ဘကၳရီဘီး စီးတဲ့လူေတြ သတိ ထားၾကပါဗ်ိဳ႕ ျဖစ္လာရင္ တကယ္ မလြယ္ပါဘူး…

ဘကၳရီဘီး စီးတဲ့လူေတြ သတိ ထားၾကပါဗ်ိဳ႕ ျဖစ္လာရင္ တကယ္ မလြယ္ပါဘူး…

၁၀ မိနစ္ ကမာၻ ပ်က္ျခင္း

သတင္းေထာက္ သက္တမ္း တစ္ေလွ်ာက္ မီးေလာင္ၿပီေဟ့ ဆို ေနမရဘူး. ေျမျပင္ကို တမ္းေျပးတဲ့ေကာင္ နည္းနည္းေတာ့ လန႔္သြားတယ္။ ရပ္ကြက္ကေကာင္းလို႔ အိမ္ပါ ျပာမက်တာ။
မနက္က မိုး႐ြာေနတုန္း အားပုအေမ သြားႀကိဳ၊ ေစ်းထဲ ခဏဝင္ၿပီး ျပန္ေရာက္ေတာ့ အားသြင္းထားတာ ၃ နာရီေက်ာ္လည္းက်ေရာ ထေလာင္ပါေလေရာ။ ေလာင္ခ်က္ ေပါက္ထြက္ခ်က္က ေတာ္ေတာ္ျပင္းတယ္။ မသိရင္ ဗုံးကြဲသလားမွတ္ရတယ္။ ဘုန္း ဒိုင္း ဘုန္း ဒိုင္းနဲ႔ ။

ျဖစ္ျဖစ္ခ်င္း အခန္းထဲက ထၿပီး ထြက္ဖို႔ လုပ္ေတာ့ ငေမႊသီးေကာင္ အားပုတုက အခန္းကို အျပင္ကေန ေသာ့ခပ္ထားေတာ့ ထြက္မရဘူး ၊ အျပင္မွာက ေလာင္လို႔ ေပါက္လို႔ အိမ္ေခါင္ပါ မီးတက္စြဲစျပဳေနၿပီ။ ေယာကၡမနဲ႔ အားပုတုနဲ႔ သူ႔အေမက ေအာ္တာ ငယ္သံပါပါတယ္။ ဒါနဲ႔ ေဘးတံခါးေပၚ တက္ခုန္ခ်။

အျပင္ေရာက္ေတာ့ ေရေလာင္းဖို႔က လြယ္လင့္တကူ ခပ္စရာ ဘာညာ က ရွာမရ။ ေဘးအိမ္က လူေတြနဲ႔ ၄၀ ကား ဆရာေတြက ဝိုင္းျငႇိမ္းဖို႔ ေျပးလာၾကေတာ့လည္း အျပင္တံခါးက ဂ်က္ထိုးထားေတာ့ အလြယ္တကူဝင္မရ။ အထဲက အသဲအသန္ေျပးဖြင့္ ၊ မိန္းေျပးခ် ႀကဳံရာေတြ႕ရနဲ႔ ေရေကာက္ေလာင္း ၊ ေရေလာင္းေလ ထေပါက္ေလနဲ႔ ေတာ္ ေတာ္လုပ္ယူရတယ္။

ၾကည့္ေတာ့ သာ ဘကၳရီအိုးက သိပ္မႀကီးတာ။ အထဲမွာ ဓတ္ခဲက အလုံး ၆၀/၇၀ ေလာက္ ပါတယ္။ အကုန္လုံးမေလာင္လို႔ ေတာ္ေသးတာ။ လူမရွိခ်ိန္ နဲ႔ အကုန္သာ ေလာင္ရင္ မလြယ္ဘူး။ ဒါေတာင္ ေခါင္မိုး ထုတ္တန္း ကို တက္ေလာင္လို႔မနည္းျငႇိမ္းရေသးတယ္။ မိန္းခ်လိုက္ေပမယ့္ ေလွ်ာ့ျဖစ္ၿပီး လွ်ပ္စီးဝင္ေနလို႔ လာကူတဲ့အကိုတစ္ေယာက္ ဓာတ္လိုက္သြားေသးတယ္။ မၾကာေပမယ့္ ၁၀ မိနစ္ေလာက္အတြင္း ေတာ္ေတာ္ေတာ့ ျပာယာခတ္သြားၾကတယ္။ တစ္အိမ္လုံး မီးခိုးေတြ ပလူပ်ံေအာင္ထြက္ ေညႇာ္နံ႔က ခုထိမေပ်ာက္ေသးဘူး။

