ျမန္မာႏိုင္ငံ သားေတြ ငါတို႔ႏိုင္ငံ ကို အလုပ္ လာမလုပ္ေတာ့ နဲ႔ လို႔ ေျပာလိုက္ တဲ့ ထိုင္းအစိုးရ

ျမန္မာႏိုင္ငံ သားေတြ ငါတို႔ႏိုင္ငံ ကို အလုပ္ လာမလုပ္ေတာ့ နဲ႔ လို႔ ေျပာလိုက္ တဲ့ ထိုင္းအစိုးရ

ထိုင္းႏိုင္ငံသို႔ သြားေရာက္ လုပ္ကိုင္မည့္ ျမန္မာ လုပ္သားမ်ား ကန္ေဒၚလာတစ္သိန္းတန္ က်န္းမာေရး အာမခံျပရမည္မိမိအစီအစဥ္ျဖင့္ Quarantine ၁၄ ရက္ၾကာ ဝင္ရမည္ဟုဆို

COVID-19 ေရာဂါ ကာလအတြင္း ထိုင္းႏိုင္ငံ သို႔သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမားမ်ားအေနျဖင့္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာတစ္သိန္း တန္ဖိုးရွိသည့္ က်န္းမာေရးအာမခံျပရမည္ဟု ထိုင္းအစိုးရက သတ္မွတ္လိုက္သည္။

ျမန္မာလုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံသို႔ဝင္ေရာက္ခြင့္ ေလွ်ာက္ထားပါက အလုပ္လုပ္ ကိုင္ခြင့္လက္မွတ္(သို႔မဟုတ္)ထိုင္းအစိုးရ ေအဂ်င္စီက ထုတ္ေပးသည့္ခြင့္ျပဳခ်က္စာမိတၱဴျပသ ရမည္ဟု ဆိုသည္။ ထို႔အျပင္ COVID-19 ေရာဂါ ကုသမႈ အပါအဝင္ ေဆးကုသ စရိတ္အနည္းဆုံး အေမရိကန္ေဒၚလာ တစ္သိန္းရွိက်န္းမာေရးအာမခံျပသရမည္ဟု ထိုင္းအစိုးရက သတ္မွတ္ထားေၾကာင္း အလုပ္သမား၊

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ဝန္ႀကီး႐ုံးက ထိုင္းႏိုင္ငံသို႔အလုပ္သမားေစလႊတ္သည့္ ေအဂ်င္စီမ်ားကို အသိေပးထားသည္။ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိပါက လည္း အစိုးရမွ သတ္မွတ္ထား သည့္ေနရာတြင္ မိမိစရိတ္ျဖင့္ Quarantine ၁၄ ရက္ဝင္ရမည္ ဟုလည္း ဆိုသည္။

သတ္မွတ္ခ်က္ေတြက ျပည္ပအလုပ္သမား အဝင္လက္ မခံေသးဘူး ဆိုတဲ့ သေဘာပဲ။ ဘယ္အလုပ္ သမားမွေဒၚလာ တစ္သိန္းက်န္းမာေရး အာမခံျပ ႏိုင္မွာမဟုတ္သလို ေစလႊတ္မယ့္ ေအဂ်င္စီေတြလည္း စိုက္ထုတ္ ေပးႏိုင္မွာမဟုတ္ဘူး။ ဒါက COVID ကာလအတြင္း ထိုင္း အစိုးရက မူတစ္ခုအေနနဲ႔ၫႊန္ ၾကားတာျဖစ္လို႔ ေရာဂါအေျခအ ေနေတြ ျပန္တည္ၿငိမ္ရင္ေျဖ ေလွ်ာ့ေပးလာမယ္ထင္တယ္ဟု ေ႐ႊမႏၲေလး ျပည္ပ အလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီမွ မန္ေနဂ်င္း ဒါ႐ိုက္တာဦးသန္းထြဋ္ဦးက ေျပာ သည္။

ထိုင္းႏိုင္ငံမွ လက္ရွိသတ္ မွတ္ခ်က္မ်ားအရ ျမန္မာ အလုပ္ သမားမွာ ယင္းၫႊန္ၾကားခ်က္ မ်ားအတိုင္း လိုက္နာႏိုင္မည္ မဟုတ္၍ သြားေရာက္ လုပ္ကိုင္ မည့္သူမရွိႏိုင္ဟု ေအဂ်င္စီလုပ္ ငန္းရွင္မ်ားက သုံးသပ္သည္။ မရွိလို႔ ဝန္ေဆာင္ခသက္ သာတဲ့ ႏိုင္ငံသြားလုပ္ပါမယ္ဆို မွေဒၚလာတစ္သိန္း ဘယ္တတ္ႏိုင္မလဲ။ အဲဒီေလာက္ရွိေနမွေတာ့သြားလုပ္ေတာ့မလားဟု ထိုင္း ႏိုင္ငံသို႔ သြားေရာက္ လုပ္ကိုင္ရန္ ေစာင့္ဆိုင္းေနသည့္ ကိုျမင့္စိန္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ထိုင္းႏိုင္ ငံ၌ ျမန္မာ အလုပ္သမားဦးေရ ႏွစ္ သန္းေက်ာ္ တရားဝင္ေရာက္ရွိ လုပ္ကိုင္လ်က္ ရွိသည္။ ကမာၻ တစ္ဝန္း COVID-19 ေရာဂါျဖစ္ ပြားၿပီးေနာက္ ေသာင္းႏွင့္ ခ်ီေသာ ထိုင္းေရာက္ျမန္မာ အလုပ္သမား မ်ားျပည္တြင္းသို႔ျပန္လည္ဝင္လာ သည္။ ျမန္မာအစိုးရအေနျဖင့္ လည္း ထိုင္းအပါအဝင္ အျခားႏိုင္ ငံသို႔ အလုပ္သမားေစလႊတ္မႈရပ္ ဆိုင္းျခင္းကို ေမလကုန္အထိအ ခ်ိန္ ထပ္တိုးထားသည္။

