နွေဦးတော်လှန်ရေး နှင့် အတူ ကမ္ဘာကြီးကို လွှမ်းမိုး သွားတဲ့ မြန်မာ့ G – XYZ ဟီးရိုး များ

အရင်တုန်းက ဆို မြန်မာ လို့ Google မှာ ရှာ လိုက်ရင်

ဘင်တွေ အကြောင်း ဘဲ ‌ထင်း ကနဲပေါ်လာပြီး

ကမ္ဘာ့နိုင်ငံ အသီးသီး က ဘင်ပြဿနာနဲ့ပဲ တွဲနား လည်တဲ့ အနေအထားပေါ့။

ဘင်တွေက

ကမ္ဘာကြီးရဲ့ သနားမှု ကို မျက်ရည်နဲ့ ချူ သွား ခဲ့တယ်။သနားခြင်းဆိုတာ ရည်ရှည်တည်ဆောက် လို့ မဖြစ်နိုင်တော့ အမြဲ Update လုပ်နေရတယ်။

ခုဆို ပြည်ပ က လူတွေတောင် မေ့နေကြပြီ။

ဒါပေမယ့်

ခု မြန်မာပြည်ရဲ့ G-Z တွေ က တကမ္ဘာ လုံးက G-Z တွေ ကို အကောင်းဆုံး လှုံ့ဆော် နိုင်ခဲ့ တယ်။

တခြားနိုင်ငံက G-Z တွေ XY တွေ ပါ အံ့ဩ အားကျ သွားကြတယ်။

မြန်မာပြည်က ဆန္ဒပြ ပွဲတွေက သူတို့ အတွက်

ကွီးရား ဇတ်လမ်းတွဲ ထက် ပို ဆွဲဆောင် နိုင်စွမ်း ရှိနေတယ်။

တစ်လကျော် အကြာအထိ တောင့်ခံနိုင်စွမ်းရှိတဲ့ မြန်မာ့ သပိတ်ကို လည်း လက်ဖျားခါ ချီးကျူးကြတယ်။

ဆန္ဒပြသူတိုင်း လက်မောင်းမှာ ဖုန်းနံပါတ်၊သွေးအမျိုးအစား ရေးထားပြီး အသေခံ ဆန္ဒ ပြနေတာ ကမ္ဘာ့သမိုင်း၊

ကမ္ဘာ့ လူငယ်တွေရဲ့ သမိုင်း မှာ အရမ်း ဆန်းသစ် တဲ့ အမြင်ကို ဖြစ်စေတယ်။

အခုဆိုရင်

ကမ္ဘာ့နိုင်ငံအသီးသီးက Gen.XY နဲ့ Z တွေက

သူတို့ မနက် မိုးလင်းတာနဲ့ သူတို့ ဖုန်းတွေ ထဲက

တွစ်တွေ ပွတ်ကြတယ်။

သူတို့ စိတ်ထဲ အဲ့တာက အောက်ဖဲချပ်ကိုပွတ်ပြီး

တဖြေးဖြေးကြည့်ရတာထက် ပြင်းထန်တဲ့ ခံစားချက်ကို ဖြစ်စေတယ်။

မြန်မာပြည်မှာ ဒီနေ့ ဆန္ဒ ပြ မှ ပြနိုင်သေး ရဲ့ လား ?

စစ်တပ်က ရက်စက်လွန်းလို့ အရှုံးပေး လိုက်ပြီလား ?

ဒီနေ့ရော စစ်တပ်ဖြိုခွင်း မှုကို ဘယ်လို အကြမ်း မဖက် တဲ့ နည်းနဲ့ ရင်ဆိုင်ကြ သလဲ ?

စစ်တပ်ရဲ့ အကြမ်းဖက်မှု ကြောင့် ဘယ်လောက် သေခဲ့ လည်း ?

စတဲ့

တထိတ်ထိတ်စိတ်တွေ နဲ့ ဖုန်းကို ပွတ်ပြီး။သူတို့ ရဲ့ တနေ့တာကို မျက်နှာသစ် တဲ့ ဓလေ့ ဖြစ်လာ နေပါပြီ။

သူတို့ ဓလေ့လိုဖြစ်လာတော့ TV တွေကလည်း မြန်မာအကြောင်း တနေ့ သုံးခါ လောက်တင်ပေး လာကြပါတယ်။

မနေ့ကဆို CNN လိုကမ္ဘာကျော်သတင်းဌာနကြီးက

ခဏ ခဏတောင်တင်နေသေး တယ်။

ပြောချင်တာက

အကယ်၍သာ မြန်မာပြည်သားတယောက် ပြည်ပမှာ ရှိနေပါရင်၊ သူဟာ မြန်မာတယောက်လို့ ဘေးက လူတယောက်ယောက်က သိသွားပါရင်

သူ့ရဲ့လက်ကို လာဆွဲ၊နူတ်ဆက်ကြပါလိမ့်မယ်။

ပြီးရင် ၊ဒီနေ့ရော မြန်မာပြည်က လူတွေ တောင့်ခံနိုင်တုန်းဘဲလား မေး လိမ့်မယ်။

တောင့်ခံနိုင်တယ်လို့ ဖြေခဲ့ရင် အဲ့အတွက် သူဂုဏ်ယူပါကြောင်း၊ မြန်မာပြည်သူတွေနဲ့ ထပ်တူရှိပါကြောင်း ပြောကြားပါလိမ့်မယ်။

ခုသေဆုံးသူတွေ၊အဖမ်းခံရသူတွေ၊ဒဏ်ရာ ရသူတွေ၊ ဆက်လက် တိုက်ပွဲ ဝင်နေသူတွေ အားလုံးကို ဦးညွှတ် ဂုဏ်ပြုပါရစေ။

ခု ခင်ဗျားတို့ ဟာ

မြန်မာပြည်ရဲ့ ကြယ် အဆင့် မဟုတ်တော့ပါဘူး။

ကမ္ဘာ့ လူငယ် လူကြီးတွေ ရဲ့ ကြယ်တွေ ဖြစ်နေပါပြီ။

သူတို့တွေ အတွက်၊ဘယ်တော့မှ အရှုံးမပေးတဲ့

အထင်ကြီးလေးစားအားကျလောက်တဲ့

*ဟီးရိုးလိုဂို* ဖြစ်နေပါပြီ။

‌ဆက်လက်ပြီး တောင့်ထားကြပါ။

ကျဆုံးမှု မရှိပဲရှင်သန်ကြပါ။

အရှုံးမရှိဘဲ အဆုံးအထိ ဆက်သွား ကြပါစို့။

အရေးတော်ပုံအောင်ရမည်။

celeupdatenews

Add a Comment

Your email address will not be published. Required fields are marked *

8 − seven =