ေရျဖဴၿမိဳ႕ မွာ ေကလးငယ္အပါ မိသားစုလိုက္ သုံးေလာင္းၿပိဳင္ အသတ္ခံရ

ေရျဖဴၿမိဳ႕ မွာ ေကလးငယ္အပါ မိသားစုလိုက္ သုံးေလာင္းၿပိဳင္ အသတ္ခံရ

တန သၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕၊ ဥဳသာရံရထားလမ္းေဘး အနီးမွာေနထိုင္တဲ့မိသားစုတစ္စုဟာ ဇြန္၁၃ရက္ေန႔က အသက္တစ္ႏွစ္ခြဲ ဝန္းက်င္ကေလးငယ္တစ္ဦးအပါအဝင္ တစ္မိသားစုလုံးအသတ္ခံခဲ့တယ္လို႔ ေရျဖဳၿမိဳ႕မ ရဲစခန္းကဒုရဲအုပ္ေဇာ္ထက္က ဘီဘီစီကိုေျပာပါတယ္။ ေသဆုံးသူေတြ ထဲက အသက္ ၂၆ႏွစ္အ႐ြယ္ရွိ အိမ္ေထာင္ဦးစီးျဖစ္သူအမ်ိဳးသားဟာ ရထားဝန္ထမ္းတစ္ဦးျဖစ္ၿပီးအဆိုပါေနရာမွာ ကားလမ္းနဲ႔ရထားလမ္းဆုံရာ ရထားလမ္းအဖြင့္အပိတ္ကို လုပ္ေဆာင္ေပးသူျဖစ္တယ္လို႔ အဆိုပါေနရာအနီးတဝိုက္ကေဒသခံေတြက ေျပာပါတယ္။

‘ ‘ ေသသူအမ်ိဳးသား ရဲ႕အေမကသူတို႔ဆီေန႔တိုင္း ဖုန္းဆက္ေနၾက ကို မေန႔ကဆက္မရလို႔လာၾကည့္ေတာ့ တံခါးကအျပင္ကေသာ့ ပိတ္ထားတယ္လို႔ေျပာတယ္။ သူအထဲကိုဖုန္းမီးနဲ႔ထိုးၿပီး ေခ်ာင္းၾကည့္ေတာ့ အထဲမယ္အကုန္လုံးေသေနတာေတြ႕ရလို႔ ရပ္ကြက္လူႀကီးေတြကို အေၾကာင္းၾကား။ ရပ္ကြက္ကရဲစခန္းကိုအေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔ သြားေတာ့ ည ဆယ္နာရီ ေလာက္ရွိေနၿပီ။ အခုထိေတာ့ တရားခံေတြကို စုံစမ္းဆဲပါ”လို႔ ေရျဖဴၿမိဳ႕မရဲစခန္းဒုရဲအုပ္ေဇာ္ထက္ကေျပာျပပါတယ္။

ေသဆုံးသူအမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္တို႔ဟာ ဓားဒဏ္ရာအမ်ားအျပားနဲ႔ေသဆုံးေနတာကိုေတြ႕ခဲ့ရတယ္လို႔ ေသဆုံးသူ႐ုပ္အေလာင္းေတြကိုသြားေရာက္သယ္ယူေပးခဲ့တဲ့ ျမင့္ျမတ္ ေရျဖဴအသင္းကကိုသက္ဦးက ေျပာျပပါတယ္။ ‘ ‘ အိမ္ကေျခတံရွည္အိမ္ေလး၊ ေလွကားကအတက္ေနရာအနီး အိပ္ခန္းအျပင္နား မွာ ၃ေယာက္လုံးတစ္ေနရာထဲပဲစုေသေနတာ။ ခုခံထားတဲ့ပုံစံ ႐ုန္ရင္းဆန္ခတ္ျဖစ္ထားတဲ့အေျခအေနကို ေတာ့ေတြ႕ရတယ္။ သူတို႔ကအိမ္က႐ြာထဲမွာမဟုတ္ဘူး။ သူတို႔ေနတဲ့အိမ္ရဲ႕ဘယ္ဖက္မွာအိမ္မရွိဘူး။ သူတို႔အိမ္ရဲ႕ညာဖက္ကိုက္၃ရာေလာက္မွာ ေဈးဆိုင္ တစ္ဆိုင္ရွိတယ္။ အဲဒါကအနီးဆုံးပဲ။ အသံေတြဘာေတြမၾကားရေလာက္ဘူး”လို႔ အခင္းျဖစ္ရာေနရာမွာေတြ႕ျမင္ခဲ့ရတဲ့အေျခအေနကိုကိုသက္ဦးကျပန္လည္ေျပာျပပါတယ္။

