လက်နက် ဝယ်ပေးနေတယ် ဆိုတဲ့ ကောလဟလတွေ နဲ့ ပတ်သတ်ပြီး ဖြေရှင်း လာတဲ့ စမိုင်းလ်

ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင်စမိုင်းလ် တို့မိသားစုလေးကတော့ အလှူအတန်းဆို အရမ်းရက်ရောပြီးအကူအညီလိုအပ်နေသူတွေ ကိုလည်း တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့ ဇနီးမောင်နှံကရှေ့သွားနောက်လိုက် အရမ်းညီတာကြောင့် ဘယ်အရာမဆို စိတ်တူ ကိုယ်တူရှိကြပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း သူမတို့မိသားစုက ပြည်သူတွေ နဲ့အတူ ဝန်းရံပေးပြီး လမ်းပေါ်ထွက်ကာအလှူအတန်းတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံက ပြည်သူတွေ အဟာရပြည့်ဖို့အတွက် အစားအသောက်တွေကို လှူဒါန်းသလို Helmetတွေကိုလည်း အကာအကွယ် အတွက် လိုက်ဝေပေးတာဖြစ်ပါတယ်။သူမတို့ကလည်း ပြည်သူတွေနဲ့ တစ်စိတ်တည်း၊တစ်ဝမ်းတည်းရှိလို့ တစ်ထောင့်တစ်နေရာကနေ ပါဝင် ကူညီပေးနေကြတာဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံကတော့နဂိုကတည်းက စိတ်ရင်းစေတနာ ပြည့်ဝတာကြောင့် အခုလိုအချိန်မျိုးမှာဆို ပိုပြီးလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ စမိုင်းလ်က သူမတို့မိသားစုကို ပြည်သူတွေ အထင်လွဲနေကြတာကြောင့် တိကျတဲ့ အဖြေတွေနဲ့ ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံက လက်နက်သွင်းတယ်၊ ဆေးရောင်းတယ် ဆိုပြီး လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပြည်သူတွေကြား ပျံ့နှံ့နေတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ စမိုင်းလ်က “သေနတ်ဆိုလို့ သရက်သီးသနပ်ပဲ ရှိတယ်နော်။သူတစ်ပါးကို သေစေနိုင်တဲ့ လက်နက်နဲ့ဆေးရောင်းပြီး ချမ်းသာလာတဲ့ အပူစာတွေ စားမိရင် စားသမျှ အဆိပ်သင့်ပြီး သေပါစေ ကျိန်ရဲပါတယ်”ဆိုပြီး ပြတ်ပြတ်သားသား ပြောလာတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ အခုလိုအချိန်မျိုးမှာ သတင်းမှားတွေထွက်နေတာကို ပြည်သူတွေ အထင်မမှားဖို့အတွက် ရေးသားပြောပြလာတာဖြစ်ပါတယ်။

Source&Photo Credit:Smile စမိုင်းလ် Facebook page

zawgyi

ပရိသတ္ေတြခ်စ္ရတဲ့ သ႐ုပ္ေဆာင္စမိုင္းလ္ တို႔မိသားစုေလးကေတာ့ အလႉအတန္းဆို အရမ္းရက္ေရာၿပီးအကူအညီလိုအပ္ေနသူေတြ ကိုလည္း တတ္ႏိုင္သေလာက္ ကူညီေပးေနတာျဖစ္ပါတယ္။စမိုင္းလ္တို႔ ဇနီးေမာင္ႏွံကေရွ႕သြားေနာက္လိုက္ အရမ္းညီတာေၾကာင့္ ဘယ္အရာမဆို စိတ္တူ ကိုယ္တူရွိၾကပါတယ္။ ယခုလက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာဆိုရင္လည္း သူမတို႔မိသားစုက ျပည္သူေတြ နဲ႔အတူ ဝန္းရံေပးၿပီး လမ္းေပၚထြက္ကာအလႉအတန္းေတြလည္း ျပဳလုပ္ေနတာျဖစ္ပါတယ္။

စမိုင္းလ္တို႔ဇနီးေမာင္ႏွံက ျပည္သူေတြ အဟာရျပည့္ဖို႔အတြက္ အစားအေသာက္ေတြကို လႉဒါန္းသလို Helmetေတြကိုလည္း အကာအကြယ္ အတြက္ လိုက္ေဝေပးတာျဖစ္ပါတယ္။သူမတို႔ကလည္း ျပည္သူေတြနဲ႔ တစ္စိတ္တည္း၊တစ္ဝမ္းတည္းရွိလို႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ ကူညီေပးေနၾကတာျဖစ္ပါတယ္။သူမတို႔ဇနီးေမာင္ႏွံကေတာ့နဂိုကတည္းက စိတ္ရင္းေစတနာ ျပည့္ဝတာေၾကာင့္ အခုလိုအခ်ိန္မ်ိဳးမွာဆို ပိုၿပီးလႉဒါန္းေနတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ စမိုင္းလ္က သူမတို႔မိသားစုကို ျပည္သူေတြ အထင္လြဲေနၾကတာေၾကာင့္ တိက်တဲ့ အေျဖေတြနဲ႔ ျပန္လည္ေျဖရွင္းလိုက္တာျဖစ္ပါတယ္။

စမိုင္းလ္တို႔ဇနီးေမာင္ႏွံက လက္နက္သြင္းတယ္၊ ေဆးေရာင္းတယ္ ဆိုၿပီး လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ျပည္သူေတြၾကား ပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္။ဒါ့ေၾကာင့္မွလို႔ စမိုင္းလ္က “ေသနတ္ဆိုလို႔ သရက္သီးသနပ္ပဲ ရွိတယ္ေနာ္။သူတစ္ပါးကို ေသေစႏိုင္တဲ့ လက္နက္နဲ႔ေဆးေရာင္းၿပီး ခ်မ္းသာလာတဲ့ အပူစာေတြ စားမိရင္ စားသမွ် အဆိပ္သင့္ၿပီး ေသပါေစ က်ိန္ရဲပါတယ္”ဆိုၿပီး ျပတ္ျပတ္သားသား ေျပာလာတာျဖစ္ပါတယ္။စမိုင္းလ္ကေတာ့ အခုလိုအခ်ိန္မ်ိဳးမွာ သတင္းမွားေတြထြက္ေနတာကို ျပည္သူေတြ အထင္မမွားဖို႔အတြက္ ေရးသားေျပာျပလာတာျဖစ္ပါတယ္။

Source&Photo Credit:Smile စမိုင္းလ္ Facebook page

Add a Comment

Your email address will not be published. Required fields are marked *

20 + eighteen =