လက်ရှိ အချိန်ထိ လူတိုင်း သည်းမခံနိုင်လောက်အောင် ဖြစ်နေပေမဲ့လည်း ဆက်သည်း ခံပေးဖို့ မေတ္တာ ရပ်ခံလိုက်တဲ့ နေတိုး

ပြည်သူလူထုကတော့ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သလောက်ကူညီပေးကြရင်း နွေဦးတော်လှန်ရေး ကို ဆက်လက်ဆင်နွှဲလျက် ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ကြရင်း ပြည်သူတွေဟာ ထိခိုက်ဒဏ်ရာတွေအပြင် အသက်ပေးခဲ့ရမှုတွေပါ အများအပြားရှိနေခဲ့ပါတယ်။ မြန်မာပြည်သူ ပြည်သားတွေကတော့ အခက်အခဲတွေများစွာ ရှိကြပေမယ့် လည်း အားမလျော့ကြဘဲ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်လျက်ရှိနေတဲ့ နေတိုးက လူထုလှုပ် ရှားမှုတွေမှာလည်း ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ ကတော့ ပြည်သူတွေ စိတ်အားတတ်စေမယ့် စာလေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ရှိပါတယ်။ ယခုမှာတော့ နေတိုးတစ်ယောက်ဟာ အခုချိန်မှာ သည်း မခံနိုင်တော့ဘူး ဆိုတဲ့စိတ် ဖြစ်လာကြပေမယ့်လည်း တတ်နိုင်သလောက်သည်းခံကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်

နေတိုးကတော့ သည်းခံပါ သည်းမခံနိုင်တော့ဘူးကွာ ဆိုတဲ့စိတ်ဖြစ်လာတာကို သည်းခံနိုင်တဲ့အထိ သည်းခံ ကြရပါမယ် ယုံကြည်မှုဆီ အတူတူ အားတင်းရင်း အားလုံးနဲ့အတူတူ ထပ်တူထပ်မျှပါပဲ ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူပြည်သားတွေ အားလုံးအေးချမ်းပျော်ရွှင်ပြီး စိတ်ချမ်းသာရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင် ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပေးလိုက်ရပါတယ်။

crd

zawgyi




Add a Comment

Your email address will not be published. Required fields are marked *

twelve + 12 =