ရွှေ့ပြောင်း မီးရထား ဝန်ထမ်းများအတွက် တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့် ကူညီ လှူဒါန်းပေး နေတဲ့ စူးရှထက်

ချစ်ပရိသတ်ကြီးရေ…..မော်ဒယ်လ် စူးရှထက် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားတာ ဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုရင်လည်း သူမပါဝင်နိုင်တဲ့ဘက်ကနေ ပြည်သူပရိသတ်တွေနဲ့ အတူအား သွန်ခွန်စိုက် ပူးပေါင်းလှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမ ရိုးသားစွာ ရှာဖွေ စုဆောင်းထားတဲ့ ချွေးနည်းစာ ငွေကြေးလေးတွေနဲ့ အခုလို အချိန်မျိုးတွင် နိုင်သလောက် စေတနာအပြည့်နဲ့ လှူဒါန်းမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

စူးရှထက် က လမ်းမပေါ် ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်သလို ပြည်သူလူထု အတွက် အားဖြစ်စေမယ့် အစား အသောက် တွေကိုလည်း ကိုယ်တိုင် လိုက်ပေးဝေနေတာလည်း တွေ့ရပါတယ်။လူထုလှုပ်ရှားမှုတွေမှာ အသက်ပေးသွားရတဲ့ သူရဲကောင်းတွေ အတွက်လည်း ယူကြုံးမရဖြစ်ကာ စိတ်မကောင်းဖြစ်နေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်တော့ သူမက စားဝတ်နေရေး ခက်ခဲနေတဲ့ မီးရထားက ပြည်သူ့ ဝန်ထမ်းတွေ အတွက် ချက်ပြုတ်ပြင်ဆင်ကာ သွားရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်တော့ စူးရှထက်က “ရွှေ့ပြောင်း မီးရထားဝန်ထမ်းများအတွက်စူးရဲ့ ဒီနေ့အလှူလေး ကိုယ်တတ်နိုင်တဲ့ဘက်က အားဖြည့်ပေးမယ် အရေးတော်ပုံ အောင်ရမယ် 💪💪💪”ဆိုပြီး ရေးသားကာ ပုံရိပ်တွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွင် လိုအပ်နေတဲ့ နေရာတွေကို တစ်နိုင်တစ်ပိုင် ကြိုးစား ပါဝင် အလှူပြုနေတဲ့ စူးရှထက်ရဲ့အလှူကို သာဓုခေါ်ရင်း ပရိသတ်တွေလည်း ကျေနပ်ပီတီ ဖြစ်ကြမှာ မို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

crd

zawgyi

ခ်စ္ပရိသတ္ႀကီးေရ…..ေမာ္ဒယ္လ္ စူးရွထက္ ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ရရွိထားတာ ျဖစ္ၿပီး လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနမွာဆိုရင္လည္း သူမပါဝင္ႏိုင္တဲ့ဘက္ကေန ျပည္သူပရိသတ္ေတြနဲ႔ အတူအား သြန္ခြန္စိုက္ ပူးေပါင္းလႈပ္ရွားေနတာ ပဲျဖစ္ပါတယ္။ ဒါ့အျပင္ သူမ ႐ိုးသားစြာ ရွာေဖြ စုေဆာင္းထားတဲ့ ေခြၽးနည္းစာ ေငြေၾကးေလးေတြနဲ႔ အခုလို အခ်ိန္မ်ိဳးတြင္ ႏိုင္သေလာက္ ေစတနာအျပည့္နဲ႔ လႉဒါန္းမႈေတြကို ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

စူးရွထက္ က လမ္းမေပၚ ထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္သလို ျပည္သူလူထု အတြက္ အားျဖစ္ေစမယ့္ အစား အေသာက္ ေတြကိုလည္း ကိုယ္တိုင္ လိုက္ေပးေဝေနတာလည္း ေတြ႕ရပါတယ္။လူထုလႈပ္ရွားမႈေတြမွာ အသက္ေပးသြားရတဲ့ သူရဲေကာင္းေတြ အတြက္လည္း ယူႀကဳံးမရျဖစ္ကာ စိတ္မေကာင္းျဖစ္ေနတာ ပဲျဖစ္ပါတယ္။ လတ္တေလာမွာဆိုရင္ေတာ့ သူမက စားဝတ္ေနေရး ခက္ခဲေနတဲ့ မီးရထားက ျပည္သူ႔ ဝန္ထမ္းေတြ အတြက္ ခ်က္ျပဳတ္ျပင္ဆင္ကာ သြားေရာက္ လႉဒါန္းေနတာ ျဖစ္ပါတယ္။

ဒီေန႔မွာဆိုရင္ေတာ့ စူးရွထက္က “ေ႐ႊ႕ေျပာင္း မီးရထားဝန္ထမ္းမ်ားအတြက္စူးရဲ႕ ဒီေန႔အလႉေလး ကိုယ္တတ္ႏိုင္တဲ့ဘက္က အားျဖည့္ေပးမယ္ အေရးေတာ္ပုံ ေအာင္ရမယ္ 💪💪💪”ဆိုၿပီး ေရးသားကာ ပုံရိပ္ေတြနဲ႔အတူ ေဖာ္ျပေပးလာတာ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးတြင္ လိုအပ္ေနတဲ့ ေနရာေတြကို တစ္ႏိုင္တစ္ပိုင္ ႀကိဳးစား ပါဝင္ အလႉျပဳေနတဲ့ စူးရွထက္ရဲ႕အလႉကို သာဓုေခၚရင္း ပရိသတ္ေတြလည္း ေက်နပ္ပီတီ ျဖစ္ၾကမွာ မို႔ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

crd

Add a Comment

Your email address will not be published. Required fields are marked *

thirteen + twenty =