ဒူဘိုင်းကကြီးကျယ်ခမ်းနားတဲ့ စားသောက်ဆိုင်ကြီးမှာ ချစ်ခင်ပွန်းနဲ့အတူ ညစာစားသောက်ရင်း ဖြတ်သန်းခဲ့တဲ့ “လိုင်လာခန်း”

ဘောလိဝုဒ်မှာရော မြန်မာ မှာပါ နာမည်ရှိပြီးသား ဖြစ်တဲ့ မင်းသမီး လိုင်လာခမ်းတစ် ယောက် လက်ရှိမှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုရောက်ရှိနေ တာပဲဖြစ်ပါတယ်။ သူမက အမြဲတမ်းအသိပညာပေးတဲ့စာမျိုးလေးတွေရေးတတ်ပြီး အမျိုးသမီးတွေကို စိတ်ခွန်းအားဖြစ် စေတဲ့ အကြောင်းတရား လေးတွေလည်း သူမကဖော်ညွှန်းတတ်ပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့ကတော့ လိုင်လာခန်းတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ လိုင်လာခန်းတို့ ဇနီးမောင်နှံက သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဒူဘိုင်းကိုရောက်ရှိနေတာဖြစ်ပြီး ဒူဘိုင်းက ကြယ်လေးလုံးစားသောက်ဆိုင်ကြီးမှာ ညစာအ တူတူစားကာ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။

လိုင်လာခန်းကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာမှုအပြည့်အဝရရှိသလို ဘဝရဲ့စည်းစိမ်ချမ်းသာတွေကိုလည်း ပြည့်ပြည့်ဝဝခံစားရတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လိုင်လာခန်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးအားကျနေကြမယ်လို့ ထင်ပါတယ်နော်။

Source: Laila Khan’s fb