ေသဆုံးသြား ခဲ့ေပမဲ့ ခ်စ္ဇနီးေလး ရဲ႕ေမြးေန႔ နဲ႔ ANNIVERSARY ေန႔ေတြမွာ ပန္းစည္း အၿမဲရေအာင္ စီစဥ္ေပးခဲ့တဲ့ ခင္ပြန္း (ဗီဒီယိုဖိုင္)

ေသဆုံးသြား ခဲ့ေပမဲ့ ခ်စ္ဇနီးေလး ရဲ႕ေမြးေန႔ နဲ႔ ANNIVERSARY ေန႔ေတြမွာ ပန္းစည္း အၿမဲရေအာင္ စီစဥ္ေပးခဲ့တဲ့ ခင္ပြန္း (ဗီဒီယိုဖိုင္)

ဖိလစ္ပိုင္ႏိုင္ငံက စုံတြဲတစ္တြဲ၍အခ်စ္ဇာတ္လမ္းေလးကေတာ့ အေတာ္ေလးကို ရင္နာရေလာက္တဲ့အထိ ခံစားေစ ရမွာပါ ။ မၾကာေသးခင္က Aly Mendoza အမည္နဲ႔ မိန္းကေလးတစ္ေယာက္ဟာ ၿပီးခဲ့တဲ့ 10လခန႔္ကေသဆုံးသြားခဲ့တဲ့ သူမရဲ႕ဖခင္ဆီကေန email တစ္ေစာင္လက္ခံရရွိခဲ့ေၾကာင္းကို social media ေပၚမွာ ေဝမွ်သြားခဲ့ပါတယ္ ။ အစပိုင္း မွာေတာ့ email ကိုဝင္ဖတ္ဖို႔ သံသယျဖစ္ေနခဲ့ေပမဲ့လည္း ေနာက္ဆုံးအဆိုပါစာေလးကို သူမဖတ္ျဖစ္ေအာင္ ဖတ္ခဲ့ပါေတာ့တယ္ ။ အဲတာကေတာ့ သူမရဲ႕မိခင္အတြက္ လာမယ့္ မဂၤလာႏွစ္ပတ္လည္ပြဲေလးကို ေသခ်ာေလးျပဳလုပ္ေပး ဖို႔ဖခင္က ေျပာဆိုခဲ့တာပါပဲ ။

ထို႔အျပင္ Aly ရဲ႕ဖခင္ဟာ မေသဆုံးခင္ ၿပီးခဲ့တဲ့ 10လခန႔္ကတည္းက ဘယ္သူကမွမသိေအာင္ ဇနီးသည္အတြက္ လာမည့္ႏွစ္တိုင္း ေမြးေန႔ ၊ မဂၤလာႏွစ္ပတ္လည္ ႏွင့္ Valentine Day တို႔အတြက္ ပန္းစည္းအၿမဲပို႔ေပးဖို႔ ပန္းဆိုင္ကိုအရင္ဆုံး ႀကိဳတင္ေငြေပးေခ်ခဲ့ေသးေၾကာင္း သိရွိရပါတယ္ ။ ထို႔အျပင္ အခ်ိန္မတိုင္ခင္ေသဆုံးသြားခဲ့လို႔ ဇနီးသည္ကိုႏွစ္သိမ့္ႏိုင္ေအာင္ ဇနီးသည္အတြက္ စာတစ္ေစာင္ေရးထားခဲ့ၿပီး အဆိုပါစာေလးကို မိခင္ျဖစ္သူအားေပးဖို႔ Aly အားေတာင္းဆိုထားပါေသးတယ္ ။ ၎တို႔စုံတြဲရဲ႕ 25 ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ကိုေတာ့ အတူျဖတ္သန္း ခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ Aly ဟာ သူငယ္ခ်င္းေတြကိုအကူအညီ ေတာင္းၿပီး ဖခင္စီစဥ္ထားတဲ့အတိုင္း မဂၤလာႏွစ္ပတ္လည္ပါတီပြဲေလးကို မိခင္အတြက္ Surprise လုပ္ေပးခဲ့ပါတယ္ ။ ပန္းစည္းေလး လက္ခံရရွိခဲ့ခ်ိန္မွာေတာ့ မိခင္ျဖစ္သူဟာ ဝမ္းနည္းမ်က္ရည္ၾကၿပီးအေတာ္ေလးငိုေႂကြးခဲ့ကာ အဆိုပါ အခိုက္အတန႔္ေလးဟာ မိခင္အတြက္ ခါးသီးလြန္းတဲ့အခ်ိန္ျဖစ္သလို ၊ ခ်စ္ခင္ပြန္းဆီကေန မေမွ်ာ္လင့္ပဲရရွိခဲ့တဲ့ ခ်ိဳ ၿမိန္လြန္းတဲ့ အခိုက္အတန႔္တစ္ခုလည္း ျဖစ္ခဲ့ရေၾကာင္း သိရွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

