အဆိုတော်အိုင်းရင်းဇင်မာမြင့်ကတော့ချိုမြိန်လှတဲ့ အသံပါဝါတွေနဲ့အတူ ပရိတ်သတ်များကို ဆွဲဆောင်ထားပြီး တေးသီချင်းကောင်းများစွာကို အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်များရဲ့အားပေးမှုကိုတခဲနက်အခိုင်အမာအပြည့်အဝ ရရှိထားတဲ့အဆိုတော်ကောင်း တစ်ယောက်ပဲဖြစ်ပါတယ်နော်။
အခုတစ်ခါမှာဆိုရင် အဆိုတော် အိုင်းရင်းဇင်မာမြင့်က အနုပညာအလုပ်တွေရပ်နားပြီး စီးပွားရေးစလုပ်တော့မယ်ဆိုပြီး ပရိတ်သတ်တွေကို အခုလို အသိပေးလာခဲ့ပါတယ်နော်။ အဆိုတော်အိုင်းရင်းဇင်မာမြင့်က စီးပွါးရေးကိုလုံးဝကိုမသိတာ၊ အမေ့ကိုလဲအသက်ရှည်ပီး ကိုယ့်အနားနေဦးမယ် ထင်တာကိုး၊ အခုကြအလုပ်မရှိတော့ ဘာနဲ့ရှေ့ဆက်ရပါ့၊
ဒါကြောင့်ဘယ်သူ့ကိုမှ မပူလောင်စေမယ့် စီးပွါးတော့စလုပ်မယ်၊ ချစ်တဲ့သူကတော့အားပေးမှာပဲ သိတယ်၊ လက်ရှိပုံ ၊Good night ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊
crd
zawgyi
crd