ေဒလီပန္းၿခံတြင္း မွ တေစၦ လႊဲသည့္ အားကစား စက္(႐ုပ္/သံ)

ေဒလီပန္းၿခံတြင္း မွ တေစၦ လႊဲသည့္ အားကစား စက္(႐ုပ္/သံ)

ယခုလို ကြာရန္တင္း ကာလအတြင္း တိုင္းျပည္မွာ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြရပ္နားထားတဲ့ အခ်ိန္ လူထုကို ပေဟဠိဆန္ဆန္ေၾကာက္႐ြံ႕ထိတ္လန႔္ဖြယ ဗီဒီယို တစ္ခု လူမႈကြန္ရက္ေပၚမွာပ်ံ႕ႏွံ႔ခဲ့ပါတယ္။ဒီဗီဒီယိုမွာ ပန္းၿခံတစ္ခုတြင္တပ္ဆင္ထားတဲ့ အားကစားစက္ဟာ ရဲမ်ားရဲ႕ေရွ႕မွာတင္လူမပါဘဲသူ႔အလိုလိုလႊဲရမ္းေနတာဘဲျဖစ္ပါတယ္ လူမပါဘဲအဆင္ေျပစြာလႈပ္ရွားေနတဲ့ အတြက္ရဲအရာရွိေတြက စိတ္လႈပ္ရွား စရာေကာင္းတဲ့လႈပ္ရွားမႈကို မွတ္တမ္း တင္ေနတယ္ဆိုတာကို ဒီဗီဒီယိုထဲမွာေတြ႕ႏိုင္ပါတယ္။ ယခုအခ်ိန္အထိမည္သူတစ္ဦးတစ္ေယာက္မွ် ထိုဥယ်ာဥ္တည္ေနရာကိုေသခ်ာစြာမသိရွိႏိုင္ေသာ္လည္း

တစ္ခ်ိဳ႕ေသာျပည္သူမ်ား ကေတာ့ ေဒလီ Rohini ေဒသရွိ Japanese Park မွျဖစ္ေၾကာင္း ေျပာျပၾကသည္။ဒီဗီဒီယိုဟာလူမႈမီဒီယာေပၚမွာ ပ်ံ႕ႏွံ႔သြားၿပီးေနာက္မွာရဲအရာရွိက ဒီကိစၥကိုစုံစမ္းစစ္ေဆးၿပီး ဒါဟာ တစ္စုံတစ္ေယာက္ရဲ႕ ေနာက္ေျပာင္မႈျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။ဒီကိစၥနဲ႔ပတ္သက္ပီး ရဲမ်ားက ဆက္လက္ စုံစမ္းစစ္ေဆးေနသည္ဟုေျပာၾကားခဲ့သည္။ၿပီးခဲ့သည့္ႏွစ္ကလည္း အလားတူဘဲ Chandigarh ရွိ ေဆးပညာပညာႏွင့္ သုေတသန Postgraduate Institute အျပင္ဘက္တြင္တည္ရွိသည့္ CCTV ကင္မရာမ်ားသည္ ဘီးတပ္ကုလားထိုင္က သူ႔ဖာသာေ႐ြ႕လ်ားေနေၾကာင္း ဖမ္းယူရရွိခဲ့သည္။

ထိုင္ခုံေပၚမွာထိုင္ေနသူတစ္ေယာက္မွမရွိဘဲ လႈပ္ခတ္ေနသည့္ အျဖစ္အပ်က္ကို မ်က္ျမင္ေတြ႕ခဲ့ရသည့္ လုံၿခဳံေရးအေစာင့္က ကုလားထိုင္ ကို သူ႔ဟာသူလည္ပတ္ေစတာ ေလတိုက္ႏႈန္းေၾကာင့္ ျဖစ္ႏိုင္သည္ဟု အေလးအနက္ေျပာၾကားခဲ့သည္။ဘီးတပ္ ကုလားထိုင္ကသူကိုယ္တိုင္ေ႐ြ႕လ်ားေနသလား၊ ေလေၾကာင့္လားလားဆိုတာမေသခ်ာေသးပါဘူး။ခင္ဗ်ားတို႔ေရာ ဒီအေပၚမွာ ဘယ္လိုျမင္ၾကလဲ…..ဝင္ေရာက္ေဆြးေႏြးႏိုင္ပါတယ္

