(၁၀)တန္းေျဖ ထားတဲ့ အပ်ိဳေဖာ္ဝင္ ခါစ (၁၆)ႏွစ္သမီးေလး အခန္း ထဲကို အေဖ တစ္ေယာက္ ဝင္ၾကည့္ လိုက္တဲ့အခါ…
|(၁၀)တန္းေျဖ ထားတဲ့ အပ်ိဳေဖာ္ဝင္ ခါစ (၁၆)ႏွစ္သမီးေလး အခန္း ထဲကို အေဖ တစ္ေယာက္ ဝင္ၾကည့္ လိုက္တဲ့အခါ…
၁၆ ႏွစ္သမီးေလး အခန္းထဲကို အေဖတေယာက္ ဝင္ၾကည့္တဲ့အခါ သမီး မရွိပဲ အခန္းက သပ္ရပ္ေနၿပီး
စားပြဲေပၚမွာ စာတစ္ေစာင္ တင္ထားတာကို ေတြ႕ လိုက္ ရပါတယ္ …။စာကို ဖတ္ၾကည့္တဲ့ အခါ….
ခ်စ္ေသာ ေဖေဖ…..စာကို ေရးရတဲ့အတြက္ စိတ္မေကာင္းပါဘူး။ေဖေဖနဲ႔ ေမေမကို တကယ္ ခ်စ္ပါတယ္။
သို႔ေပမယ့္ သမီးရဲ႕ ခ်စ္သူေနာက္ကို အၿပီး လိုက္သြားပါၿပီ… စိတ္မဆိုးပါနဲ႔ ေဖေဖ …။
သူက သမီးအေပၚ ေကာင္းပါတယ္။ အျပင္ပန္းက တက္ တူးေတြ၊ ေဆးမင္ေၾကာင္ေတြ ဘယ္ေလာက္ပဲ မ်ားမ်ား
သူ သမီးကို တကယ္ခ်စ္တာ ခံစားမိပါတယ္။သမီးထက္ ၁၄ ႏွစ္ ပိုႀကီး တယ္ေလ …။
အိမ္ေထာင္ကြဲေပါ့။ သို႔ေပမယ့္ သူ႔ဇာတ္လမ္းေတြ ပ်က္သြားၿပီ လို႔ေတာ့ သမီးကို ကတိေပး ထားတယ္ …။
သူ ကတိဖ်က္တာ ၁၅ ခါ မကေပမယ့္ ဒီတစ္ခါေတာ့ ေနာက္ဆုံး ျဖစ္မယ္လို႔ သမီး ယုံၾကည္တယ္ေလ …။
သမီးမွာလည္း ကိုယ္ဝန္ ရွိေနၿပီေလ။ငယ္ေသးေပမယ့္ ဒီအ႐ြယ္ မွာ ေမြးလို႔ ဘာမွ မျဖစ္ပါဘူး။
ကေလးေတြ အမ်ားႀကီး ေမြးၿပီး
ဘဝ တည္ေဆာက္ဖို႔လည္း သမီး ဆႏၵရွိပါတယ္ …။ သူလည္း ဒီတိုင္းပဲေလ။ ဒီအတြက္ ေဖေဖ စိတ္မပူပါနဲ႔။
သူ႔မွာ အလုပ္အကိုင္ မရွိဘူး ဆိုတာ မွန္ပါတယ္။ သို႔ေပမယ့္ ၿမိဳ႕မွာ သူ ေဆးေျခာက္ ျဖန႔္ေတာ့မယ္ေလ။
သမီးကို ခ်စ္ရင္ ဘယ္သူမွ မသိေစနဲ႔ေနာ္ …။သမီးတို႔ ခ်မ္းသာတဲ့ တစ္ေန႔က် ေဖေဖ တို႔ကို ျပန္ေက်းဇူး ဆပ္မွာပါ။
ေဖေဖ့ကိုလည္း ခ်စ္တယ္။ ခ်စ္သူကိုလည္း ခ်စ္တယ္။ ဒီေတာ့ သမီး ပိုခ်စ္ရတဲ့ ခ်စ္သူဆီကိုပဲ လိုက္သြားပါၿပီ အေဖ …၊
ခ်စ္ျခင္းမ်ားစြာျဖင့္ အေဖ့ရဲ႕ သမီး စာဖတ္ၿပီးခ်ိန္ ေဒါသႀကီးလွတဲ့ အေဖျဖစ္သူဟာ လက္ေတြေတာင္
ကတုန္ ကရင္ ျဖစ္လာပါတယ္။
စာကို ဆုပ္ၿဖဲမယ္အလုပ္ ေအာက္နားမွာ စာနည္းနည္း ထပ္ေရး ထားတာ ေတြ႕ေတာ့ ဆက္ဖတ္ၾကည့္လိုက္တယ္ …။
PS: ေဖေဖေရ…။ အေပၚက ေရးထားသမွ် တစ္ခုမွ မမွန္ပါဘူးေနာ။ အခု သမီး ေဘးက သူငယ္ခ်င္း အိမ္မွာ။
ေလာကမွာ ထင္ထားတာေတြ (သမီး ရီပို႔ကဒ္) ထက္ အရမ္းဆိုး႐ြားတဲ့ အရာေတြ ရွိေသး၊ ျဖစ္ႏိုင္ေသး တာကို
သမီး ေျပာျပခ်င္တာပါ …။ေလာေလာဆယ္ စားပြဲ အံဆြဲထဲ မွာ ေက်ာင္းက ေပးတဲ့ ရီပို႔ကဒ္ ( Report card )
ထားထားတယ္ ေဖေဖ ။
အမွတ္နဲ႔ အဆင့္ကို မၾကည့္ပဲ လက္မွတ္ ထိုးေပးေနာ္။ သမီး ကို ခ်စ္လို႔ စိတ္ဆိုးေျပရင္
ဖုန္းဆက္ ေခၚလိုက္ေနာ္ I love you Dad …!
Credit
unicode
