ကြွေလွင့် သွားတဲ့ အနယ်နယ် အရပ်ရပ်က သူရဲကောင်းအတွက် ရင်တွေကွဲအောင်ခံစားနေရပြီး တောင်းဆိုစကားလေး ဆိုလိုက်တဲ့ G-Fatt

ပရိသတ်ကြီးရေ.. အဆိုတော် G-Fatt ကတော့ အနုပညာလောကမှာ အမိုက်စားသီချင်းကောင်းတွေနဲ့ လူငယ်ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး အောင်မြင်စွာ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်..။ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတစ်ယောက်အနေနဲ့ကျရာတာဝန်ကို ထမ်းဆောင်နေပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေသူပါပဲ..။

လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ကိုယ်ကျပါဝင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတဲ့ G-Fatt ဟာ တော်လှန်ရေးအရေးတော်ပုံကြီးမှာ အသက်ပေးကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေး ပြောလာပါတယ်..။ ကြွေလွင့်သွားတဲ့ အနယ်နယ် အရပ်ရပ်ကသူရဲကောင်းအတွက် ရင်တွေကွဲအောင်ခံစားနေရပြီး တန်ဖိုးထားရတဲ့ပြည်သူတွေရဲ့အသက်တွေအတွက် သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တောင်းဆိုစကားလေးဆိုလိုက်တာပဲ ဖြစ်ပါတယ်..။

“ငါတစ်ယောက်မထွက်ရင် ငါ့လို လူတွေ များသွားမှာ စိုးလို့တဲ့” လား အကိုရာ အစ်ကို့မိန်းမနဲ့ ကလေး ၂ယောက် မိသားစုဝင်တွေသူငယ်ချင်းတွေနဲ့ထပ်တူထပ်မျှ ကျွန်တော်တို့ ရင်ကွဲရတော့တာပါပဲ ဒီနေ့ မြိုင် ရော မန်းလေးရော ပဲခူး မလိုင်မှာရော နိုင်ငံအနှံ့က တန်ဖိုးရှိတဲ့အသက်တွေ ပေးလိုက်ရတယ် လူ့အသက်တွေကို အလွယ်လေးပစ်သတ်နေတာတွေရပ်ပေးကြပါတော့ ..” ဆိုပြီး စိတ်မကောင်းစွာ ရေးသားပြောထားတာပါ..။ ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက် ပရိသတ်တွေကလည်း G-Fatt နဲ့အတူ စိတ်မကောင်းရတဲ့အကြောင်းလေးတွေ ကိုလည်း Comment လေးတွေမှာ အသီးသီးမှတ်ချက်လေးတွေ ပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – G-Fatt’s Fb Acc

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

four + nineteen =