တစ်ပတ်စာ ခုနှစ်ရက် သားသမီး ကံကြမ္မာ ဟောကိန်း… (15-6-2020 to 21-6-2020)

တစ်ပတ်စာ ခုနှစ်ရက် သားသမီး ကံကြမ္မာ ဟောကိန်း… (15-6-2020 to 21-6-2020)

တနင်္ဂေနြ သားသမီး

ငွေကြေးကံကောင်းမည့် ကာလပါ ငွေကြေးစုဆောင်းမိပါလိမ့်မည် ကောင်းသောကံကြမ္မာကောင်းများနှင့်ကြုံတွေ့ရပါလိမ့်မည်…

ရပ်ဝေးမှသတင်းကောင်းကြား ရတတ်သလို လခစားဝန်ထမ်းများလစာတိုးခြင်းလုပ်ပိုင်ခွင့်ရခြင်း နေရာကောင်းသို့ပြောင်းရွှေ့ရခြင်းများကြုံရပါမည်…

ထီ49ပါသောထီထိုးပါ ယတြာ သကြားလုံး၉လုံးဘုရားလှုပေးပါ…

တနင်္လာ သားသမီး

ရင်းရင်းနှီးနှီး လူရင်းမိတ်ဆွေတစ်ဦးမှ မိမိအပေါ်သစ္စာဖောက်အကောက်ကြံချောက်တွန်းတတ်ပါသည် ချစ်သူမရှိသေးသူများချစ်သူရရှိပါမည် ခေါင်းကိုက်ခြင်းခေါင်းမူးခြင်းဝေဒနာများခံစားရတတ်ပါသည်…

လောင်းကစားလုံးဝအကျိုးမပေးပါ ရှုံးမဲမဲလေး ဆုံးရှုံးမူများလေဖြစ်ပါသည် ဝင်ငွေထက်ထွက် ငွေပိုများနေပါလိမ့်မည်…

ထီ၉၀ပါသော ထီထိုးပါ ယတြာ စနေထောင့်တွင်သန့်ရှင်းရေးပြုလုပ်ပေးပါ…

အင်္ဂါ သားသမီး

ရပ်ဝေးခရီးကိစ္စ နိုင်ငံရပ်ခြား ကိစ္စများစီစဉ်ထားပါကအောင်မြင်ပါလိမ့်မည် ယခုကာလမှာလှုပ်ရှားသွားလာမူတွေပိုများနေပါလိမ့်မည်…

ကျန်းမာရေးမှာခေါင်းမူးခေါင်းနောက်ဝေဒနာ ခံစားရတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်အနေနီးစပ်သူနှင့်ချစ်သူရည်းစားဖြစ်ပါလိမ့်မည်…

ထီ၃၀ပါသောထီထိုးပါ ယတြာ စနေထောင့်တွင် နှင်းဆီပန်း၁၀ပွင့်လှုပေးပါ…

ဗုဒ္ဓဟူး သားသမီး

သင်တန်းတက်ရခြင်း ပညာရပ် တစ်ခုခုကိုလေ့လာရခြင်း သုတေသနပြုရခြင်းများပြုလုပ်ရပါမည် ခရီးအနီးထွက်ရမည် ကောင်းသောခရီးပါ…

အရောင်းအဝယ်ကိစ္စတွေလည်း ထင်ထားတာထက် ပိုဤအကျိုးအမြတ်ရရှိပါလိမ့်မည် ကျန်းမာရေးတွင်အဆစ်အမြစ်များနာခြင်းဇက်ကြောမကြာခဏတက်ခြင်းများဖြစ်နေတတ်ပါသည်…

ချစ်သူရည်းစားမရှိသေးသူများချစ်သူ ရရှိမည်ကာလပါ…

ထီ၂၀ပါသောထီကိုထိုးပါ ယတြာ လူသွား လမ်းပေါ်ဆန်ကြဲပေးပါ…

ကြာသာပေတးသားသမီး

အလိုလိုနေရင်းစိတ်တွေရှုပ်ထွေးနေပါလိမ့်မည် မိမိရဲ့ အတွင်းဒေါသကမမျှော်လင့်ဘဲထိန်းမနိုင်သိမ်းမနိုင်ပေါက်ကွဲတတ်လို့အထူးသတိထားရမည့်ကာလပါ …

ဘာမဟုတ်တဲ့ကိစ္စလေးကနေစကားများရန်ဖြစ်တဲ့အထိဖြစ် သွားတတ်ပါတယ်…

ကျန်းမာရေးတွင်အာရုံကြောအားနည်း၍မကြာခဏသတိမေ့နေတတ်ပါသည် အိမ်ထောင်မရှိသေးသူများရုတ်တရက်အိမ်ထောင်ကျကိန်းရှိသည်…

ထီ၅၀ပါသောထီကိုထိုးပါ ယတြာ ရာဟုထောင့် စနေထောင့် နှင့် အင်္ဂါထောင့်တို့တွင်ရေသက်စေ့လောင်းလှုပေးပါ…

သောကြာသားသမီး

စက်ပစ္စည်းတွေမကြာခဏပျက်လို့စိတ်ညစ်နေ ရလိမ့်မည် အင်္ဂါသားသမီး ညအိပ်လက်မခံသင့်ပါ ကျန်းမာရေးတွင်ဒူးအဆစ်အမြစ်နာခြင်းမလှုပ်ချင်မကိုင်ချင်ဖြစ်နေလိမ့်မည်…
.
ငယ်ရွယ်သူများသူငယ်ချင်းအရင်းဖြစ်သူမှချစ်ရေး ဆိုရင်ဖွင့်ခြင်းခံရပါမည် ထီ၅၄ပါသောထီထိုးပါ ယတြာ လူသွားလမ်းချိုင့်များကိုအုတ်ကျိုးခင်းဖို့ပေးပါ…

စေနသားသမီး

အလိုလိုနေရင်း စိတ်ရှုပ်စိတ်နောက်ဖြစ်နေလိမ့်မည် အရာရာမှာ ကြုံလိုက်တိုင်းပြသာနာတက်စရာတွေချည်းဖြစ်နေတတ်ပါသည် ကိုယ့်စိတ်ကိုယ်အထူးထိန်းပါ…

ပြသာနာမတတ်အောင်သတိ နဲ့ထိန်းပါ တတ်နိုင်ရင်ခရီးတစ်ခု ထွက်ပေးလိုက်ပါ နှလုံးအားနည်း၍မူးမော်မည် ချစ်သူရှိပါက မိမိချစ်သူ ကျန်းမာရေးကြောင့်ဆေးရုံဆေးခန်းရောက်ရှိတတ်ပါသည်…

ထီ၈၀ပါသောထီထိုးပါ ယတြာ နေအိမ်ဘုရားတွင် ရွှေရင်အေးလှုပေးပါ…။

ကျော်ဘိုဘိုဟိန်း

Add a Comment

Your email address will not be published. Required fields are marked *

eleven + 6 =