“မင္းရာဇာ” အိမ္ေဖာ္မေလး အေပၚ ရက္စက္ ယုက္မာမႈ ကို အၿပီး သတ္ အမိန႔္ခ်မည္ရက္ ထုတ္ျပန္လိုက္ၿပီ

“မင္းရာဇာ” အိမ္ေဖာ္မေလး အေပၚ ရက္စက္ ယုက္မာမႈ ကို အၿပီး သတ္ အမိန႔္ခ်မည္ရက္ ထုတ္ျပန္လိုက္ၿပီ

သ႐ုပ္ေဆာင္မင္းရာဇာ အိမ္က အိမ္အကူ မိန္းကေလး ကို အက္ဆစ္နဲ႔ ပက္တာ၊ တူနဲ႔ထုတာ၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္တာေတြေၾကာင့္ ေ႐ႊေပါကၠံၿမိဳ႕နယ္ ရဲစခန္းမွာ အမ်ိဳးသမီးေလးရဲ႕ မိခင္ျဖစ္သူက ရာဇသတ္ႀကီးပုဒ္မ ၄ ခုနဲ႔ ဧၿပီ ၇ ရက္ေန႔က သ႐ုပ္ေဆာင္ မင္းရာဇာနဲ႔ ဇနီးျဖစ္သူ အပါအဝင္ ၄ ဦးတို႔ကို ေ႐ႊေပါကၠံၿမိဳ႕နယ္ အမႈဖြင့္ခဲ့တာပါ။

တရားလိုဘက္က ႐ုံးေျပာင္းေလွ်ာက္ထားမႈနဲ႔ ပတ္သက္ၿပီး လာမယ့္ဇြန္လ ၂၂ ရက္ေန႔ အၿပီးသတ္ အမိန႔္ခ်မွတ္သြားမယ္လို႔ ေရွ႕ပိုင္းခ႐ိုင္ တရား႐ုံး ျပန္ၾကားေရးအရာရွိ ဦးေအာင္ေနမ်ိဳးက ေျပာပါတယ္။ဇြန္ ၁၂ ရက္ေန႔က အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ သ႐ုပ္ေဆာင္ မင္းရာဇာကို ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ နဲ႔ အမႈစစ္ေဆးဖို႔ ခ်ိန္းဆို ထားေပမဲ့ တရားလိုဘက္က ပ်က္ကြက္ခဲ့တာေၾကာင့္ လာမယ့္ ဇြန္ ၁၉ ရက္ေန႔ျပန္လည္ ခ်ိန္းဆိုထားပါတယ္။

အိမ္အကူ မိန္းကေလးမိသားစု တရား လိုဘက္က နစ္နာေၾကး သိန္း ၁၀၀ ေပးဖို႔ ေတာင္းဆိုေနတယ္လို႔ သ႐ုပ္ေဆာင္မင္းရာဇာက ဇြန္ ၁၁ ရက္ ႐ုံးထုတ္ စစ္ေဆးမႈအၿပီးမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။သ႐ုပ္ေဆာင္ မင္းရာဇာနဲ႔ ဇနီးအပါအဝင္ ၄ ဦး ႐ုံးေျပာင္းေလွ်ာက္ထားမႈ လာမယ့္ ဇြန္ ၂၂ ရက္ေန႔မွာ အၿပီးသတ္ အမိန႔္ခ်မွတ္သြားမွာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ မင္းရာဇာဟာ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံး မွာ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ နဲ႔ အမႈရင္ဆိုင္ေနရၿပီး လာမယ့္ဇြန္ ၁၉ ရက္ေန႔မွာ ေတာ့ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ တရားလိုသက္ေသ အပါအဝင္ ၁၆ ဦး နဲ႔စတင္စစ္ေဆးသြားမွာ ျဖစ္ပါတယ္။

unicode

“မင်းရာဇာ” အိမ်ဖော်မလေး အပေါ် ရက်စက် ယုက်မာမှု ကို အပြီး သတ် အမိန့်ချမည်ရက် ထုတ်ပြန်လိုက်ပြီ

သရုပ်ဆောင်မင်းရာဇာ အိမ်က အိမ်အကူ မိန်းကလေး ကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကြောင့် ရွှေပေါက္ကံမြို့နယ် ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ ဧပြီ ၇ ရက်နေ့က သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူ အပါအဝင် ၄ ဦးတို့ကို ရွှေပေါက္ကံမြို့နယ် အမှုဖွင့်ခဲ့တာပါ။

တရားလိုဘက်က ရုံးပြောင်းလျှောက်ထားမှုနဲ့ ပတ်သက်ပြီး လာမယ့်ဇွန်လ ၂၂ ရက်နေ့ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ ရှေ့ပိုင်းခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးအောင်နေမျိုးက ပြောပါတယ်။ဇွန် ၁၂ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင် မင်းရာဇာကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုစစ်ဆေးဖို့ ချိန်းဆို ထားပေမဲ့ တရားလိုဘက်က ပျက်ကွက်ခဲ့တာကြောင့် လာမယ့် ဇွန် ၁၉ ရက်နေ့ပြန်လည် ချိန်းဆိုထားပါတယ်။

အိမ်အကူ မိန်းကလေးမိသားစု တရား လိုဘက်က နစ်နာကြေး သိန်း ၁၀၀ ပေးဖို့ တောင်းဆိုနေတယ်လို့ သရုပ်ဆောင်မင်းရာဇာက ဇွန် ၁၁ ရက် ရုံးထုတ် စစ်ဆေးမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးအပါအဝင် ၄ ဦး ရုံးပြောင်းလျှောက်ထားမှု လာမယ့် ဇွန် ၂၂ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းရာဇာဟာ အရှေ့ပိုင်းခရိုင် တရားရုံး မှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုရင်ဆိုင်နေရပြီး လာမယ့်ဇွန် ၁၉ ရက်နေ့မှာ တော့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ တရားလိုသက်သေ အပါအဝင် ၁၆ ဦး နဲ့စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။