Source: One India

unicode

ဒေလီပန်းခြံတွင်း မှ တစ္ဆေ လွှဲသည့် အားကစား စက်(ရုပ်/သံ)

ယခုလို ကွာရန်တင်း ကာလအတွင်း တိုင်းပြည်မှာ ဖျော်ဖြေရေး အစီအစဉ်တွေရပ်နားထားတဲ့ အချိန် လူထုကို ပဟေဠိဆန်ဆန်ကြောက်ရွံ့ထိတ်လန့်ဖွယ ဗီဒီယို တစ်ခု လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။ဒီဗီဒီယိုမှာ ပန်းခြံတစ်ခုတွင်တပ်ဆင်ထားတဲ့ အားကစားစက်ဟာ ရဲများရဲ့ရှေ့မှာတင်လူမပါဘဲသူ့အလိုလိုလွှဲရမ်းနေတာဘဲဖြစ်ပါတယ် လူမပါဘဲအဆင်ပြေစွာလှုပ်ရှားနေတဲ့ အတွက်ရဲအရာရှိတွေက စိတ်လှုပ်ရှား စရာကောင်းတဲ့လှုပ်ရှားမှုကို မှတ်တမ်း တင်နေတယ်ဆိုတာကို ဒီဗီဒီယိုထဲမှာတွေ့နိုင်ပါတယ်။ ယခုအချိန်အထိမည်သူတစ်ဦးတစ်ယောက်မျှ ထိုဥယျာဉ်တည်နေရာကိုသေချာစွာမသိရှိနိုင်သော်လည်း

တစ်ချို့သောပြည်သူများ ကတော့ ဒေလီ Rohini ဒေသရှိ Japanese Park မှဖြစ်ကြောင်း ပြောပြကြသည်။ဒီဗီဒီယိုဟာလူမှုမီဒီယာပေါ်မှာ ပျံ့နှံ့သွားပြီးနောက်မှာရဲအရာရှိက ဒီကိစ္စကိုစုံစမ်းစစ်ဆေးပြီး ဒါဟာ တစ်စုံတစ်ယောက်ရဲ့ နောက်ပြောင်မှုဖြစ်နိုင်တယ်လို့ ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပီး ရဲများက ဆက်လက် စုံစမ်းစစ်ဆေးနေသည်ဟုပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ်ကလည်း အလားတူဘဲ Chandigarh ရှိ ဆေးပညာပညာနှင့် သုတေသန Postgraduate Institute အပြင်ဘက်တွင်တည်ရှိသည့် CCTV ကင်မရာများသည် ဘီးတပ်ကုလားထိုင်က သူ့ဖာသာရွေ့လျားနေကြောင်း ဖမ်းယူရရှိခဲ့သည်။

ထိုင်ခုံပေါ်မှာထိုင်နေသူတစ်ယောက်မှမရှိဘဲ လှုပ်ခတ်နေသည့် အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရသည့် လုံခြုံရေးအစောင့်က ကုလားထိုင် ကို သူ့ဟာသူလည်ပတ်စေတာ လေတိုက်နှုန်းကြောင့် ဖြစ်နိုင်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။ဘီးတပ် ကုလားထိုင်ကသူကိုယ်တိုင်ရွေ့လျားနေသလား၊ လေကြောင့်လားလားဆိုတာမသေချာသေးပါဘူး။ခင်ဗျားတို့ရော ဒီအပေါ်မှာ ဘယ်လိုမြင်ကြလဲ…..ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်

Source: One India

Add a Comment

Your email address will not be published. Required fields are marked *

twelve − ten =