မြန်မာပြည် အမြန်ဆုံး ပြန် လည် အေးချမ်းဖို့ ဆုတောင်း ပေးရင်း ပရိသတ်တွေ အားလုံးကို သတိရ နေကြောင်း ပြောလာတဲ့ ပိုင်တံခွန်

ယနေ့ခေတ် ပြည်တွင်းပရိသတ်တွေ သာမက ပြည်ပက ပရိသတ်တွေအားပေးမှုကို အခိုင်အမာ ရရှိ ထားတဲ့ ပိုင်တံခွန်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ စိတ်ထား စေတနာ ကောင်းမွန်ပြီး အားလုံးအပေါ် ဂရုဏာ အကြည့်နဲ့ ကြည့်တက်တဲ့ သူကတော့ ယခုဆိုရင်ဖြင့် နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် လောကထဲ ခြေစုံပစ်ဝင်ရောက် လာတဲ့ ပိုင်တံခွန်ကတော့ အနုပညာသား အချင်းချင်းကတောင် ချီးကျူးခြင်းကို ခံရတဲ့ အနုပညာ အလုပ်အပေါ် စေတနာထား ကြိုးစားတဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကြောင့် ပိုင်တံခွန် တစ်ယောက်ကတော့ ပြည်တွင်း ပြည်ပ အနုပညာ အလုပ်တွေကို ရပ်နားထားရပြီး ပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်ကာ ဆန္ဒ ဖော်ထုတ်နေတာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပါဝင်နေတဲ့ တော်လှန်ရေးတွေ မှာလည်း အနုပညာရှင် တစ်ယောက် ဆိုတာကို ပဓာန မထား ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေ ပြည်သူတွေ နဲ့ အတူ တက်ကြွစွာ ပူပေါင်း ပါဝင်နေတာ ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပိုင်တံခွန်က လက်ရှိ အခြေအနေ ကြောင့် တိမ်းရှောင် နေရသော်လည်း ပရိသတ်တွေအားလုံး ကို သတိရနေကြောင်း၊ မြန်မာပြည်ကြီး ပြန်ပြီး အေးချမ်းပါစေကြောင်း သူရဲ့ Facebook my day ထက်မှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ပိုင်တံခွန် ဘေးကင်းပြီး ပရိသတ်တွေနဲ့ အမြန်ဆုံးပြန်တွေ့ကြရဖို့ ဆုတောင်းပေး လိုက်ကြပါဦးနော်…..။

Photo Crd – Paing Takhon’s FB account

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

13 − 7 =