ဒါေၾကာင့္ မိုးတြင္းဘက္ ဘကၳရီဘီး စီးတဲ့လူေတြ သတိ ထားၾကပါဗ်ိဳ႕။ ျပင္းအား ေတာ္ေတာ္ႀကီး ပါတယ္…… ။

Myo Thu AungNyein

unicode

ဘက္ထရီဘီး စီးတဲ့လူတွေ သတိ ထားကြပါဗျို့ ဖြစ်လာရင် တကယ် မလွယ်ပါဘူး…

၁၀ မိနစ် ကမ္ဘာ ပျက်ခြင်း

သတင်းထောက် သက်တမ်း တစ်လျှောက် မီးလောင်ပြီဟေ့ ဆို နေမရဘူး. မြေပြင်ကို တမ်းပြေးတဲ့ကောင် နည်းနည်းတော့ လန့်သွားတယ်။ ရပ်ကွက်ကကောင်းလို့ အိမ်ပါ ပြာမကျတာ။
မနက်က မိုးရွာနေတုန်း အားပုအမေ သွားကြို၊ စျေးထဲ ခဏဝင်ပြီး ပြန်ရောက်တော့ အားသွင်းထားတာ ၃ နာရီကျော်လည်းကျရော ထလောင်ပါလေရော။ လောင်ချက် ပေါက်ထွက်ချက်က တော်တော်ပြင်းတယ်။ မသိရင် ဗုံးကွဲသလား မှတ်ရတယ်။ ဘုန်း ဒိုင်း ဘုန်း ဒိုင်းနဲ့ ။

ဖြစ်ဖြစ်ချင်း အခန်းထဲက ထပြီး ထွက်ဖို့ လုပ်တော့ ငမွှေသီးကောင် အားပုတုက အခန်းကို အပြင်ကနေ သော့ခပ်ထားတော့ ထွက်မရဘူး ၊ အပြင်မှာက လောင်လို့ ပေါက်လို့ အိမ်ခေါင်ပါ မီးတက်စွဲစပြုနေပြီ။ ယောက္ခမနဲ့ အားပုတုနဲ့ သူ့အမေက အော်တာ ငယ်သံပါပါတယ်။ ဒါနဲ့ ဘေးတံခါးပေါ် တက်ခုန်ချ။ အပြင်ရောက်တော့ ရေလောင်းဖို့က လွယ်လင့်တကူ ခပ်စရာ ဘာညာက ရှာမရ။ ဘေးအိမ်က လူတွေနဲ့ ၄၀ ကား ဆရာတွေက ဝိုင်းငြှိမ်းဖို့ ပြေးလာကြတော့လည်း အပြင်တံခါးက ဂျက်ထိုးထားတော့ အလွယ်တကူဝင်မရ။ အထဲက အသဲအသန်ပြေးဖွင့် ၊ မိန်းပြေးချ ကြုံရာတွေ့ရနဲ့ ရေကောက်လောင်း ၊ ရေလောင်းလေ ထပေါက်လေနဲ့ တော် တော်လုပ်ယူရတယ်။

ကြည့်တော့ သာ ဘက္ထရီအိုးက သိပ်မကြီးတာ။ အထဲမှာ ဓတ်ခဲက အလုံး ၆၀/၇၀ လောက် ပါတယ်။ အကုန်လုံး မလောင်လို့ တော်သေးတာ။ လူမရှိချိန် နဲ့ အကုန်သာ လောင်ရင် မလွယ်ဘူး။ ဒါတောင် ခေါင်မိုး ထုတ်တန်း ကို တက်လောင်လို့မနည်းငြှိမ်းရသေးတယ်။ မိန်းချလိုက်ပေမယ့် လျှော့ဖြစ်ပြီး လျှပ်စီးဝင်နေလို့ လာကူတဲ့အကိုတစ်ယောက် ဓာတ်လိုက်သွားသေးတယ်။ မကြာပေမယ့် ၁၀ မိနစ်လောက်အတွင်း တော်တော်တော့ ပြာယာခတ်သွားကြတယ်။ တစ်အိမ်လုံး မီးခိုးတွေ ပလူပျံအောင်ထွက် ညှော်နံ့က ခုထိမပျောက်သေးဘူး။

ဒါကြောင့် မိုးတွင်းဘက် ဘက္ထရီဘီး စီးတဲ့လူတွေ သတိ ထားကြပါဗျို့။ ပြင်းအား တော်တော်ကြီး ပါတယ်…… ။

Myo Thu AungNyein

Add a Comment

Your email address will not be published. Required fields are marked *

twelve − 8 =