အမေရိကန် နဲ့ ဆွေးနွေးမယ့် အစား၊ အဏုမြူဗုံး တွေပဲ တိုးပြီး ထုတ်လုပ်တော့မယ် လို့ ကင်ဂျုံအန်ဆို
|အမေရိကန် နဲ့ ဆွေးနွေးမယ့် အစား၊ အဏုမြူဗုံး တွေပဲ တိုးပြီး ထုတ်လုပ်တော့မယ် လို့ ကင်ဂျုံအန်ဆို
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကတော့ ကန်နဲ့ နောက်တစ်ကြိမ် အရေမရ အဖက်မရတွေ ဆွေးနွေးမယ့်အစား၊ အဏုမြူဗုံးတွေကိုပဲ တိုးပြီးထုတ်သွားတော့မယ့်အကြောင်း ဆိုပါတယ်။ ကန်နဲ့မြောက်တို့ တွေ့ဆုံဆွေးနွေးခဲ့မှုဟာ (၂)နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပေမယ့် မြောက်အတွက် ဘာမှ မထူးခြားခဲ့ပါဘူး။မကြာသေးခင်က မြောက်သတင်းစာတွေက တောင်နဲ့ အမေရိကန်ကို သူတော်ကောင်းယောင်ဆောင်သူတွေလို့ စွပ်စွဲခဲ့သလို၊ အနာဂတ်မှာ အရေးမပါတဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ အတွက် အချိန်တွေ ပေးသွားတော့ မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း “အဓိပ္ပါယ်မရှိသော”လို့ နာမဝိသေသန တပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ကပဲ မြောက်ကိုရီးယား ရဲ့ ဒုတိယခေါင်းဆောင် လို့ ပြောလို့ရတဲ့ ကင်ရဲ့ညီမ ကင်ယိုဂျောင်က တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားဆန့်ကျင့်ရေး လှုပ်ရှားမှုတွေကို တားဆီးနိုင်ခြင်း မရှိတဲ့အတွက်၊ မြောက်အနေနဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်သွားပြီမို့ စစ်ရေးအရ အရေးယူ တိုက်ခိုက်တော့မယ်လို့ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။မြောက်ကိုရီးယားရဲ့ အမေရိကန်ဆက်ဆံရေး Kwon Jong-gun က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ကတိကဝတ် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြခဲ့သလို၊ နယူကလီးယားဖျက်သိမ်းရေး ဆွေးနွေးခဲ့တာဟာ အတော်လေး ကို အရှက်မရှိလို့ဖြစ်ကြောင်း ဆိုပါတယ်။ ကင်ဂျုံအန်ကတော့ တောင်ကိုရီးယားနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အရေးယူမှုတွေကို အမေရိကန်အနေနဲ့ အာချောင်ခြင်း၊ တို့ကနန်းဆိတ်ကနန်း ပြောခြင်းမပြုဖို့ တားမြစ် လိုက်ပါတယ်။
မလိုက်နာဘူးဆိုရင် ကောင်းတဲ့ သက်ရောက်မှုတွေအစား အဆိုးတရားတွေကိုသာ ကြုံရ လိ့မ်မယ်လို့ ဆိုပါတယ်။ အမေရိကန်မှာတော့ လက်ရှိအချိန်မှာ ပြည်တွင်းမငြိမ်သတ်မှုတွေ ဖြစ်နေတဲ့အတွက်၊ သူ့ရဲ့ ရန်ဘက်နိုင်ငံတွေအနေနဲ့ လက်တလော ကြိတ်ပြီးဝမ်းသာစရာ၊ ဒါမှမဟုတ် ခဏတဖြုတ် တည်ငြိမ်မှုတွေ ရနေတယ်လို့ ဆိုရမယ့် သဘောဖြစ်နေပါတယ်။
Credit Celecrazynews
Ref DailyStar