ကိုဗစ္ အေရးေျဖရွင္း ရာမွာ ႐ုရွားက အေမရိကန္ထက္ အျပတ္ အသတ္ သာတယ္လို႔ ပူတင္ေျပာ

ကိုဗစ္ အေရးေျဖရွင္း ရာမွာ ႐ုရွားက အေမရိကန္ထက္ အျပတ္ အသတ္ သာတယ္လို႔ ပူတင္ေျပာ

႐ုရွားႏိုင္ငံသည္ ယခုအခါ ထိခိုက္ဆုံးရႈံးမႈ အနည္းဆုံး ျဖင့္ ကိုဗစ္ကပ္ေရာဂါ အက်ပ္အတည္းထဲကေန လြတ္ေျမာက္လာခဲ့ၿပီျဖစ္ေၾကာင္း သမၼတ ဗလာဒီမာ ပူတင္က ေျပာလိုက္ပါတယ္။ ထို႔ျပင္ ႐ုရွားႏိုင္ငံရဲ႕ ကိုဗစ္အေရး ကိုင္တြယ္ေဆာင္႐ြက္ပုံက အေမရိကန္ႏိုင္ငံထက္ ပိုမိုသာလြန္ ေကာင္းမြန္ခဲ့တယ္လို႔ လည္း ပူတင္က အမႊမ္း တင္ ႂကြားဝါသြား ခဲ့ပါတယ္။

coronavirus,3d render

လက္ရွိအခ်ိန္တြင္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၅၃၇,၂၁၀ ဦးျဖင့္ ႐ုရွားႏိုင္ငံသည္ ကမာၻေပၚတြင္ အေမရိကန္ႏွင့္ ဘရာဇီးၿပီးလွ်င္ တတိယေျမာက္ ကူးစက္မႈအမ်ားဆုံး ႏိုင္ငံလည္းျဖစ္ေနပါတယ္။ ထို႔ျပင္ ယင္းႏိုင္ငံက တရားဝင္ ထုတ္ျပန္ထားသည့္ ေသဆုံးမႈဦးေရသည္လည္း ၇,၀၉၁ ဦးသာ ရွိရာ အျခားႏိုင္ငံအမ်ားအျပားရွိ ေသဆုံးႏႈန္းႏွင့္ ယွဥ္ပါက မ်ားစြာ ေလ်ာ့နည္းေနတာကို ေတြ႕ရပါတယ္။

ကမာၻေပၚတြင္ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အမ်ားဆုံးႏိုင္ငံျဖစ္ေသာ အေမရိကန္တြင္ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရသည္ ၁၁၇,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္။ ႐ုရွားရဲ႕ ကိုဗစ္ ကိန္းဂဏန္းမ်ား၏ မွန္ကန္မႈႏွင့္ပတ္သက္၍ တစ္ခါတရံ အေျခအတင္ ျငင္းခုံေဆြးေႏြးမႈမ်ားလည္း ျဖစ္ေပၚခဲံပါတယ္။

ထို႔ျပင္ ႐ုရွားရဲ႕ ႏိုင္ငံေရး စနစ္ဟာ အေမရိကန္ရဲ႕ စနစ္နဲ႔ ႏႈိင္းယွဥ္ပါက အက်ပ္အတည္းကို ပိုမို ေကာင္းမြန္စြာ ကိုင္တြယ္ႏိုင္ခဲ့သည္ဟု ပူတင္က ေျပာသြားခဲ့ပါတယ္။ အဘယ့္ေၾကာင့္ဆိုေသာ္ အေမရိကန္ရွိ အာဏာပိုင္မ်ားႏွင့္မတူဘဲ ႐ုရွားႏိုင္ငံရွိ ဖက္ဒရယ္ ႏွင့္ ေဒသလယ္ဗယ္ အာဏာပိုင္ မ်ားသည္ သေဘာကြဲလြဲမႈမရွိဘဲ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ညီညီၫြတ္ၫြတ္ စုေပါင္းလုပ္ေဆာင္ၾကလို႔ ျဖစ္တယ္လို႔ ပူတင္က ေျပာသြား ပါတယ္။

crd : whitesone

unicode

ကိုဗစ် အရေးဖြေရှင်း ရာမှာ ရုရှားက အမေရိကန်ထက် အပြတ် အသတ် သာတယ်လို့ ပူတင်ပြော

ရုရှားနိုင်ငံသည် ယခုအခါ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြင့် ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းထဲကနေ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။ ထို့ပြင် ရုရှားနိုင်ငံရဲ့ ကိုဗစ်အရေး ကိုင်တွယ်ဆောင်ရွက်ပုံက အမေရိကန်နိုင်ငံထက် ပိုမိုသာလွန် ကောင်းမွန်ခဲ့တယ်လို့ လည်း ပူတင်က အမွှမ်း တင် ကြွားဝါသွား ခဲ့ပါတယ်။

လက်ရှိအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၅၃၇,၂၁၀ ဦးဖြင့် ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ဘရာဇီးပြီးလျှင် တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်နေပါတယ်။ ထို့ပြင် ယင်းနိုင်ငံက တရားဝင် ထုတ်ပြန်ထားသည့် သေဆုံးမှုဦးရေသည်လည်း ၇,၀၉၁ ဦးသာ ရှိရာ အခြားနိုင်ငံအများအပြားရှိ သေဆုံးနှုန်းနှင့် ယှဉ်ပါက များစွာ လျော့နည်းနေတာကို တွေ့ရပါတယ်။

ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်သော အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၁၁၇,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ရုရှားရဲ့ ကိုဗစ် ကိန်းဂဏန်းများ၏ မှန်ကန်မှုနှင့်ပတ်သက်၍ တစ်ခါတရံ အခြေအတင် ငြင်းခုံဆွေးနွေးမှုများလည်း ဖြစ်ပေါ်ခဲံပါတယ်။

ထို့ပြင် ရုရှားရဲ့ နိုင်ငံရေး စနစ်ဟာ အမေရိကန်ရဲ့ စနစ်နဲ့ နှိုင်းယှဉ်ပါက အကျပ်အတည်းကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ သည်ဟု ပူတင်က ပြောသွားခဲ့ပါတယ်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်ရှိ အာဏာပိုင်များနှင့်မတူဘဲ ရုရှားနိုင်ငံရှိ ဖက်ဒရယ် နှင့် ဒေသလယ်ဗယ် အာဏာပိုင် များသည် သဘောကွဲလွဲမှုမရှိဘဲ အဖွဲ့အစည်းတစ်ခုအနေနဲ့ ညီညီညွတ်ညွတ် စုပေါင်းလုပ်ဆောင်ကြလို့ ဖြစ်တယ်လို့ ပူတင်က ပြောသွား ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

nineteen + thirteen =