ဒဏ်ရာရရှိတဲ့ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံရဲ့ နာမည် ကို ဖေ့ဘွတ် စာမျက်နှာထက်မှာမတင်ဖို့ သတိပေးတောင်းဆိုလိုက်တဲ့ အိချောပို

တစ်ရက်ထက်တစ်ရက်တိုးလာတဲ့ သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေကို ကြည့်ပြီး ပြည်သူတွေဟာနေ့စဉ်တိုင်း စိတ်မကောင်း ဖြစ်ကာ ကြေကွဲဝမ်းနည်းရင်း သူတို့ကိုယ်တိုင်လည်း စိုးရိမ်ပူပန်မှုတွေကြားမှာနေထိုင်နေရပါတယ်။မြန်မာနိုင်ငံရဲ့နေရာအနှံအပြားမှာ နေ့ရောညပါ ပစ်ခတ်မှုတွေကိုရင်ဆိုင်နေရပေမယ့်လည်း အားလုံးကတော့လက်မလျော့ဘဲ ရရင်ရသလို လှုပ်ရှားမှုတွေကိုပြုလုပ်နေဆဲပါ။

ခုဆိုရင် ညဘက်တွေပါ တစ်ချို့မြို့နယ်တွေမှာ ပြည်သူတွေစုပေါင်းပြီ ညသပိတ်တွေကို ဖန်တီးလာကြတာတွေ့ရပါတယ်။ပြည်သူတွေအားလုံးက အသက်ဆုံးရှုံးမှာကိုမမူဘဲ ဆက်လက်လှုပ်ရှားနေကြတာလည်းဖြစ်သလိုအားလုံးကလည်းအချင်းချင်းသွေမကွဲဘဲ တစ်ယောက်ကိုတစ်ယောက်ကူညီစောင့်ရှောက်ရင်း ရရာနေရာကနေအားဖြည့်ပါဝင်နေကြတာပါ။ ဒါ့အပြင်လိုက်နာရမယ့် အချက်တွေကိုလည်းအချင်းချင်းဝေမျှကြသလို မလုပ်သင့်တဲ့ အချက်တွေကိုလည်း ဝေဖန်ထောက်ပြပေးတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုဆိုလည်း အိချောပိုက အရေးကြီးဆုံးအချက်ဖြစ်တဲ့ သတိထားရမယ့်အရာလေးကို Follower တွေများစွာပိုင်ဆိုင်ထားတဲ့ သူရဲ့အကောင့်လေးမှာ လူအများသိရှိနိုင်စေရန် ဝေမျှလာတာတွေ့ရပါတယ်။

ဒဏ်ရာ ရရှိသူတွေကို ကုသပေးနေတဲ့ ဆေးရုံဆေးခန်းတွေရဲ့နာမည်တွေကိုမဖော်ပြသင့်ကြောင်းနောင်အခါမှာ ဆက်လက်ကုသပေးလို့မရနိုင်တော့မှာ စိုးရိမ်မိကြောင်းခုလိုပုံလေးနဲ့တကွဖော်ပြလာပါတယ်။” ကျေးဇူးပြုပြီး လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံနာမည်တွေနဲ့ ဆေးရုံပုံတွေကိုမတင်ကြ မ share ကြပါနဲ့နော်နောက်ဆိုကုသပေးဖို့အခက်ခဲဖြစ်သွားမှာစိုးလို့ပါရှင်”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်တွေ လည်းသိရှိထားသင့်လို့ မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit : Ei Chaw Po Facebook Account

zawgyi

တစ္ရက္ထက္တစ္ရက္တိုးလာတဲ့ ေသဆုံးသူေတြ ဒဏ္ရာရရွိသူေတြကို ၾကည့္ၿပီး ျပည္သူေတြဟာေန႔စဥ္တိုင္း စိတ္မေကာင္း ျဖစ္ကာ ေၾကကြဲဝမ္းနည္းရင္း သူတို႔ကိုယ္တိုင္လည္း စိုးရိမ္ပူပန္မႈေတြၾကားမွာေနထိုင္ေနရပါတယ္။ျမန္မာႏိုင္ငံရဲ႕ေနရာအႏွံအျပားမွာ ေန႔ေရာညပါ ပစ္ခတ္မႈေတြကိုရင္ဆိုင္ေနရေပမယ့္လည္း အားလုံးကေတာ့လက္မေလ်ာ့ဘဲ ရရင္ရသလို လႈပ္ရွားမႈေတြကိုျပဳလုပ္ေနဆဲပါ။

ခုဆိုရင္ ညဘက္ေတြပါ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ျပည္သူေတြစုေပါင္းၿပီ ညသပိတ္ေတြကို ဖန္တီးလာၾကတာေတြ႕ရပါတယ္။ျပည္သူေတြအားလုံးက အသက္ဆုံးရႈံးမွာကိုမမူဘဲ ဆက္လက္လႈပ္ရွားေနၾကတာလည္းျဖစ္သလိုအားလုံးကလည္းအခ်င္းခ်င္းေသြမကြဲဘဲ တစ္ေယာက္ကိုတစ္ေယာက္ကူညီေစာင့္ေရွာက္ရင္း ရရာေနရာကေနအားျဖည့္ပါဝင္ေနၾကတာပါ။ ဒါ့အျပင္လိုက္နာရမယ့္ အခ်က္ေတြကိုလည္းအခ်င္းခ်င္းေဝမွ်ၾကသလို မလုပ္သင့္တဲ့ အခ်က္ေတြကိုလည္း ေဝဖန္ေထာက္ျပေပးတာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။အခုဆိုလည္း အိေခ်ာပိုက အေရးႀကီးဆုံးအခ်က္ျဖစ္တဲ့ သတိထားရမယ့္အရာေလးကို Follower ေတြမ်ားစြာပိုင္ဆိုင္ထားတဲ့ သူရဲ႕အေကာင့္ေလးမွာ လူအမ်ားသိရွိႏိုင္ေစရန္ ေဝမွ်လာတာေတြ႕ရပါတယ္။

ဒဏ္ရာ ရရွိသူေတြကို ကုသေပးေနတဲ့ ေဆး႐ုံေဆးခန္းေတြရဲ႕နာမည္ေတြကိုမေဖာ္ျပသင့္ေၾကာင္းေနာင္အခါမွာ ဆက္လက္ကုသေပးလို႔မရႏိုင္ေတာ့မွာ စိုးရိမ္မိေၾကာင္းခုလိုပုံေလးနဲ႔တကြေဖာ္ျပလာပါတယ္။” ေက်းဇူးျပဳၿပီး လူနာေတြကို ကုသေပးေနတဲ့ ေဆး႐ုံနာမည္ေတြနဲ႔ ေဆး႐ုံပုံေတြကိုမတင္ၾက မ share ၾကပါနဲ႔ေနာ္ေနာက္ဆိုကုသေပးဖို႔အခက္ခဲျဖစ္သြားမွာစိုးလို႔ပါရွင္”ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ေတြ လည္းသိရွိထားသင့္လို႔ မွ်ေဝေပးလိုက္ပါတယ္။

Source & Photo Credit : Ei Chaw Po Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

3 × one =