unicode

မြန်မာနိုင်ငံ သားတွေ ငါတို့နိုင်ငံ ကို အလုပ် လာမလုပ်တော့ နဲ့ လို့ ပြောလိုက် တဲ့ ထိုင်းအစိုးရ

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာ လုပ်သားများ ကန်ဒေါ်လာတစ်သိန်းတန် ကျန်းမာရေး အာမခံပြရမည်မိမိအစီအစဉ်ဖြင့် Quarantine ၁၄ ရက်ကြာ ဝင်ရမည်ဟုဆို

COVID-19 ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံ သို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်သိန်း တန်ဖိုးရှိသည့် ကျန်းမာရေးအာမခံပြရမည်ဟု ထိုင်းအစိုးရက သတ်မှတ်လိုက်သည်။

မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ခွင့် လျှောက်ထားပါက အလုပ်လုပ် ကိုင်ခွင့်လက်မှတ်(သို့မဟုတ်)ထိုင်းအစိုးရ အေဂျင်စီက ထုတ်ပေးသည့်ခွင့်ပြုချက်စာမိတ္တူပြသ ရမည်ဟု ဆိုသည်။ ထို့အပြင် COVID-19 ရောဂါ ကုသမှု အပါအဝင် ဆေးကုသ စရိတ်အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သိန်းရှိကျန်းမာရေးအာမခံပြသရမည်ဟု ထိုင်းအစိုးရက သတ်မှတ်ထားကြောင်း အလုပ်သမား၊

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးရုံးက ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်သည့် အေဂျင်စီများကို အသိပေးထားသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိပါက လည်း အစိုးရမှ သတ်မှတ်ထား သည့်နေရာတွင် မိမိစရိတ်ဖြင့် Quarantine ၁၄ ရက်ဝင်ရမည် ဟုလည်း ဆိုသည်။

သတ်မှတ်ချက်တွေက ပြည်ပအလုပ်သမား အဝင်လက် မခံသေးဘူး ဆိုတဲ့ သဘောပဲ။ ဘယ်အလုပ် သမားမှဒေါ်လာ တစ်သိန်းကျန်းမာရေး အာမခံပြ နိုင်မှာမဟုတ်သလို စေလွှတ်မယ့် အေဂျင်စီတွေလည်း စိုက်ထုတ် ပေးနိုင်မှာမဟုတ်ဘူး။ ဒါက COVID ကာလအတွင်း ထိုင်း အစိုးရက မူတစ်ခုအနေနဲ့ညွှန် ကြားတာဖြစ်လို့ ရောဂါအခြေအ နေတွေ ပြန်တည်ငြိမ်ရင်ဖြေ လျှော့ပေးလာမယ်ထင်တယ်ဟု ရွှေမန္တလေး ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာဦးသန်းထွဋ်ဦးက ပြော သည်။

ထိုင်းနိုင်ငံမှ လက်ရှိသတ် မှတ်ချက်များအရ မြန်မာ အလုပ် သမားမှာ ယင်းညွှန်ကြားချက် များအတိုင်း လိုက်နာနိုင်မည် မဟုတ်၍ သွားရောက် လုပ်ကိုင် မည့်သူမရှိနိုင်ဟု အေဂျင်စီလုပ် ငန်းရှင်များက သုံးသပ်သည်။ မရှိလို့ ဝန်ဆောင်ခသက် သာတဲ့ နိုင်ငံသွားလုပ်ပါမယ်ဆို မှဒေါ်လာတစ်သိန်း ဘယ်တတ်နိုင်မလဲ။ အဲဒီလောက်ရှိနေမှတော့သွားလုပ်တော့မလားဟု ထိုင်း နိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် ကိုမြင့်စိန်က ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင် ငံ၌ မြန်မာ အလုပ်သမားဦးရေ နှစ် သန်းကျော် တရားဝင်ရောက်ရှိ လုပ်ကိုင်လျက် ရှိသည်။ ကမ္ဘာ တစ်ဝန်း COVID-19 ရောဂါဖြစ် ပွားပြီးနောက် သောင်းနှင့် ချီသော ထိုင်းရောက်မြန်မာ အလုပ်သမား များပြည်တွင်းသို့ပြန်လည်ဝင်လာ သည်။ မြန်မာအစိုးရအနေဖြင့် လည်း ထိုင်းအပါအဝင် အခြားနိုင် ငံသို့ အလုပ်သမားစေလွှတ်မှုရပ် ဆိုင်းခြင်းကို မေလကုန်အထိအ ချိန် ထပ်တိုးထားသည်။

Add a Comment

Your email address will not be published. Required fields are marked *

1 + 7 =