မိန်းမ ကို အရမ်းချစ်တဲ့ အကြောင်း ကို လွန်ခဲ့ တဲ့ (၁၈) နှစ်ကစာလေး နဲ့ သက်သေထူပြလိုက် တဲ့ နနန္ဒာလှိုင့် ခင်ပွန်း ဦးဇေသီဟ

မိန်းမ ကို အရမ်းချစ်တဲ့ အကြောင်း ကို လွန်ခဲ့ တဲ့ (၁၈) နှစ်ကစာလေး နဲ့ သက်သေထူပြလိုက် တဲ့ နနန္ဒာလှိုင့် ခင်ပွန်း ဦးဇေသီဟ

ပ ရိတ်သတ်ကြီးရေ တစ်ခေတ် တစ်ခါက အောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကနေ ရပ်နားလိုက်တဲ့ အကယ်ဒမီ မင်းသမီးချော နန္ဒာလှိုင်ကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်နော်။ အောင်မြင်မှုများစွာ ရရှိနေတဲ့ အချိန်မှာတောင် မိသားစုကိုပဲ အချိန်ပေးပြီး သားသမီးတွေ ကို ရင်အုပ်မကွာ သေချာပြုစုစောင့်ရှောက်ဖို့အတွက် အနုပညာလုပ်ငန်းတွေကို ရပ်နားခဲ့တာပါ။

အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမဲ့ သူမ နဲ့ သူမရဲ့ မိသားစု တစ်နေ့တာ လှုပ်ရှားမှုလေးတွေကို အမြဲမပြတ် ဆိုရှယ်မီဒီယာမှာ မျှဝေပေးတတ်တာကြောင့် ပရိတ်သတ် နဲ့ အမြဲတမ်း ထိကပ်နေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတွေရဲ့ လှုပ်ရှားမှုလေးတွေ ကို မျှဝေတတ်တာကြောင့် သူမကို သာမက သူမရဲ့ မိသားစုကိုပါ ပရိတ်သတ်က အချစ်ပိုနေရတာပါ။

ခင်ပွန်းဖြစ်သူ ဦးဇေသီဟ နဲ့ ပျော်ရွှင်စရာကောင်း တဲ့ မိသားစု ဘဝလေးကို ထူထောင်ထားပြီး အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူအတန်းများကိုလည်း အမြဲမပြတ် သိန်းထောင် ချီ လှူဒါန်းနေကြသူတွေပါ။ ချစ်စရာကောင်းတဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားကျမှုကို ရရှိ နေတာပါ။

မိန်းမဖြစ်သူ နန္ဒလှိုင်ကို သိပ်ချစ်ရတဲ့ အကြောင်း နဲ့ ပက်သက်ပြီး ဦးဇေသီဟကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စာလေးကို ပရိတ်သတ်ထံ မျှဝေရင်း သက်သေပြခဲ့ပါတယ်။ ဦးဇေသီဟရဲ့ စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်ရှင်။ ပရိတ်သတ်ကြီးလည်း ချစ်ရတဲ့သူနဲ့ သက်ဆုံးတိုင် လက်တွဲသွားနိုင်ပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *

13 + 13 =