ဂိမ်းမဆော့ ဖို့ တားမြစ်တဲ့ မိခင်ကြီး ကို ဓား နဲ့ (၁၂) ချက်ထိုး ခဲ့တဲ့ သားမိုက်တဦးရဲ့ အကြောင်း

ဂိမ်းမဆော့ ဖို့ တားမြစ်တဲ့ မိခင်ကြီး ကို ဓား နဲ့ (၁၂) ချက်ထိုး ခဲ့တဲ့ သားမိုက်တဦးရဲ့ အကြောင်း

ယနေ့မျက်မှောက်ခေတ်ကာလမှာ အနယ်နယ်အရပ်ရပ်ကသတင်းတွေ ဟာမျိုးစုံကြားနေရလွန်းလို့ တစ်ချို့သတင်းတွေကို စိတ်ပျက်ပြီးမရေးဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ် ၊ ယခုလည်း ဂိမ်းကြောင့် လူငယ်တွေ ညမအိပ်ဘဲ တစ်ညလုံး အရူးတွေလို အော်တဲ့သူကအော် ၊ စကားပြောတဲ့သူကပြော ၊ ” နောက်မှာလာနေပြီ လာနေပြီ အဲ့ကောင် ကို သေအောင်လုပ် သေအောင်လုပ် ” ” ဟာ ပစ်လေကွာ… ပစ် ပစ် ” နဲ့ စုံနေအောင်ကြားရတဲ့အသံတွေက တစ်ခါတစ်လေ ကိုယ့်နောက်ကြောတောင်ကိုယ်မလုံတော့တဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရသလိုဘဲ..

ဂိမ်းဆော့တာများပြီး လူငယ်တွေရဲ့နူးညံ့သိမ်မွှေ့ရမယ့် အရွယ်လေးတွေဟာ အရွယ်နဲ့မလိုက်အောင် စိတ်ရိုင်း ၊ စိတ်ကြမ်းတွေဝင်ပြီး ဝစီကံတွေကအစ အပြောအဆိုတွေရိုင်းလာတဲ့အထိတွေ့မြင်ရကြုံတွေ့ရပြီး နောက်ဆုံး ဂိမ်းရဲ့ဆိုးကျိုးကြောင့် ကံသုံးပါးစလုံး ရိုင်းကြလာကြတာတွေလည်းရှိ ကြပါတယ် ၊ အားလုံးကိုတော့မဆိုလိုပါဘူး ၊ ဂိမ်းကိုဂိမ်းလိုမဆော့ကြဘဲ အနိုင်အရှုံးပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲကုန်ပြီး မလုပ်သင့်မလုပ်အပ်တဲ့အထိ ကျူးလွန်လာကြတာကို ပြစ်မှုဆိုင်ရာမှုခင်းသတင်းတွေအရ သိရပါတယ် ။

ယခုဖော်ပြချင်တဲ့သတင်းလေး တစ်ပုဒ်က တော့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ညသန်းခေါင်ယံအချိန်က ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ နိုင်ငံခြားကပြန်လာပြီး ၁၀ ရက်တောင်မကြာသေးတဲ့ သားဖြစ်သူ ၁၆ နှစ်သားအရွယ်လေးဟာ အခန်းတံခါးပိတ်လို့ ထမင်းမစားဟင်းမစား ၊ ဘယ်သူနဲ့ မှလည်း စကားမပြော ဂိမ်းကြီးဘဲ အာရုံစိုက်ကစားနေလို့ သားဖြစ်သူကို မိခင်ဖြစ်သူက ညည ဂိမ်းတွေအလွန်အကျွံမဆော့ဘို့တားမြစ်ဆုံးမတယ် ၊

မိဘဆိုတော့ သားသမီးကို ဆိုဆုံးမဘို့တာဝန်ဝတ္တရားရှိတာ ထုံးစံပေါ့ ၊ ခဏခဏဆူလွန်းလို့ မိခင်အိပ်နေတဲ့အချိန် သားဖြစ်သူဟာ အဝတ်နဲ့ပါးစပ်ကိုပိတ်ပြီး ဓါးနဲ့အချက်ပေါင်းများစွာထိုးတယ် ၊ အမေဖြစ်သူကချက်ချင်းဝမ်းလျားမှောက်လိုက်တယ် နောက်ကြောကနေတစ်ကိုယ်လုံးကို ဓါးဒဏ်ရာ ၁၂ ချက်တိတိ အထိုးခံရနေရချိန် အမေဖြစ်သူဟာရုန်းထရင်းသားဖြစ်သူကိုတွန်းလိုတယ် ၊

