးခ်င္သူေတြအတြက္ အဆင္ေျပေအာင္ ခရီးေဝးရထား ႏွင့္ ၿမိဳ႕ပတ္ရထားမ်ား ဇြန္ ၁၆ရက္ မွ စတင္ကာ အစီးေရ တိုးခ်ဲ႕ ေျပးဆြဲမည္ဟု ျမန္မာမီးရထားမွ ေၾကာ္ျငာ

ဘက္စ္ကား မစီးခ်င္သူေတြအတြက္ အဆင္ေျပေအာင္ ခရီးေဝးရထား ႏွင့္ ၿမိဳ႕ပတ္ရထားမ်ား ဇြန္ ၁၆ရက္ မွ စတင္ကာ အစီးေရ တိုးခ်ဲ႕ ေျပးဆြဲမည္ဟု ျမန္မာမီးရထားမွ ေၾကာ္ျငာ

ခရီးေဝးရထားႏွင့္ ၿမိဳ႕ပတ္ရထားမ်ား ဇြန္ ၁၆ရက္မွ စတင္ကာ အစီးေရ တိုးခ်ဲ႕ေျပးဆြဲမည္ ဟု ျမန္မာမီးရထားမွ ေၾကာ္ျငာ

ခရီးေဝးရထားမ်ား ႏွင့္ ရန္ကုန္ၿမိဳ႕ပတ္ရထားမ်ားကို ဇြန္ ၁၆ရက္မွ စတင္ကာ အစီးေရ တိုးခ်ဲ႕ ေျပးဆြဲသြားမည္ ျဖစ္ ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။ ျမန္မာ့မီးရထား အေနျဖင့္ ရထားစီး ခရီးသည္မ်ား အဆင္ ေျပေစေရးႏွင့္ Covid-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ရည္႐ြယ္၍ အထက္အႀကီးအကဲမ်ား၏ လမ္း ၫႊန္ခ်က္အရ ယင္းသို႔ တိုးခ်ဲ႕ ေျပးဆြဲေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္ရွိေျပးဆြဲလ်က္ရွိေသာ ရထားမ်ား အျပင္ ထပ္မံ တိုးခ်ဲ႕ေျပးဆြဲေပးမည့္ ရထားမ်ားမွာ ခရီးေဝးရထားမ်ားျဖစ္ၾကသည့္ ရန္ကုန္ – မႏၲေလးလမ္းပိုင္းရွိ အမွတ္၅အဆန္ရထား၊အမွတ္၆အစုန္ရထား ၊ ရန္ကုန္ – ေမာ္လၿမိဳင္လမ္းပိုင္းရွိ အမွတ္ ၈၁အဆန္ရထားႏွင့္ အမွတ္၈၂အစုန္ရထား ၊ ရန္ကုန္ – ျပည္လမ္း ပိုင္းရွိ အမွတ္ရ၁အဆန္ရထားႏွင့္ အမွတ္ ၇၂အစုန္ရထား ၊ မႏၲေလး – ျမစ္ႀကီးနား လမ္းပိုင္းရွိ အမွတ္ ၅၇အဆန္ရထားႏွင့္ အမွတ္ ၅၈အစုန္ရထားတို႔ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ရန္ကုန္ၿမိဳ႕ပတ္လမ္းပိုင္းရွိ မနက္ပိုင္း ႏွင့္ည ေနပိုင္း ႐ုံးခ်ိန္ရထားမ်ားတြင္ ခရီးသည္စီးနင္းမႈ မ်ားျပားသည့္အတြက္ ရန္ကုန္-အင္းစိန္ၾကား၊ ရန္ကုန္ – ပု ႐ြက္ဆိတ္ကုန္းၾကားႏွင့္ ရန္ကုန္ – တိုးေၾကာင္ကေလးၾကားတို႔တြင္ မနက္ပိုင္းႏွင့္ညေနပိုင္း အခ်ိန္မ်ား၌ အစုန္အဆန္ရထားတစ္စီးစီ တိုးခ်ဲ႕ေျပးဆြဲ ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ ၿမိဳ႕ပတ္ ရထားအခ်ိန္စာရင္း အေသးစိတ္ ကို သက္ဆိုင္ရာဘူတာ မ်ားတြင္ ေၾကျငာေပးထားမည္ ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ……News Watch

unicode

ဘက်စ်ကား မစီးချင်သူတွေအတွက် အဆင်ပြေအောင် ခရီးဝေးရထား နှင့် မြို့ပတ်ရထားများ ဇွန် ၁၆ရက် မှ စတင်ကာ အစီးရေ တိုးချဲ့ ပြေးဆွဲမည်ဟု မြန်မာမီးရထားမှ ကြော်ငြာ

ခရီးဝေးရထားနှင့် မြို့ပတ်ရထားများ ဇွန် ၁၆ရက်မှ စတင်ကာ အစီးရေ တိုးချဲ့ပြေးဆွဲမည် ဟု မြန်မာမီးရထားမှ ကြော်ငြာ

ခရီးဝေးရထားများ နှင့် ရန်ကုန်မြို့ပတ်ရထားများကို ဇွန် ၁၆ရက်မှ စတင်ကာ အစီးရေ တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ မြန်မာ့မီးရထား အနေဖြင့် ရထားစီး ခရီးသည်များ အဆင် ပြေစေရေးနှင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ အထက်အကြီးအကဲများ၏ လမ်း ညွှန်ချက်အရ ယင်းသို့ တိုးချဲ့ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲလျက်ရှိသော ရထားများ အပြင် ထပ်မံ တိုးချဲ့ပြေးဆွဲပေးမည့် ရထားများမှာ ခရီးဝေးရထားများဖြစ်ကြသည့် ရန်ကုန် – မန္တလေးလမ်းပိုင်းရှိ အမှတ်၅အဆန်ရထား၊အမှတ်၆အစုန်ရထား ၊ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းရှိ အမှတ် ၈၁အဆန်ရထားနှင့် အမှတ်၈၂အစုန်ရထား ၊ ရန်ကုန် – ပြည်လမ်း ပိုင်းရှိ အမှတ်ရ၁အဆန်ရထားနှင့် အမှတ် ၇၂အစုန်ရထား ၊ မန္တလေး – မြစ်ကြီးနား လမ်းပိုင်းရှိ အမှတ် ၅၇အဆန်ရထားနှင့် အမှတ် ၅၈အစုန်ရထားတို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ မနက်ပိုင်း နှင့်ည နေပိုင်း ရုံးချိန်ရထားများတွင် ခရီးသည်စီးနင်းမှု များပြားသည့်အတွက် ရန်ကုန်-အင်းစိန်ကြား၊ ရန်ကုန် – ပု ရွက်ဆိတ်ကုန်းကြားနှင့် ရန်ကုန် – တိုးကြောင်ကလေးကြားတို့တွင် မနက်ပိုင်းနှင့်ညနေပိုင်း အချိန်များ၌ အစုန်အဆန်ရထားတစ်စီးစီ တိုးချဲ့ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြို့ပတ် ရထားအချိန်စာရင်း အသေးစိတ် ကို သက်ဆိုင်ရာဘူတာ များတွင် ကြေငြာပေးထားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် ……News Watch

Add a Comment

Your email address will not be published. Required fields are marked *

4 × two =