လာဖမ်းတဲ့ နေ့က သည်းထိပ်ရင်ဖိုစရာ အကြောင်းတွေ ပြောပြလာတဲ့ “ပိုင်တံခွန်”

လာဖမ်းတဲ့နေ့က သည်းထိပ်ရင်ဖိုစရာအကြောင်းတွေပြောပြလာတဲ့ သရုပ်ဆောင် ပိုင်တံခွန်ပိုင်တံခွန်ဟာ မော်ဒယ်လောကမှာရောသရုပ်ဆောင်လောကမှာပါ နိုင်ငံရပ်ခြားအထိနာမည်တစ်ဟုန်ထိုးတိုးတက်လာတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အနာဂတ်ကောင်းကောင်းရှိတာတောင် ပြည်သူတွေဘက်ကနေ ယနေ့ထိပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့လို့ အာဏာသိမ်းကောင်စီရဲ့အလိုရှိဆုံးစာရင်းထဲမှာပါပီး လက်ရှိမှာတိမ်းရှောင်နေရပါတယ်၊ သူ့ကိုလာဖမ်းတဲ့နေက ကံကောင်းလို့လွတ်သွားတာဆိုပီး သူ့အကြောင်းတွေကိုအခုလိုဘဲရင်ဖွင့်လာခဲ့ပါတယ်၊

“အာ့နေ့ကကျနော့်ကိုလာဖမ်းမယ်ဆိုတာကျနော်မသိသေးဖူး၊ ကံကောင်းလို့ကပ်လွတ်သွားလို့သာ အဖမ်းမခံရတာ၊ လာဖမ်းတဲ့လူတွေက စစ်သားတွေရော၊ အရပ်ဝတ်တွေနဲ့ပါရော အယောက်၂၀ကျော်တယ်၊ ရဲကား၃စီးနှင့် အိမ်စီး စလွန်းအမျိုးစားနဲ့တစ်စီး၊ အားလုံးပေါင်း ၄ စီးနဲ့လာတာ၊ စစ်သားတိုင်းမှာ မောင်းပြန်သေနတ်တွေနဲ့ စလွန်းတစ်စီးပေါ်ကလူတွေကတော့အကြီးကဲတွေနဲ့သူတို့ခန့်ထားတဲ့ရပ်ကွက်လူကြီးပါပါတယ်၊ ခြံရှေ့ကနေအော်တယ်ပေါ့နော် တံခါးဖွင့်ပေးဖို့အတွက်၊ ဖေကြီးနဲ့ညီလေးက ထွက်ပီးဘာကိစ္စလဲမေးတော့ ကျနော့်ကိုလာခေါ်တာဖြစ်ကြောင်းပြောတယ်ပေါ့နော်၊

ပုဒ်မကတော့ ၅၀၅/ခနဲ့ တစ်ခြားပုဒ်မတွေလည်းတပ်ထားတာအများကြီးဘဲ၊ ကျနော်က အာ့နေ့ ဆန္ဒပြပီးပြန်လာတာပင်ပန်းလို့နားနေတာ၊ ညဘက် ၇နာရီလောက်ရှိမယ်၊ သူတို့လာရှာတော့အိမ်မှာဘဲ ရှိသေးတယ်၊ သူတို့ကတံခါးကို အသာတကြည်ဖွင့်ပေး၊ မဖွင့်ပေးရင် ဖျက်ပီးဝင်လာမှာလို့ လေသံမာမာနဲ့ပြောတယ်ဗျာ၊ ကံကောင်းတာက သူတို့ကိုလမ်းထိပ်က ဝင်လာတည်းက လမ်းထဲက လူတွေကခွေးတွေလာပီလို့ အော်လိုက်တော့ ကျနော်တို့အတွက်အချိန်ပိုရသလိုဖြစ်သွားတယ်၊ ကျနော်တို့အိမ်မှာ အိမ်အဟောင်းကို မွန်းမံထားတဲ့အိမ်မျိုးပေါ့နော်၊

အခန်းတစ်ခုရဲ့ အပေါ်မှာအပေါက်လေး တစ်ခုနဲ့ ထပ်ခိုးအသေးလေးပါတယ်၊ အာ့တာ အိမ်ပြင်တော့ ဖေကြီးကအာ့တာလေးကိုအရေးကြောင်းတစ်ခုခုဆိုသုံးလို့ရအောင် မျက်နှာကျက် အရောင်နဲ့တံခါးအရောင်ကိုဆေးတူတူသုတ်ထားတာ၊ အာ့တာအောက်ကနေ မလိုက်ရင် အပေါ်ကိုတက်ပီးပုန်းလို့ရတာကျနော်တို့ဘဲသိတယ်၊ ကျနော်အာ့ပေါ်တက်ပုန်း နေလိုက်တယ်၊ အသက်တောင်ပြင်းပြင်းမရှုရဲတော့ဖူး၊ သူတို့တစ်အိမ်လုံး အခန်းတွေထဲဝင်ပီးရှာတယ်၊ ဗီဒိုတွေလည်းဖွင့်တယ်၊ အကုန်မွေနှောက်သွားတယ်၊

၁၅ မိနစ်လောက်စိတ်တိုင်းကျမွှေနှောက်ပီးသူတို့ထွက်သွားတယ်၊ သူတို့ ထွက်သွားပီးသိပ်မကြာဖူး၊ အိမ်နားမှာ အရပ်ဝတ်နဲ့ ဟိုယောင်ဒီယောင် ၃ယောက် လောက်ကျန်နေခဲ့သေးတယ်၊ သူတို့ သတင်းအတိအကျရပီးလာတာ၊ ဒီရောက်တော့ကျနော့်ကို မတွေ့တော့သူတို့မကျေနပ်ဖူး၊ ယုံလည်းမယုံလို့အိမ်နားမှာ သူတို့စောင့်ကြည့်နေတာအာ့ တစ်ညလုံး၊ အာ့တာနဲ့ကျနော်တို့ ဘေးခြံကို ဖုန်းဆက်ပီး အကူညီတစ်ခုတောင်းလိုက်တယ်၊ ခြံခြင်းက ကပ်နေတော့ သူတို့အလစ်မှာ ပြတင်းပေါက်ကနေ ဟိုဘက်ခြံထဲကို ခုန်ချလိုက်တယ်၊ ၂လွာကနေ ခုန်ချတာဆိုတော့ ကျနော်ခြေထောက်ခေါက်သွားတယ်၊

အာ့ အိမ်ကနေ သူတို့ ကားနဲ့ကျနော့်ကိုခေါ်ထုတ် သွားပေးလို့ ကျနော် လွတ်သွားတာပါ။ သူတို့ကျနော့်ဖုန်းဆင်းကဒ်ကိုလည်း ထောက်လှမ်းမှာဆိုးလို့ တော်လှန်ရေးလုပ်ကတည်းက မသုံးတော့တာပါ၊ အခုတော့ တခြားနံပတ်တစ်ခုကို ကိုင်ထားပါတယ်၊ အခုတော့ လုံခြုံစိတ်ချရဲ့တဲ့နေရာမှာ ရှိနေပါတယ်၊ စိတ်ပူပီး ချစ်ပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်၊ အခုအကြောင်းတွေကိုလည်းအများသိအောင်ဝေမျှပေးပါခင်ဗျာ၊အရေးတော်ပုံအောင်ရမည်”ဆိုပီးပြောပြသွားခဲ့ပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *

fifteen − twelve =