ေသဆုံးသူမိသားစုဟာဝန္ထမ္းမိသားစုျဖစ္ၿပီး မိသားစု ေဆြမ်ိဳးသားခ်င္းမ်ားမွာလည္း ထားဝယ္ၿမိဳ႕နယ္မွာပဲရွိကာ အဆိုပါအခင္းျဖစ္ရာေရျဖဴၿမိဳ႕နယ္၊ ဂငယ္ရပ္ကြက္ကို ေျပာင္းလာတာဟာ တစ္ႏွစ္ခြဲဝန္းက်င္ခန႔္သာရွိေသးတယ္လို႔လည္း အဆိုပါေနရာအနီးေနထိုင္သူအခ်ိဳ႕ရဲ႕ေျပာျပခ်က္ကို ေရျဖဴၿမိဳ႕နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွေထြးက ဘီဘီစီကိုေျပာျပ ပါတယ္။ ‘ ‘ ကြၽန္ေတာ္တို႔ကိုလည္း သူတို႔နဲ႔အနီးဆုံးကေဈးဆိုင္ကသူေတြလွမ္းအေၾကာင္းၾကားလို႔သိတာ။ သူတို႔ေျပာျပခ်က္အရေတာ့ တခါတေလေဈးဆိုင္မွာေဈးလာဝယ္တာ ရွိတယ္။ ကိစၥရွိရင္ ထားဝယ္ဘက္ကိုသြားတယ္။ တျခားသူေတြနဲ႔ အဆက္စပ္ရွိတာေတာ့မေတြ႕ရဘူးလို႔ေျပာၾကတယ္။ အဖိုးတန္ပစၥည္းဘာညာလည္းမရွိေလာက္ဘူး။ ကြၽန္ေတာ္တို႔ေတြ႕ရသေလာက္ေတာ့”လို႔ ျမင့္ျမင္ေရျဖဴအသင္းက ကိုသက္ဦးကေျပာျပပါတယ္။

လက္ရွိမွာ ေရျဖဴၿမိဳ႕မရဲစခန္းမွာ ပုဒ္မ ၃၀၂ နဲ႔အမႈဖြင့္ ထားၿပီးတရားခံကိုစုံစမ္းေနကာ မေန႔ကညပိုင္းမွာေတာ့ခ႐ိုင္ရဲတပ္ဖြဲ႕ကပါ ကြင္းဆင္းၿပီးစစ္ေဆးတာေတြကိုလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ‘ ‘ ဒါမ်ိဳးအမႈႀကီးေတြမရွိခဲ့ဖူးဘူး။ စုံစမ္းစစ္ေဆးတာကိုေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕မစခန္းကပဲ ဆက္လုပ္မွာပါ။ အခုကေတာ့ ဘာေၾကာင့္ဆိုတာ ေကာက္ခ်က္ေျပာဖို႔ေတာ့ေစာပါေသးတယ္။ ေျပာလို႔မရေသးပါဘူး။ အဖိုးတန္ပစၥည္းယူခ်င္လို႔ဘာလို႔ေတာ့ မဟုတ္ေလာက္ဘူး”လို႔ ေရျဖဴၿမိဳ႕မရဲစခန္း၊ ဒုရဲအုပ္ေဇာ္ထက္ကေျပာျပပါတယ္။

ဘီဘီစီ

unicode

ရေဖြူမြို့ မှာ ကေလးငယ်အပါ မိသားစုလိုက် သုံးလောင်းပြိုင် အသတ်ခံရ

တန င်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဥုသာရံရထားလမ်းဘေး အနီးမှာနေထိုင်တဲ့မိသားစုတစ်စုဟာ ဇွန်၁၃ရက်နေ့က အသက်တစ်နှစ်ခွဲ ဝန်းကျင်ကလေးငယ်တစ်ဦးအပါအဝင် တစ်မိသားစုလုံးအသတ်ခံခဲ့တယ်လို့ ရေဖြုမြို့မ ရဲစခန်းကဒုရဲအုပ်ဇော်ထက်က ဘီဘီစီကိုပြောပါတယ်။ သေဆုံးသူတွေ ထဲက အသက် ၂၆နှစ်အရွယ်ရှိ အိမ်ထောင်ဦးစီးဖြစ်သူအမျိုးသားဟာ ရထားဝန်ထမ်းတစ်ဦးဖြစ်ပြီးအဆိုပါနေရာမှာ ကားလမ်းနဲ့ရထားလမ်းဆုံရာ ရထားလမ်းအဖွင့်အပိတ်ကို လုပ်ဆောင်ပေးသူဖြစ်တယ်လို့ အဆိုပါနေရာအနီးတဝိုက်ကဒေသခံတွေက ပြောပါတယ်။

