အခြေခံ ပညာကျောင်းများ ဇွန်လ၌ဖွင့်ရန် မဖြစ်နိုင်ကြောင်းနှင့် အစိုးရမှ လက်လွတ် စပါယ် မလုပ်သင့်ဟု တစ်နိုင်ငံလုံး ဆိုင်ရာ (ဆရာ/ဆရာမ) အသင်းချုပ် (MTF) ပြော




crd : panpyoelat

unicode

အခြေခံ ပညာကျောင်းများ ဇွန်လ၌ ပြန်ဖွင့်ရန်မဖြစ်နိုင်ကြောင်းနှင့် အစိုးရမှ လက်လွတ်စပါယ် မလုပ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမအသင်း ချုပ် (MTF) ပြောအခြေခံပညာကျောင်းများ ဇွန်လ၌ ပြန်ဖွင့်ရန်မဖြစ်နိုင်ကြောင်းနှင့် အစိုးရမှ လက်လွတ်စပါယ် မလုပ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမ အသင်းချုပ်မှ ဦးအေးမင်းထိုက် ကပြောသည်။ကျောင်းသား များ၏ အဖြေလွှာစစ်ဆေး မှုများအောင် စာရင်းထွက်မှု ဒသမတန်း စာစစ်မှုပင် လုပ်ဆောင်မှုမပြု လုပ်ရသဖြင့် ကျောင်းပြန်ဖွင့်ရန် မဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

အဖြေလွှာတွေ မစစ်ရသေးဘူး ဖွင့်မယ် ဆိုရင် အောင် စာရင်းထုတ်ဖို့ လိုတယ် အရေးကြီးဆုံးက ဆယ်တန်းအ ဖြေလွှာတွေမှ မစစ်ရသေးတာ အဖြေလွှာတွေက အထက်တန်း ပြတော်တော် များများ သုံးပြီးစစ်ရတာ။ဆယ်တန်း အဖြေလွှာတွေ မပြီးသေးတဲ့ အချိန်မှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ မရလောက်ဘူး”ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/ဆရာမ အသင်းချုပ်မှ ဦးအေးမင်းထိုက်ကပြောသည်။ကျောင်းများတွင် Quarantine ထားရှိသူများရှိနေပြီး ၎င်းတို့၏ Quarantine ထားရှိရက်ပြည့်မှသာလျှင် ကျောင်းများကို ပြန်လည်ပြင်ဆင်ပြီး ဖွင့်သင့်ကြောင်း ဦးအေးမင်းထိုက် ကပြောသည်။

Covid-19 ကာကွယ်ဆေးမပေါ်သေးလျှင်လည်း စာသင်ကျောင်းများ ပြန်ဖွင့် ရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မေ ၁၂ ရက်က လှုမှုကွန်ရက်စာမျက်နှာတွင်ပြောကြားခဲ့သည်။ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း အခြေခံပညာ ကျောင်း များကို မူလကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်နေ့ထက် ရက်အနည်းငယ်နောက်ကြပြီးမှ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်းပြောကြားထားသည်။