ထိုင်း မှာ ဒေသခံတွေ စိုးရိမ် ပူပန်မှုကြောင့် လင်းနို့တွေ ကို ကိုရိုနာ ဗိုင်းရပ် စစ်ဆေး

ထိုင်း မှာ ဒေသခံတွေ စိုးရိမ် ပူပန်မှုကြောင့် လင်းနို့တွေ ကို ကိုရိုနာ ဗိုင်းရပ် စစ်ဆေး

ထိုင်းနိုင်ငံမှာ ဒေသခံတွေအတွက် ခြိမ်းခြောက် မှု ဖြစ်လာဖွယ် ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် သုတေသီတွေဟာ လင်းနို့တွေကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့ နမူနာတွေ စတင်ရယူနေပြီဖြစ်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချန်သာဘူရီ ပြည်နယ်ရှိ ဂူတစ်ခုအတွင်းကနေ (၃) ရက်အတွင်း လင်းနို့ကောင်ရေ ၃၀၀ ခန့် ဖမ်းယူစုဆောင်းသွားဖို့ စီစဉ်ထားကြောင်းနဲ့ စမ်းသပ်မှုတွေလုပ်ပြီးရင် လင်းနို့တွေ ကို ပြန်လွှတ် မှာဖြစ်ကြောင်း ပြောဆိုပါတယ်။ ထိုင်းနိုင်ငံမှာ horseshoe ခေါ် မြင်းခွာပုံ လင်းနို့မျိုးစိတ် ၂၃ မျိုးနေ ထိုင်ပေမယ့် ယခုမတိုင်ခင်အထိ စစ်ဆေးစမ်းသပ်တာမျိုး မလုပ်ထားရသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှ စတင်ပေါ် ထွက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်ပြီး အငြင်းပွားစရာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ တွေ့ရှိ ထားတဲ့ အထောက် အထားတွေ အားလုံးအရ တရုတ်နိုင်ငံမှ လင်းနို့တွေဟာ ကိုရိုနာဗိုင်းရပ်စ် အစပြုရာ ဇာစ်မြစ်ဖြစ် တယ်လို့ ဧပြီလအတွင်းက ပြောဆိုထားပါတယ်။ သို့ပေမယ့် ဗိုင်းရပ်စ်ဟာ မျိုးစိတ်အတားအဆီးတွေကို ဘယ်ပုံခုန်ကျော်ပြီး လူတွေထံ ရောက်ရှိလာ တယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိကြသေးပါဘူး။

ထိုင်းနိုင်ငံက သုတေသန အဖွဲ့မှာ ဇန်နဝါရီလ အတွင်းက နိုင်ငံရဲ့ ပထမဆုံး COVID-19 လူနာကို ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ဆူပါပွန် ဝါချာရာပလူဆာဒီးလည်း ပါဝင် ပါတယ်။

Horseshoe လင်းနို့တွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ် ဟာ COVID-19 ဗိုင်းရပ်စ်နဲ့ အသွင်တူတယ်ဆိုတဲ့ တရုတ်နိုင်ငံမှ အစီရင်ခံချက်တွေကြောင့် ယင်းလင်းနို့တွေကို စစ်ဆေး စမ်းသပ်ရခြင်းဖြစ်တယ်လို့ ဆူပါပွန်က ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ တရုတ်ပြင်ပမှာ ကမ္ဘာမှာ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် လူနာစတွေ့ခဲ့တဲ့ နိုင်ငံဖြစ်ပြီး လက်ရှိမှာ ပိုးတွေ့လူနာ ၃၁၃၅ ဦးနဲ့ သေဆုံးသူ ၅၈ ဦးရှိ နေပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

nine − five =