‘ ‘ သေသူအမျိုးသား ရဲ့အမေကသူတို့ဆီနေ့တိုင်း ဖုန်းဆက်နေကြ ကို မနေ့ကဆက်မရလို့လာကြည့်တော့ တံခါးကအပြင်ကသော့ ပိတ်ထားတယ်လို့ပြောတယ်။ သူအထဲကိုဖုန်းမီးနဲ့ထိုးပြီး ချောင်းကြည့်တော့ အထဲမယ်အကုန်လုံးသေနေတာတွေ့ရလို့ ရပ်ကွက်လူကြီးတွေကို အကြောင်းကြား။ ရပ်ကွက်ကရဲစခန်းကိုအကြောင်းကြားလို့ ကျွန်တော်တို့ သွားတော့ ည ဆယ်နာရီ လောက်ရှိနေပြီ။ အခုထိတော့ တရားခံတွေကို စုံစမ်းဆဲပါ”လို့ ရေဖြူမြို့မရဲစခန်းဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။

သေဆုံးသူအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တို့ဟာ ဓားဒဏ်ရာအများအပြားနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ သေဆုံးသူရုပ်အလောင်းတွေကိုသွားရောက်သယ်ယူပေးခဲ့တဲ့ မြင့်မြတ် ရေဖြူအသင်းကကိုသက်ဦးက ပြောပြပါတယ်။ ‘ ‘ အိမ်ကခြေတံရှည်အိမ်လေး၊ လှေကားကအတက်နေရာအနီး အိပ်ခန်းအပြင်နား မှာ ၃ယောက်လုံးတစ်နေရာထဲပဲစုသေနေတာ။ ခုခံထားတဲ့ပုံစံ ရုန်ရင်းဆန်ခတ်ဖြစ်ထားတဲ့အခြေအနေကို တော့တွေ့ရတယ်။ သူတို့ကအိမ်ကရွာထဲမှာမဟုတ်ဘူး။ သူတို့နေတဲ့အိမ်ရဲ့ဘယ်ဖက်မှာအိမ်မရှိဘူး။ သူတို့အိမ်ရဲ့ညာဖက်ကိုက်၃ရာလောက်မှာ ဈေးဆိုင် တစ်ဆိုင်ရှိတယ်။ အဲဒါကအနီးဆုံးပဲ။ အသံတွေဘာတွေမကြားရလောက်ဘူး”လို့ အခင်းဖြစ်ရာနေရာမှာတွေ့မြင်ခဲ့ရတဲ့အခြေအနေကိုကိုသက်ဦးကပြန်လည်ပြောပြပါတယ်။

သေဆုံးသူမိသားစုဟာဝန်ထမ်းမိသားစုဖြစ်ပြီး မိသားစု ဆွေမျိုးသားချင်းများမှာလည်း ထားဝယ်မြို့နယ်မှာပဲရှိကာ အဆိုပါအခင်းဖြစ်ရာရေဖြူမြို့နယ်၊ ဂငယ်ရပ်ကွက်ကို ပြောင်းလာတာဟာ တစ်နှစ်ခွဲဝန်းကျင်ခန့်သာရှိသေးတယ်လို့လည်း အဆိုပါနေရာအနီးနေထိုင်သူအချို့ရဲ့ပြောပြချက်ကို ရေဖြူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှထွေးက ဘီဘီစီကိုပြောပြ ပါတယ်။ ‘ ‘ ကျွန်တော်တို့ကိုလည်း သူတို့နဲ့အနီးဆုံးကဈေးဆိုင်ကသူတွေလှမ်းအကြောင်းကြားလို့သိတာ။ သူတို့ပြောပြချက်အရတော့ တခါတလေဈေးဆိုင်မှာဈေးလာဝယ်တာ ရှိတယ်။ ကိစ္စရှိရင် ထားဝယ်ဘက်ကိုသွားတယ်။ တခြားသူတွေနဲ့ အဆက်စပ်ရှိတာတော့မတွေ့ရဘူးလို့ပြောကြတယ်။ အဖိုးတန်ပစ္စည်းဘာညာလည်းမရှိလောက်ဘူး။ ကျွန်တော်တို့တွေ့ရသလောက်တော့”လို့ မြင့်မြင်ရေဖြူအသင်းက ကိုသက်ဦးကပြောပြပါတယ်။

လက်ရှိမှာ ရေဖြူမြို့မရဲစခန်းမှာ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့် ထားပြီးတရားခံကိုစုံစမ်းနေကာ မနေ့ကညပိုင်းမှာတော့ခရိုင်ရဲတပ်ဖွဲ့ကပါ ကွင်းဆင်းပြီးစစ်ဆေးတာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ‘ ‘ ဒါမျိုးအမှုကြီးတွေမရှိခဲ့ဖူးဘူး။ စုံစမ်းစစ်ဆေးတာကိုတော့ ကျွန်တော်တို့မြို့မစခန်းကပဲ ဆက်လုပ်မှာပါ။ အခုကတော့ ဘာကြောင့်ဆိုတာ ကောက်ချက်ပြောဖို့တော့စောပါသေးတယ်။ ပြောလို့မရသေးပါဘူး။ အဖိုးတန်ပစ္စည်းယူချင်လို့ဘာလို့တော့ မဟုတ်လောက်ဘူး”လို့ ရေဖြူမြို့မရဲစခန်း၊ ဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။

ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *

18 + four =