ဘဂၤလားေဒ့ရွ္ သာသနာေရးဝန္ႀကီး ကိုဗစ္ေရာဂါ ျဖင့္ ကြယ္လြန္

ဘဂၤလားေဒ့ရွ္ သာသနာေရးဝန္ႀကီး ကိုဗစ္ေရာဂါ ျဖင့္ ကြယ္လြန္

ဘဂၤလားေဒ့ရွ္သာသနာေရးဝန္ႀကီး ရွိတ္အဗၺဒူလာ ဟာ စေနေန႔ညမွာ ေသဆုံးခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ မနက္ပိုင္းမွာ အေလာင္းကို စမ္းသပ္စ္စေဆးခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ အေျဖထြက္လာပါတယ္။

အသက္ ၇၅ ႏွစ္ရွိေနတဲ့အဗၺဒူလာဟာ ဒါကာၿမိဳ႕မွာ ရွိတဲ့တပ္မေတာ္ပူးေပါင္းေဆး႐ုံမွာ စေနေန႔ညနက္ပိုင္းက ႏွလုံးရပ္ေသဆုံးခဲ့တာ ျဖစ္တယ္လို႔ သူ႔ရဲ႕လက္ေထာက္ကိုယ္ေရးအတြင္းေရးမႉးရွိတ္ နက္ဇ္မူဟာဆိုင္ကတ္က ေျပာပါတယ္။ သူ႔ကို တနဂၤေႏြေန႔မွာ ေမြးရပ္ေျမဂိုပယ္ဂန႔္ဆန္ဒါၿမိဳ႕နယ္က ကက္ကာနီယာ႐ြာ မွာရွိတဲ့ မိသားစုသခ်ႋဳင္းမွာ ေျမျမႇဳပ္သၿဂိဳဟ္ခဲ့ပါတယ္။

ဝန္ႀကီးေသဆုံးမႈ အတြက္ ဝမ္းနည္းေၾကာင္း သမၼတ အဗၺဒူဟာမစ္နဲ႔ ဝန္ႀကီးခ်ဳပ္ရွိတ္ ဟာဆီနာတို႔ ကလည္း ထုတ္ ေျပာခဲ့ပါတယ္။

အဗၺဒူလာတင္မက မၾကာေသးခင္ကမွ ခန႔္အပ္ခဲ့တဲ့ က်န္းမာေရးဝန္ႀကီးအဗၺဒူ မန္နန္ရဲ႕ဇနီးျဖစ္သူလည္း စေနေန႔ ညမွာ ကိုဗစ္နဲ႔ ကြယ္လြန္ခဲ့ပါတယ္။ ၾကာသပေတးေန႔မွာ သူမဟာ ကိုဗစ္ေၾကာင့္ေဆး႐ုံတက္ ကုသမႈခံယူခဲ့ၿပီး ေရာဂါအေျခအေနဆိုးလာတယ္လို႔ မန္နန္ရဲ႕ကိုယ္ေရး အတြင္းေရးမႉးကအတည္ျပဳပါတယ္။

တနဂၤေႏြေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၃၂ ေယာက္ထပ္ တိုးခဲ့ၿပီး ကူးစက္ ခံရသူ ၃၁၄၁ ေယာက္ထပ္တိုးလာပါတယ္။ လက္ရွိအခ်ိန္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၁၁၇၁ ေယာက္ရွိေနၿပီး ကူးစက္ခံရသူ ၈၇၅၂၀ ေယာက္ရွိေနပါတယ္။

crd : whitesone

unicode

ဘင်္ဂလားဒေ့ရှ် သာသနာရေးဝန်ကြီး ကိုဗစ်ရောဂါ ဖြင့် ကွယ်လွန်

ဘင်္ဂလားဒေ့ရှ်သာသနာရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာ ဟာ စနေနေ့ညမှာ သေဆုံးခဲ့ပြီးနောက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အလောင်းကို စမ်းသပ်စ်စဆေးချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အဖြေထွက်လာပါတယ်။

အသက် ၇၅ နှစ်ရှိနေတဲ့အဗ္ဗဒူလာဟာ ဒါကာမြို့မှာ ရှိတဲ့တပ်မတော်ပူးပေါင်းဆေးရုံမှာ စနေနေ့ညနက်ပိုင်းက နှလုံးရပ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့လက်ထောက်ကိုယ်ရေးအတွင်းရေးမှူးရှိတ် နက်ဇ်မူဟာဆိုင်ကတ်က ပြောပါတယ်။ သူ့ကို တနင်္ဂနွေနေ့မှာ မွေးရပ်မြေဂိုပယ်ဂန့်ဆန်ဒါမြို့နယ်က ကက်ကာနီယာရွာ မှာရှိတဲ့ မိသားစုသချႋုင်းမှာ မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်။

ဝန်ကြီးသေဆုံးမှု အတွက် ဝမ်းနည်းကြောင်း သမ္မတ အဗ္ဗဒူဟာမစ်နဲ့ ဝန်ကြီးချုပ်ရှိတ် ဟာဆီနာတို့ ကလည်း ထုတ် ပြောခဲ့ပါတယ်။

အဗ္ဗဒူလာတင်မက မကြာသေးခင်ကမှ ခန့်အပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးအဗ္ဗဒူ မန်နန်ရဲ့ဇနီးဖြစ်သူလည်း စနေနေ့ ညမှာ ကိုဗစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ သူမဟာ ကိုဗစ်ကြောင့်ဆေးရုံတက် ကုသမှုခံယူခဲ့ပြီး ရောဂါအခြေအနေဆိုးလာတယ်လို့ မန်နန်ရဲ့ကိုယ်ရေး အတွင်းရေးမှူးကအတည်ပြုပါတယ်။

တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၂ ယောက်ထပ် တိုးခဲ့ပြီး ကူးစက် ခံရသူ ၃၁၄၁ ယောက်ထပ်တိုးလာပါတယ်။ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁၁၇၁ ယောက်ရှိနေပြီး ကူးစက်ခံရသူ ၈၇၅၂၀ ယောက်ရှိနေပါတယ်။

crd : whitesone