မြန်မာ ပြည်သူတွေ အပေါ် ထားတဲ့ တောင်ကိုရီးယား လူမျိုး တွေ ရဲ့ မေတ္တာ

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ ဒီကနေ့ မတ်လ ၁၂ ရက်နေ့မှာ တော့ တောင်ကိုရီးယား နိုင်ငံ မှာ ရှိတဲ့ ဂျိုဂဲဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေ ဟာ မြန်မာ ပြည်သူ တွေ အတွက် ဆုတောင်း ပေးခဲ့ကြပါတယ်။

တောင်ကိုရီးယား နိုင်ငံက ဂျိုဂဲဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တွေဟာ ထိခြင်း ငါးပါး ဘုရားရှိ ခိုးနည်း နဲ့ မြန်မာသံရုံး ရှေ့ကနေ UN သံရုံး အရှေ့ထိ သွားကာ မြန်မာနိုင်ငံ အတွက် ဆုတောင်း ပေးခဲ့ကြတာပါ။

ဘုန်းတော်ကြီး တွေဟာ ပြည်သူ တွေ အတွက် ရဲရဲဝင့်ဝင့် ရပ်တည် ပေးခဲ့သလို ဆုတောင်း ပေးခြင်း တွေ မေတ္တာ ပို့သပေး ခဲ့ခြင်း တွေ ပြုလုပ်ပေး ခဲ့ကြတာပါ။

ကိုရီးယား နိုင်ငံက လူမျိုး တွေဟာ မြန်မာ ပြည်သူတွေ အတွက် အခုလို ဆုတောင်း ပေးခဲ့ခြင်း တွေ အပြင် မြန်မာ နိုင်ငံ ကထုတ် တဲ့ မြန်မာ ဘီယာ တွေ ကို boycott လုပ်ခြင်းတွေ၊

မြန်မာတွေကို အင်တာဗျူးပြီ မြန်မာနိုင်ငံ အ‌ခြေအနေ တွေကို ရုပ်သံ တေ‌ွမှာ အမှန် ပြသပေး ခြင်းတွေ၊ တောင်ကိုရီးယား လွှတ်တော် အမတ်တွေဟာ မြန်မာနိုင်ငံ သံရုံး အရှေ့မှာ ကန့်ကွက် ဆန္ဒပြပေး ခြင်းတွေ စတဲ့ မြန်မာပြည်သူ တွေအတွက် ကြိုးစားပေးခဲ့ကြပါတယ်။

ဒီကနေ့ မြန်မာပြည်သူတွေ အတွက် ထိခြင်းငါးပါးနဲ့ ဆုတောင်းပေးမှု တွေဟာ တကယ့် အရေးကြီး တဲ့ အချိန်မှ ဆုတောင်း ပေးရတဲ့ ဆုတောင်းပေးခြင်းမျိုးပဲ ဖြစ်ပါတယ်တဲ့။

မြန်မာပြည်သူတွေ အပေါ် မေတ္တာထားပေး တဲ့ တောင်ကိုရီးယား လူမျိုး တွေကို တကယ့် ကို ကျေးဇူး တင်မိပါတယ်။ ဖတ်ရှုအားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး သာယာသော နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေ။

crd

zawgyi





မြန်မာတွေကို အင်တာဗျူးပြီ မြန်မာနိုင်ငံ အ‌ခြေအနေ တွေကို ရုပ်သံ တွေမှာ အမှန် ပြသပေး ခြင်းတွေ၊ တောင်ကိုရီးယား လွှတ်တော် အမတ်တွေဟာ မြန်မာနိုင်ငံ သံရုံး အရှေ့မှာ ကန့်ကွက် ဆန္ဒပြပေး ခြင်းတွေ စတဲ့ မြန်မာပြည်သူ တွေအတွက် ကြိုးစားပေးခဲ့ကြပါတယ်။



Add a Comment

Your email address will not be published. Required fields are marked *

8 + four =