Kyaw Ayemg Mg
unicode
ငါးခြောက် လုပ်ငန်းတွေမှာ ယင်မနားဆေး ဆိုတဲ့ အဆိပ်တွေ တရားဝင် သုံးခွင့် ရှိပြီလား?
ဒေသတစ်ခုရဲ့ ငါးခြောက်စီးပွားဖြစ် လုပ်ငန်းခွင်အနီးမှ ဖြတ်သွားစဉ် လူတစ်ယောက် ဆေးဖျန်းပုံးဖြင့်လှန်းထားသည့် ငါးခြောက်များကို ဖျန်းနေသည်ကို မြင်ရသဖြင့် အနီးကပ်သွားရောက်မှတ်တမ်းတင်မေးမြန်း ခဲ့ပါသည်။
အလုပ်သမားဟုယူဆရသူပြောပြချက်အရ. ဆေးဖြန်းပုံးတစ်ပုံး တွင် ဖော်ပြပါဆေး (ဒိုင်ကလိုဗော့ 80%) ပုလင်းဖုံးသုံးဖုံး ရောဖြန်းပါက ယင်နှင့်လောက်မကျ ကြောင်းပြောပြပါသည်။
ပုလင်းတွင်ရေးထားသည်မှာ GHS အဆိပ်ဖြစ်မှု အဆင့်အတန်း(2) ဟုရေးထားရာ စားသုံးသူများအတွက် ဘယ်လောက်အန္တရာယ် များမည် ကိုပြောရန်လိုမည်မထင်ပါ။
Kyaw Ayemg Mg