ပုဂံေရွးေဟာင္း ယဥ္ေက်းမႈေဒသရွိ ဘုရားမ်ား ဌာပနာ ေဖာက္ထြင္း ခံရမႈ CID စုံစမ္းေန

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈေဒသရွိ ဘုရားမ်ား ဌာပနာ ေဖာက္ထြင္း ခံရမႈ CID စုံစမ္းေန

မႏၲေလးတိုင္း ေဒသႀကီး ၊ ေညာင္ဦးၿမိဳ႕နယ္ ၊ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈေဒသ ရွိ ဘုရား အခ်ိဳ႕ တြင္ ဌာပနာ ေဖာက္ထြင္းခံ ရမႈ ၊ မီးရႈိ႕ခံရမႈမ်ားႏွင့္ ပတ္သက္ ၍ က်ဳးလြန္သူမ်ား အား ဖမ္းဆီးရ မိေရး မႈခင္း ရဲတပ္ဖြဲ႕ ( CID ) က စုံစမ္းလ်က္ ရွိေၾကာင္း သိ ရ သည္ ။

“ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ က ဗ်ဴဟာမႉး တေယာက္ က အနီးကပ္ႀကီးၾကပ္ၿပီး ဝိုင္းကူေပးေန ပါတယ္။ နယ္ေျမခံ တပ္ရင္း က ထုတ္ႏႈတ္အင္အားေတြနဲ႔အတူ နယ္ေျမခံရဲတပ္ဖြဲ႕ရဲ႕ လုံၿခဳံေရးအင္အားေတြနဲ႔ လွည့္ကင္းပတ္ကင္းေတြ၊ လိုအပ္တာေတြ ဝိုင္းဝန္းပံ့ပိုးၿပီးေတာ့ ညႇိႏႈိင္း ကြပ္ကဲေပးေနတယ္။ လုံၿခဳံေရးေတြ ခ်ထားတယ္ ဆိုေတာ့ လက္ရွိ ပုဂံအေန အထားက ေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ CID က ဒုတိယ ရဲမႉးႀကီးတစ္ဦး နဲ႔အဖြဲ႕ က တရားခံ ဖမ္းဆီး ရမိေရး ေဆာင္႐ြက္ေန ပါတယ္ ” ဟု ေညာင္ဦးခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန မွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္ ။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈေဒသ၊ ေတာင္ဘီေက်း႐ြာ အုပ္စု အတြင္း၊ ႐ြာေဟာင္းႀကီး ဘုရားေျမာက္ဘက္ ဘုရာစုမ်ားအနက္ ဘုရားငါးဆူသည္ ၿပီးခဲ့သည့္ ဇြန္(၈)ရက္ေန႔က ေဖာက္ထြင္းခံ ခဲ့ရၿပီး စူဠာမဏိဘုရားႏွင့္ ဓမၼရံႀကီးဘုရားႏွစ္ဆူၾကားရွိ ဘုရားသုံးဆူ (ရ၅၃/၇၅၁/၇၅၁-က) အစရွိေသာ ဘုရားမ်ားမွာ လည္း ဇြန္ (၉) ရက္ေန႔တြင္ ေဖာက္ထြင္းခံ ခဲ့ရေၾကာင္း သိ ရသည္။

“ေဖာက္ထြင္းခံရတဲ့ဘုရားေတြ ကို ျပန္ၿပီး စစ္ေဆး ၾကည့္ေတာ့ (၁၂)ခုေလာက္က ေဖာက္ထြင္းခံရတာ။ တျခားဟာေတြက ဌာပနာမပိတ္ရေသးတဲ့ ေစတီေတြပါ။ ျပဳျပင္တာလက္စမသတ္ရေသး တဲ့သေဘာ ပါ။ ေဖာက္ထြင္းခံထားရသည့္ ဘုရားမ်ားသည္ နဝတအစိုးရလက္ထက္က အသစ္ျပန္လည္ ျပဳျပင္ထားတဲ့ ဘုရားေတြျဖစ္ပါတယ္”ဟု ေရွး ေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ)မွ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္ က ေျပာ သည္ ။

ထို႔အျပင္ ပုဂံၿမိဳ႕ေဟာင္း ရွိ နံရံေဆးေရး ပန္းခ်ီ အမ်ား အျပား ရွိသည့္ ေလာကထိပ္ပန္ ဘုရား အတြင္း သံပန္းအား ကာရံထားသည့္ ဝါးယင္းလိပ္မွာလည္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေသာ္လည္း ဘုရားရွိနံရံေဆးေရး ပန္းခ်ီမ်ားမွာ ထိခိုက္မႈမရွိေၾကာင္း သိရ သည္ ။

သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ မႏၲေလးတိုင္း ေဒသႀကီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးတို႔ ပါဝင္သည့္ ဇြန္ ၁၃ ရက္ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ လုံၿခဳံေရးတိုးျမႇင့္ၿပီး တင္းတင္း က်ပ္က်ပ္ လုပ္ေဆာင္ေရး ေဆြးေႏြးခဲ့ၾကၿပီး လက္ရွိအခ်ိန္တြင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမကို ေရွးေဟာင္းသုေတသန၊ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ ပုဂံေညာင္ဦး ဧည့္လမ္းၫႊန္မ်ား အသင္း တို႔က လုံၿခဳံေရးေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း သိ ရသည္။

ဦးရာဇ ( News Watch ) ေလးစားစြာျဖင့္ ခရက္ဒစ္

unicode

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ ဘုရားများ ဌာပနာ ဖောက်ထွင်း ခံရမှု CID စုံစမ်းနေ

မန္တလေးတိုင်း ဒေသကြီး ၊ ညောင်ဦးမြို့နယ် ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ရှိ ဘုရား အချို့ တွင် ဌာပနာ ဖောက်ထွင်းခံ ရမှု ၊ မီးရှို့ခံရမှုများနှင့် ပတ်သက် ၍ ကျုးလွန်သူများ အား ဖမ်းဆီးရ မိရေး မှုခင်း ရဲတပ်ဖွဲ့ ( CID ) က စုံစမ်းလျက် ရှိကြောင်း သိ ရ သည် ။

“ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ဗျူဟာမှူး တယောက် က အနီးကပ်ကြီးကြပ်ပြီး ဝိုင်းကူပေးနေ ပါတယ်။ နယ်မြေခံ တပ်ရင်း က ထုတ်နှုတ်အင်အားတွေနဲ့အတူ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအင်အားတွေနဲ့ လှည့်ကင်းပတ်ကင်းတွေ၊ လိုအပ်တာတွေ ဝိုင်းဝန်းပံ့ပိုးပြီးတော့ ညှိနှိုင်း ကွပ်ကဲပေးနေတယ်။ လုံခြုံရေးတွေ ချထားတယ် ဆိုတော့ လက်ရှိ ပုဂံအနေ အထားက တော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ CID က ဒုတိယ ရဲမှူးကြီးတစ်ဦး နဲ့အဖွဲ့ က တရားခံ ဖမ်းဆီး ရမိရေး ဆောင်ရွက်နေ ပါတယ် ” ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး က ပြောသည် ။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၊ တောင်ဘီကျေးရွာ အုပ်စု အတွင်း၊ ရွာဟောင်းကြီး ဘုရားမြောက်ဘက် ဘုရာစုများအနက် ဘုရားငါးဆူသည် ပြီးခဲ့သည့် ဇွန်(၈)ရက်နေ့က ဖောက်ထွင်းခံ ခဲ့ရပြီး စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ (ရ၅၃/၇၅၁/၇၅၁-က) အစရှိသော ဘုရားများမှာ လည်း ဇွန် (၉) ရက်နေ့တွင် ဖောက်ထွင်းခံ ခဲ့ရကြောင်း သိ ရသည်။

“ဖောက်ထွင်းခံရတဲ့ဘုရားတွေ ကို ပြန်ပြီး စစ်ဆေး ကြည့်တော့ (၁၂)ခုလောက်က ဖောက်ထွင်းခံရတာ။ တခြားဟာတွေက ဌာပနာမပိတ်ရသေးတဲ့ စေတီတွေပါ။ ပြုပြင်တာလက်စမသတ်ရသေး တဲ့သဘော ပါ။ ဖောက်ထွင်းခံထားရသည့် ဘုရားများသည် နဝတအစိုးရလက်ထက်က အသစ်ပြန်လည် ပြုပြင်ထားတဲ့ ဘုရားတွေဖြစ်ပါတယ်”ဟု ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ပြော သည် ။

ထို့အပြင် ပုဂံမြို့ဟောင်း ရှိ နံရံဆေးရေး ပန်းချီ အများ အပြား ရှိသည့် လောကထိပ်ပန် ဘုရား အတွင်း သံပန်းအား ကာရံထားသည့် ဝါးယင်းလိပ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသော်လည်း ဘုရားရှိနံရံဆေးရေး ပန်းချီများမှာ ထိခိုက်မှုမရှိကြောင်း သိရ သည် ။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ ပါဝင်သည့် ဇွန် ၁၃ ရက် တွေ့ဆုံဆွေးနွေးပွဲတွင် လုံခြုံရေးတိုးမြှင့်ပြီး တင်းတင်း ကျပ်ကျပ် လုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ရှေးဟောင်းသုတေသန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပုဂံညောင်ဦး ဧည့်လမ်းညွှန်များ အသင်း တို့က လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိကြောင်း သိ ရသည်။

ဦးရာဇ ( News Watch ) လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *

seven + 6 =