မိခင်ရဲ့သွေးနဲ့ဘဲ သားဖြစ်သူဟာ ချော်လဲကျသွားတယ် ၊ မိခင်ဖြစ်သူဟာ ဒဏ်ရာတွေကြားကနေ သားဖြစ်သူကို ပြောတယ် ” ကိုယ့်ကိုမွေးထုတ်တဲ့ အမေ့ကိုအသေသတ်မလို့မလား သား ? အမေက သားကိုချစ်လို့ဆုံးမတာပါ ၊ အခု… သားလွတ်ရာကို အမြန်ပြေးပါတော့ ” လို့ပြောပြီးသွေးအိုင်ထဲမှာဘဲလဲကျသွားတယ် ၊

ဆူညံ ဆူညံသံတွေကြောင့် အသက် ၇၀ အရွယ် အဖွားဖြစ်သူဟာ အခန်းထဲဝင်ကြည့်တော့မှ အသက် ၃၄ နှစ်အရွယ် သမီးဖြစ်သူဟာ သွေးအိုင်ထဲမှာမြင်မကောင်းအောင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားကာ အရေးပေါ် လူမှုကူညီရေးတွေကိုခေါ်ပြီးအကူအညီတောင်းခဲ့ရပါတယ်.

မြေးဖြစ်သူကတော့ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ပါတယ်..ဇွန်လ ၁၄ ရက်နေ့မှာဘဲ သားဖြစ်သူဟာ ရဲစခန်းမှာသူ့မိခင်အပေါ်ပြစ်မှားမိတဲ့နောင်တကိုကြီးစွာရမိပြီပြီး သူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ် ၊

သူ့ရဲ့ဖြောင့်ချက်အရ ” သူဟာ သူ့ရဲ့ လွတ်လပ်မှုအတွက်မိခင်ကို အဆုံးထိလုပ်ဘို့အထိ ရည်ရွယ်ခဲ့တာပါ ၊ အမေ့ကိုဓါးနဲ့ထိုးလိုက်တဲါအချိန် အမေဟာ နောက်ကြောကိုထိုးခံလိုက်တယ် ၊ ပြီးတော့ အမေ့ကို သေအောင်လုပ်မလို့လားမေးတယ် ၊ ကျွန်တော်ဘာမှမမြင်တော့ဘဲဆက်တိုက် ထိုးခဲ့တယ် ၊ အမေကိုခြေထောက်နဲ့လည်းကန်ခဲ့ပါတယ် ၊ အမေဟာရုန်းရင်းနဲ့ထလာပြီး သူ့ကိုတစ်ချက်တွန်းလိုက်တယ် ၊

ကျွန်တော်လဲကျသွားတဲ့အချိန် သတိပြန်ဝင်လာပြီး သူဒီမှာ ဆက်နေလို့မရတော့ဘူး ၊ ပတ်ဝန်းကျင်ကိုမျက်နှာမပြရဲတော့ဘူးလို့ပြောလိုက်ပါတယ် ၊ အမေက သားဒီကနေအမြန်ပြေးတော့လို့ ပြောပြီး လဲကျသွားတယ် ၊ အဲ့ဒီအချိန် ကျွန်တော့်မိခင် ကျွန်တော့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိလိုက်ပေမယ့် အရာရာဟာနောက်ကျသွားပါပြီ ၊ ဒါကြောင့် မိမိလုပ်ရပ်ဟာဘယ်သူမှ ခွင့်လွှတ်နိုင်စရာမရှိသလို ကိုယ့်ကိုယ်ကိုယ်လည်းရွံမုန်းပြီး မိုက်ပြစ်ကိုပေးဆပ်ဘို့ ရဲစခန်းမှာလာရောက်အဖမ်းခံခဲ့တာပါလို့ ”

ဟတ်ယိုင်မြို့နယ် ” ခေါဟုန် ” ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ဆတ်ဆစ် မီဆဲန်က ရဲစစ်ချက်အရသတင်းမှာဖော်ပြ ထားပါတယ် ။ မိခင်ကြီးရဲ့ကျမ္မာရေးအခြေအနေကတော့ အတွင်းလူနာအဖြစ်ကုသမှုခံနေရပြီး သားသမီးအပေါ်ထားရှိတဲ့ မိဘတို့ရဲ့မေတ္တာဟာမည်မျှကြီးမားကြောင်းကို သားမိုက် တစ်ယောက်အနေနဲ့ အချိန်လွန်မှနောင်တရခဲ့ ပေမယ့်လည်း အနန္တဂိုဏ်ဝင်ကျေးဇူးရှင်မွေးသမိခင်ကို ကံသုံးပါးနဲ့သွေးစိမ်းရှင်ရီင်ထွက်အောင် ကျူးလွန်ပြစ်မှားမိခဲ့တဲ့အပြစ်ကို တရားဥပဒေကခွင့်မလွှတ်သလို ပဉ္စာနန္ဒိယကံကြီးထိုက်ဘို့အချိန်တန်ရင် လောကသံသရာ ဝဋ်ကြွေးငရဲကတော့မျက်နှာသာပေးလိမ့်မည်မဟုတ်ပါ..ဘူးခင်ဗျာ..

SiThuMaung

Add a Comment

Your email address will not be published.