အခက်အခဲတွေ ကြားကနေ လှိုင်မြို့နယ် လူထုလှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ပါ၀င်အားဖြည့်နေတဲ့ မင်းမော်ကွန်း

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေ နဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် မင်းမော်ကွန်းတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်တည်းကစကာ ရဲရဲဝံ့ဝံ့နဲ့ရှေ့ဆုံး ကနေတက်ကြွစွာပါ၀င်အားဖြည့်နေတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ပြင်မင်းမော်ကွန်းဟာ လူထုလှုပ်ရှားမှုတွေမှာပါ၀င်နေရုံသာမက ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေပါ လှူဒါန်းရင်းကိုယ်တိုင် ကိုယ်ကျ အားပေးစကားပြော‌‌တာတွေပါ ပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်နော်…..။

အခက်အခဲအတားအဆီးများစွာရှိနေတဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင် အရှိန်‌ လျော့မသွားပဲ မြို့နယ်အနှံ့အပြားမှာဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ယနေ့မှာဆိုရင်လည်း မင်းမော်ကွန်းဟာ လှိုင်မြို့နယ်လူထုလှုပ်ရှားမှုကြီးမှာ ပါ၀င်အားဖြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ Facebookစာမျက်နှာမှာလည်း “လှိုင်သပိတ်…” ဆိုပြီးရေးသား ဖော်ပြထားပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Kyaw Htay Lwin’s Facebook acc

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

8 + 16 =