လော့ဒေါင်း ကာလမှာ တာမွေက ပြည်သူတွေ ရဲ့ လေးစားဖွယ် ချစ်စရာအလေ့အထ တခု






ကျော်လွင်သောင်း

unicode

ကျတော် တို့ဌေးကြွယ် ရပ်ကွက် ဇဋိလလမ်း တာမွေရဲ့ လေးစားဖွယ်ချစ်စရာ အလေ့အထ

Covid 19 ဖြစ်နေကြတဲ့ အချိန် တာမွေမှာ Semi Lock down ဖြစ်တဲ့အချိန် ၊ လမ်းထိပ်တွေ မှာ တစ်ဝက်လောက် ပိတ်လိုက်ပီး တစ်ချို့ လမ်းထိပ်တွေမှာ လမ်းထဲက စေတနာရှင်ပြည်သူတွေက အစောင့် သဘောမျိုးထားပေးထားပါတယ်။

ဇဋိလ လမ်းကတော့ တစ်မျိုးဗျ..လမ်းထဲက အသက်ကြီးပိုင်းအဒေါ်ကြီးတွေက စက်ချုပ်ခုံလေးတွေချပြီး လမ်းထဲက သူတွေက ပိတ်စတွေလာပေးကြ..Mask ချုပ်ဖို့ညှပ်ပေးသူကညှပ်ပေး.. ချုပ်တဲ့သူကချုပ် ပြီး လမ်းထဲဝင်လို့ Mask မပါလျှင် အလကားဝေပေးကာ တပ်ခိုင်းပါတယ်..

လမ်းထဲက သူတွေကလည်း Mask လေးတွေ သွားတောင်းပြီး တပ်ကြ ပါတယ်..လမ်းထဲ ကစေတနာရှင်တွေက သူတို့အဖွဲ့စားဖို့သောက်ဖို့ တစ်ယောက် တစ်မျိုးစီ လာပေးကြပါတယ်..

ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေကိုကြည့်ပြီး အရမ်းကို သဘောကျတဲ့ အတွက် ဓာတ်ပုံလေးရိုက်ပြီးတင်ပေးလိုက်ရပါတယ်..ကျတော် ကိုယ်တိုင် ဇဋိလလမ်း မှာနေပါတယ်..Seven Taxi Group အဖွဲ့တည်ထောင်ထားသူပါ..

ကျော်လွင်သောင်း

Add a Comment

Your email address will not be published. Required fields are marked *

twenty + 6 =