အန်တီဆုံးဖြတ်ချက်မှားသွားတယ်၊ အကြီးကြီး ဆုံးရှုံး ရတော့မယ် ဆိုပြီး ရင်နင့်စွာပြောပြလာတဲ့ ဦးမန်းဝင်း ဇနီး (ရုပ်သံ)

အန်တီဆုံးဖြတ်ချက်မှားသွားတယ်၊ အကြီးကြီး ဆုံးရှုံး ရတော့မယ် ဆိုပြီး ရင်နင့်စွာပြောပြလာတဲ့ ဦးမန်းဝင်း ဇနီး (ရုပ်သံ)

လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ ဦးနှောက်သွေး ယိုစိမ့်မှု ကြောင့် ခွဲစိတ်ပြီး တဲ့ နောက်ပိုင်း လုံးဝ သတိပြန်မရလာတော့လို့ စိုးရိမ်ဖွယ် အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ဦးမန်းဝင်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက ဦးမန်းဝင်း အခုလို ဖြစ်ခဲ့ရတာ သူမ ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ရင်နင့်စွာ အခုလို ပြောဆိုလာပါတယ်။

နောက်ဆုံးအချိန်ကိုတော့ ရင်ဆိုင်နေရပြီလို့ ထင်တာပါပဲ မပြောချင်ဘူး အရမ်း ဝမ်းနည်းတယ် ဦးဆောင်ပြီး လုပ်နေရတဲ့ အန်တီ့မှာ အပြစ်ရှိပါတယ်။ သူ (ဦးမန်းဝင်း) အခုလိုဖြစ်သွားတာ အန်တီဆုံးဖြတ်ချက် မှားသွားလို့ သားသမီးတွေက အဖေကို ကောင်းစေချင်လို့ ခွဲပေမယ့် အန်တီက မခွဲစိတ်ဘူး လို့ပြောရင် အန်တီ့ကို ကျော်ပြီး ဇွတ်မလုပ် ကြပါဘူး။

ဦးမန်းဝင်း အခုလိုဖြစ်သွားတာ အန်တီ့ကြောင့်ပါ.. အန်တီ ဆုံးဖြတ်ချက် မှားသွားတယ် အကြီးကြီး ဆုံးရှုံးရတော့မယ် အန်တီအရမ်း ကြောက်တဲ့ ကိုမာ က အန်တီ့ဆီရောက်လာတာ အဆုတ်ကလေးကတော့ အသက်ရှူနေတယ် … တစ်ညတော့ ဖြတ်သန်းခဲ့ပြီပေါ့နော် အောက်ဆီဂျင် အိုးလေးနဲ့ နောက် ဘယ်နှစ်ညတော့ အန်တီ အန်တု နိုင်အုံး မလဲ မသိပါဘူး ” လို့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက 8Days TV ကို ပြောပါတယ်။

ဝမ်းနည်းစွာ ပြောဆိုနေ တဲ့ အန်တီ ဒေါ်ခင်အေးကြူ ရဲ့ ဗီဒီဖိုင်ကို ကြည့်ပြီး အားလုံးက စိတ်မကောင်း ဖြစ်နေကြပါတယ် ဦးမန်းဝင်းရဲ့ ကျန်းမာရေးအတွက် အမြန်ဆုံးပြန်လည် ကောင်းမွန်လာအောင် ဆုတောင်းပေးခဲ့ ကြပါအုံးနော်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

17 + 4 =