(၁၀)တန်းဖြေ ထားတဲ့ အပျိုဖော်ဝင် ခါစ (၁၆)နှစ်သမီးလေး အခန်း ထဲကို အဖေ တစ်ယောက် ဝင်ကြည့် လိုက်တဲ့အခါ…
၁၆ နှစ်သမီးလေး အခန်းထဲကို အဖေတယောက် ဝင်ကြည့်တဲ့အခါ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး
စားပွဲပေါ်မှာ စာတစ်စောင် တင်ထားတာကို တွေ့ လိုက် ရပါတယ် …။စာကို ဖတ်ကြည့်တဲ့ အခါ….
ချစ်သော ဖေဖေ…..စာကို ရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။
သို့ပေမယ့် သမီးရဲ့ ချစ်သူနောက်ကို အပြီး လိုက်သွားပါပြီ… စိတ်မဆိုးပါနဲ့ ဖေဖေ …။
သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက် တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ
သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။သမီးထက် ၁၄ နှစ် ပိုကြီး တယ်လေ …။
အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီ လို့တော့ သမီးကို ကတိပေး ထားတယ် …။
သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်မယ်လို့ သမီး ယုံကြည်တယ်လေ …။
သမီးမှာလည်း ကိုယ်ဝန် ရှိနေပြီလေ။ငယ်သေးပေမယ့် ဒီအရွယ် မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။
ကလေးတွေ အများကြီး မွေးပြီး
ဘဝ တည်ဆောက်ဖို့လည်း သမီး ဆန္ဒရှိပါတယ် …။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။
သူ့မှာ အလုပ်အကိုင် မရှိဘူး ဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့မှာ သူ ဆေးခြောက် ဖြန့်တော့မယ်လေ။
သမီးကို ချစ်ရင် ဘယ်သူမှ မသိစေနဲ့နော် …။သမီးတို့ ချမ်းသာတဲ့ တစ်နေ့ကျ ဖေဖေ တို့ကို ပြန်ကျေးဇူး ဆပ်မှာပါ။
ဖေဖေ့ကိုလည်း ချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီး ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ …၊
ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့ သမီး စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်သူဟာ လက်တွေတောင်
ကတုန် ကရင် ဖြစ်လာပါတယ်။
စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေး ထားတာ တွေ့တော့ ဆက်ဖတ်ကြည့်လိုက်တယ် …။
PS: ဖေဖေရေ…။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်း အိမ်မှာ။
လောကမှာ ထင်ထားတာတွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို
သမီး ပြောပြချင်တာပါ …။လောလောဆယ် စားပွဲ အံဆွဲထဲ မှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card )
ထားထားတယ် ဖေဖေ ။
အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ် ထိုးပေးနော်။ သမီး ကို ချစ်လို့ စိတ်ဆိုးပြေရင်
ဖုန်းဆက် ခေါ်လိုက်နော် I love you Dad …!
Credit