




credit – cele gabar

unicode

မြန်မာဆန်ပြီး ကျက်သရေ ရှိတဲ့ အလှတရားတွေ နဲ့အတူ ရင့်ကျက် တည်ငြိမ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့ သွင်ပြင်တွေ နဲ့ ဖမ်းစားလိုက်တဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ ချစ်စရာ သမီးအမြွှာလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ် ရဲ့ မေမေဖြစ်တဲ့ ချစ်သုဝေကတော့ Stay Home ကာလမှာ သမီးလေးနှစ်ယောက်ကို ပြုစုရင်း အချိန်တွေကုန်နေခဲ့တာပါ ။ မကြာခဏဆို ထမင်းဟင်းချက်နေတဲ့ပုံတွေတင်တတ်သလို အိမ်နေရင်းပုံနဲ့ Live လွှင့်တတ်တဲ့ မေမေထရီဇာ ကတော့ ပရိသတ်တွေ ရင်သပ်ရှုမောသွားစေမယ့် အလှတရားတွေကိုထုတ်ပြလိုက်ပါပြီနော် ။

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေဖို့ သပ်ရပ်စွာ ဝတ်စားနေထိုင်ခြင်းဟာလည်း အနုပညာပဲ မိန်းကလေးတိုင်းအလှကြိုက်တာလည်း သဘာဝပဲ” ဒီတော့ကား သဘာဝအနုပညာပြင်ဆင်မှုများအားရှူစားတော်မူကြပါရှင့် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ နန်းဆန်တဲ့အလှတရားတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။လှအောင်လုပ်ပေးမယ့်သူတွေကရှိတော့ မတတ်နိုင်ဘူး လှပြရတော့မှာပဲလို့ အရွှန်းဖောက်ရေးသားထားပြီး မေမေထရီဇာက အမှန် ကိုယ်သည် မလှဆုံးမနုရွဆုံး မင်းသမီးပဲလို့လည်း ပရိသတ်တွေကို ချစ်စဖွယ်စနောက်ထားပါသေးတယ် ။

အမြဲလိုလို ကလေးဆန်ဆန် ချစ်စဖွယ်အမူရာလေးတွေနဲ့ ပရိသတ်တွေ အချစ်ကို သိမ်းပိုက် ထားတဲ့ ထရီဇာကတော့ မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားတွေနဲ့အတူ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့သွင်ပြင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ ။ ထရီဇာကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ်ကြီး အတွက်လည်း ထရီဇာရဲ့ အလှတရားတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

credit – cele gabar

Add a Comment

Your email address will not be published. Required fields are marked *

two × one =