ပြည်တော် ပြန်တွေ Q ဝင်သွား တဲ့ ကျောက်မဲ အ.ထ.က (၃) ကျောင်းရဲ့ မြင်ကွင်းများ

ပြည်တော် ပြန်တွေ Q ဝင်သွား တဲ့ ကျောက်မဲ အ.ထ.က (၃) ကျောင်းရဲ့ မြင်ကွင်းများ

ကျောက်မဲမြို့ အ.ထ.က(၃) ကျောင်း ရဲ့ Q Center အပြီး ကျန်ရစ်ခဲ့တဲ့ ပုံရိပ်များပါတဲ့။ ပြည်တော်ပြန် ဆိုသူတွေထဲက တချို့ဟာ အနေအထိုင် အဆင့်အတန်း အတော်နိမ့်ပါတယ်။ ဒီနေရာမှာ ဆင်းရဲတာကို ပြောတာ မဟုတ်ပါဘူး။

တချို့ ဆင်းရဲပေမယ့် နေထိုင်မှု အဆင့်အတန်း မြင့်တဲ့သူတွေ ရှိကြ ပါတယ်။ အဲဒီလိုပဲ ချမ်းသာကြတဲ့ လူတချို့မှာလည်း ကိုယ်နေတဲ့ နေရာကိုတောင် သန့်ရှင်းအောင် မလုပ်ကြတဲ့ လူတချို့ကို တွေ့ဖူးပါတယ်။

အခုကိစ္စက ဆင်းရဲ ချမ်းသာတာနဲ့ မဆိုင်ပါဘူး။ ကိုယ်ခေတ္တ ခဏ နေထိုင်တဲ့ နေရာမှာ မကူညီဘူးဆိုရင်တောင် ခုလို မပျက်စီးအောင် ပစ်စလက်ခတ် မနေသင့်ပါဘူး။ အဓိကက လူနဲ့ ပဲ ဆိုင်ပါတယ်။ Q စင်တာမှာ နေတုန်း ကျောင်းစာသင်ခုံတွေ ရိုက်ပေးသွားတဲ့ လူငယ်လေးနဲ့ Q စင်တာမှာ နေ့တိုင်း အိမ်သာတွေ အားလုံး ကို ဆေးပေးတဲ့ အမျိုးသမီးတို့လို အများအကျိုးဆောင်တဲ့ လူတွေလည်း ပြည်တော်ပြန်တွေထဲမှာ ရှိပါတယ်။

အခု ကျောက်မဲ အထက (၃) ကျောင်းမှာ Q ဝင်ခဲ့တဲ့ သူတွေ ကတော့ အတော်ဆိုးရွား ပါတယ်။ ကျောင်းကို အမှိုက်ပုံ အဖြစ်ထားခဲ့ ကြပြီး ကျောင်းမှာ ရှိသမျှ ဗီရိုတွေအားလုံးကို မွှေနှောက် သွားကြပါတယ်။ ကျောင်းစာသင်ခုံတွေကို သုံးပြီး သုံးထားတဲ့ နေရာမှာပဲ ပစ်ထားခဲ့ကြပါတယ်။ အဆိုးဆုံးက အိမ်သာ မရှိ တာလား၊ ဝေးလို့လားတော့ မသိဘူး၊ ရေသန့်ဘူးထဲ ကို ဆီးတွေ ပေါက်ထည့် သွားကြတာပါပဲ။

ကိုယ့်အညစ်အကြေးတောင် ကိုယ့်ဖာသာ သန့်ရှင်းအောင် မလုပ်နိုင်တဲ့ သူတွေဆိုတော့ တခြားကိစ္စတွေဆိုရင် စဉ်းသာ စဉ်းစား ကြည့်ပါတော့ဗျာ။ ဒီလူတွေ သူများ နိုင်ငံမှာ ဒီလိုရော နေပါ့မလားလို့တောင် စဉ်းစားကြည့်မိပါတယ်။

အစိုးရက ဘယ်လောက် ပံ့ပိုးမှုတွေ လုပ်လုပ် ဒီလိုလူတွေက အခုလို စည်းမရှိ ကမ်းမရှိ နဲ့ သွားနေလို့ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အခုလည်း Q ဝင်ပြီးသွားလို့ အိမ်ပြန်ရတဲ့ အချိန်မှာ ကိုဗစ် မကူးစက်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ဒီလူတွေ ဘယ်လို လိုက်နာကြမလဲ မသိတော့ ပါဘူး။ သေချာတာ ကတော့ ဘယ်စည်းကမ်း ကိုမှ လိုက်နာကြမယ် မထင်ပါဘူး။

ပြည်တော်ပြန်တွေ အခုလို အမှိုက်ပုံ အဖြစ်ထား ခဲ့တဲ့ ကျောက်မဲ အထက (၃) ကျောင်းကိုတော့ အဲဒီကျောင်းက ဆရာ၊ ဆရာမတွေကပဲ ဦးဆောင်ပြီး ရှင်းရတော့မှာပါ။ ဇူလိုင်လမှာ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတော့ ပိုးသတ်ကိစ္စတွေ လုပ်ရမယ့်အပြင် အမှိုက်တွေပါ သိမ်းရမယ့် အနေအထား ဖြစ်နေပါပြီ။

ဘယ်ကိစ္စမဆို သူ့ဖက် ကိုယ့်ဖက် မျှတပြီး စည်းကမ်းတကျနဲ့ ကိုယ်ချင်းစာ တရားလေး လက်ကိုင်ထားပြီး ဆောင်ရွက်သင့်ပါတယ်လို့ ဖော်ပြ လိုက်ရပါတယ်။

crd : blacker