တော်လှန်းရေး က ရဲရင့်လွန်း တဲ့ (၈) နှစ်အရွယ် G-Alpha လေး

ကျွန်တော်တို့သပိတ်မှာ အမြဲလိုလို အသက် ၈ နှစ်လောက်ပဲရှိသေးတဲ့ ကလေးမတစ်ယောက်တွေ့ရတယ်။

တော်တော်အားကိုးရတယ်။ ရှေ့တန်းထိ တက်တက် ပြေးပြီးသတင်းတွေယူပေးတယ်။

ဒိုင်းသမားတွေခွါပြီဆို သူကအရေးကြီးပစ္စည်းတွေ လော်စပီကာတွေ အလံတွေကို

ရသလောက်ကောက်ယူပြီးပြေးပြေးလာစုတယ်။

မနက်ဆိုလည်းအစောကြီးပတ်ပီးဘယ်နားမှာခွေးဘယ်ကောင်ရှိလဲဆိုပီးလိုက်ကြည့်ပေးတယ်။

ပုံစံက မာရေကြောရေနဲ့ ။

မျက်နှာပေါ်မှာ သူ့ဖာသူ ယုံကြည်မှုကအပြည့်။

ကဆံပင်က ဘဲတောင်လိုအပေါ်ကလှန်လို့။

နင့်ခေါင်းက ဘယ်လိုဖြစ်နေရတာတုန်းလို့လှမ်းမေးတော့ သမီးဒီနေ့ ခေါင်းလျှော်လာတယ်ဆီမလူးခဲ့လို့တဲ့ပြန်ဖြေတယ်။

တော်တော်ကိုရဲရဲရင့်ရင့်သွက်သွက်လက်လက်ပဲ။

နားတဲ့အချိန်ထမင်းစားပြီးပြီလားမေးတော့မစားသေးဘူးတဲ့။

လာ ငါမုန့်လိုက်ဝယ်ကျွေးမယ်ပြောတော့ ရှေ့တန်းကဒိုင်းကိုင်တဲ့အကိုကြီးတွေကိုကျွေးတဲ့၊သမီးကမဆာဘူးတဲ့။

သူတို့ကိုရောနင့်ကိုပါကျွေးမယ်လို့ပြောပြီးမုန့်တွေအအေးတွေ ဝယ်တိုက်တော့ အအေးပဲယူသောက်တယ်။

ဘယ်နားနေလဲမေးတော့ – – – ပါတဲ့။

လား… လား … ရင်ထဲစူးကနဲ့အောင့်သွားတယ်။

ဘေးကအသိတစ်ယောက်က အဲကလေးမကတကယ့်အာဂမလေးတဲ့။

ငါတို့နဲ့လာပေါင်းတာ တပါတ်လောက်ရှိပြီတဲ့။

မနက်အစောကြီးဆိုသူရောက်နေပီတဲ့။

ဘာကားစီးလာလဲမေးတော့ YBS ရောက်တယ်တဲ့။

အဲကားကိုနေ့တိုင်းအသွားအပြန်စီးတာတဲ့။ မျက်ရည်ပါဝဲမိတယ်။

အဖေအမေမဆူဘူးလားမေးတော့ ဟင့်အင်းတဲ့။ သူတို့လည်းထွက်တာပဲတဲ့။

သမီးတစ်ယောက်တည်းမကြောက်ဘူးလားမေးတော့ မကြောက်ဘူးတဲ့။

သမီးတို တာဝန်ပဲတဲ့။ ကလေးနော်၊ မိန်းကလေး အသက်က ၈ နှစ်။

ပြန်ကာနီးတော့ ရော့ မုန့်ဖိုးလို့ ၅ထောင်တန်တရွက်ပေးတာ ခပ်စိမ်းစိမ်းကြည့်ပြီး သမီးက ၅ ထောင်စားမဟုတ်ဘူးတဲ့။ဒလန်လည်းမဟုတ်ဘူးတဲ့။

ကိုယ်လည်း အဲလိုရည်ရွယ်ပေးတာမဟုတ်ပါဘူး တကယ်အကြွေမရှိလို့ပါလို့ပြောတော့

ပေးချင်ရင် ကားခ ၂၀၀ ပေးတဲ့။ ရင်ထဲမကောင်းဘူး။ လေးလည်းလေးစားမိတယ်။

ပုံစံလေးကဂျစ်ကန်ကန်နဲ့ အရွယ်နဲ့မမျှဘူး။

ဆင်းရဲပေမဲ့ ကိုယ့်ကျင့်သိက္ခာအပြည့်ရှိတယ်။

အမှားအမှန်ကို သူနှလုံးသားကနေခံစားတတ်တယ်။

ကိုယ်လည်း ကားခ ၂၀၀ ပေးပြီးပြန်တော့ပြောပြီးလမ်းခွဲခဲ့တာ တအောင့်ကြာတော့ပြန်ပြေးလာပြီး

ကိုကြီးရေ ဒိုင်းကိုင်တဲ့အကိုတွေကားမရလို့လားမသိဘူး လမ်းထိပ်မှာစောင့်နေကြတုန်းတဲ့။

ခွေးတွေကဟိုဖက်မှာရှိသေးတယ်ဆိုပြီးလာပြောတယ်။

သူများကို စိတ်ပူတတ်တဲ့စိတ်၊အသင်းအဖွဲ့စိတ်၊ကိုယ်လွတ်မရုန်းပဲ အားလုံးအဆင်ပြေဖို့ကြိုးစားတဲ့စိတ်၊

လေးစားလောက်တယ်။

ကိုယ်လည်းမနေသာ အဲအဖွဲ့ကိုသွားမေးတော့

သူတို့အသိကားလာခေါ်မလို့စောင့်နေတာပါတဲ့။

အဲခါကျမှပဲ ကလေးမက ပိုက်ဆံ၂၀၀ ကိုင်ပြီး

ဒါဆို သမီးသွားပြီနော်ဆိုပြီး နူတ်ဆက်ပြီး ဘစ်ကားဂိတ်ဖက်ကို သုတ်သုတ်နဲ့ထွက်သွားရော။

သူနောက်ကျောကြည့်ပြီး ဝမ်းသာဝမ်းနည်း

အမည်မဖော်နိုင်တဲ့ခံစားချက်ပေါင်းစုံနဲ့ကျန်ခဲ့ရတယ်။

ဒီကလေးတွေ လက်ထဲပိုကောင်းတဲ့အနာဂတ် ကျွန်တော်တို့ထည့်ပေးရမှာပါ။

ပိုကောင်းအောင်လုပ်နိုင်မယ်လိုလည်းယုံကြည်တယ်။

celeupdatenews

Add a Comment

Your email address will not be published. Required fields are marked *

18 + five =