သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှု အပေါ် အနုပညာ ရှင် များရဲ့ ဝမ်းနည်း စကား

သရုပ်ဆောင် အကယ်ဒမီ ဇင်မာဦးရဲ့ ဈာပန ကို ယနေ့၊ မတ်လ ၁၂ ရက်နေ့၊ မနက် ၁၁ နာရီအချိန်၊ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြု လု ပ်ခဲ့ပါတယ်။ မင်းသမီး ဇင်မာဦးရဲ့ နောက်ဆုံးခရီးသို့ မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေများနဲ့ အနုပညာ လောကသားအချို့ လိုက်လံ ပို့ ဆောင်ပေးခဲ့ ကြပါတယ်။

သရုပ်ဆောင် သီဟတင်စိုးရဲ့ဇနီး၊ မင်းသမီး ဇင်မာဦး ဟာ မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် ရောဂါများနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်အချို့က လူမှုကွန်ရက်မှာ အခုလိုပဲ ဝမ်းနည်းစကားများ ဆိုထားကြပါတယ်။

ရန်အောင်

“ဇင်မာဦး ဆုံးပါးသွားပြီလို့ ဖတ်လိုက်ရတယ်။ စိတ်ထိခိုက် ကြေကွဲ ရပြန်ပြီ။ အရမ်း စိတ်ထိခိုက်တယ်။ ထပ်တူ ခံစားရတယ်။ (ဇင်မာဦး) ညီမလေး ကောင်းရာဘုံဘဝသို့ အေးချမ်းစွာ ရောက်ရှိပါစေ”

စိုးမိုးကြည်

“ညီမဖြစ်သူ အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး မတ်လ ၁၁ ရက်နေ့၊ အောင်ရတနာဆေးရုံ မှာ ကွယ်လွန်သွားပါတယ်။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ ကောင်းရာ ဘုံဘဝသို့ ရောက်ပါစေ ညီမရေ”

ခင်ဇာခြည်ကျော်

“အကယ်ဒမီ မဇင်မာဦး ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲမိပါတယ်။ ထပ်တူ ဝမ်းနည်း ရပါတယ်။ မဇင်မာ ကောင်းရာ ဘုံ ဘဝသို့ ရောက်ပါစေ”

ဥက္ကာမင်းမောင်

“အကယ်ဒမီ မဇင်မာဦး ဘဝတပါး ကူးပြောင်းသွားတဲ့ အတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ လူချင်းမခင်ပေမယ့် က လေးဘဝက “သီတာခုနစ်တန်” ဇာတ်ကားကစလို့ တခြား သူ့ဇာတ်ကားတွေ ကြည့်ပြီး မဇင်မာဦး ပရိသတ် ဖြစ်ဖူးတယ်။ သူအကယ်ဒမီ ရတုန်းကလည်း တီဗီမှာ ကြည့်ဖူးတယ်။ ဇာတ်ကားတွေ မရိုက်တော့ သူ့အနုပညာတွေ နှမြောနေတာ။ သူ့အသုဘပုံတွေ ကြည့်ပြီး စိတ်မ ကောင်းပါဘူး။ ကောင်းရာသုဂတိလားပါစေ”

ဆောင်းအိန္ဒြေထွန်း

“အစ်ကို သီဟတင်စိုးရေ အစ်မအ တွက် ထပ်တူ ဝမ်းနည်းရပါတယ်။ အပြင်မှာ မဆုံဖူးပေမယ် “သီတာ ခုနှစ်တန်” ကားမှာ ၂ ကိုယ်ခွဲ သရုပ် ဆောင်တာ အရမ်းအားကျခဲ့ရသော အနုပညာရှင်၊ အစ်မ ဇင်မာဦး ကောင်းတဲ့ ဘုံဘဝ ရောက်ပါစေ”

သရုပ်ဆောင် ဇင်မာဦးဟာ တခေတ် တခါက နာမည်ကျော် ကြားခဲ့တဲ့ မင်းသမီးတလက် ဖြစ်ပြီး၊ ၁၉၉၃ ခုနှစ်က “သီတာခုနှစ်တန်” ရုပ်ရှင် ကား နဲ့ အကယ်ဒမီဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဇင်မာဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ သားတဦးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

one × four =