unicode

သေဆုံးသွား ခဲ့ပေမဲ့ ချစ်ဇနီးလေး ရဲ့မွေးနေ့ နဲ့ ANNIVERSARY နေ့တွေမှာ ပန်းစည်း အမြဲရအောင် စီစဉ်ပေးခဲ့တဲ့ ခင်ပွန်း (ဗီဒီယိုဖိုင်)

ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲ၍အချစ်ဇာတ်လမ်းလေးကတော့ အတော်လေးကို ရင်နာရလောက်တဲ့အထိ ခံစားစေ ရမှာပါ ။ မကြာသေးခင်က Aly Mendoza အမည်နဲ့ မိန်းကလေးတစ်ယောက်ဟာ ပြီးခဲ့တဲ့ 10လခန့်ကသေဆုံးသွားခဲ့တဲ့ သူမရဲ့ဖခင်ဆီကနေ email တစ်စောင်လက်ခံရရှိခဲ့ကြောင်းကို social media ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ အစပိုင်း မှာတော့ email ကိုဝင်ဖတ်ဖို့ သံသယဖြစ်နေခဲ့ပေမဲ့လည်း နောက်ဆုံးအဆိုပါစာလေးကို သူမဖတ်ဖြစ်အောင် ဖတ်ခဲ့ပါတော့တယ် ။ အဲတာကတော့ သူမရဲ့မိခင်အတွက် လာမယ့် မင်္ဂလာနှစ်ပတ်လည်ပွဲလေးကို သေချာလေးပြုလုပ်ပေး ဖို့ဖခင်က ပြောဆိုခဲ့တာပါပဲ ။

ထို့အပြင် Aly ရဲ့ဖခင်ဟာ မသေဆုံးခင် ပြီးခဲ့တဲ့ 10လခန့်ကတည်းက ဘယ်သူကမှမသိအောင် ဇနီးသည်အတွက် လာမည့်နှစ်တိုင်း မွေးနေ့ ၊ မင်္ဂလာနှစ်ပတ်လည် နှင့် Valentine Day တို့အတွက် ပန်းစည်းအမြဲပို့ပေးဖို့ ပန်းဆိုင်ကိုအရင်ဆုံး ကြိုတင်ငွေပေးချေခဲ့သေးကြောင်း သိရှိရပါတယ် ။ ထို့အပြင် အချိန်မတိုင်ခင်သေဆုံးသွားခဲ့လို့ ဇနီးသည်ကိုနှစ်သိမ့်နိုင်အောင် ဇနီးသည်အတွက် စာတစ်စောင်ရေးထားခဲ့ပြီး အဆိုပါစာလေးကို မိခင်ဖြစ်သူအားပေးဖို့ Aly အားတောင်းဆိုထားပါသေးတယ် ။ ၎င်းတို့စုံတွဲရဲ့ 25 နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကိုတော့ အတူဖြတ်သန်း ခဲ့ရပါတယ် ။

ထို့ကြောင့် Aly ဟာ သူငယ်ချင်းတွေကိုအကူအညီ တောင်းပြီး ဖခင်စီစဉ်ထားတဲ့အတိုင်း မင်္ဂလာနှစ်ပတ်လည်ပါတီပွဲလေးကို မိခင်အတွက် Surprise လုပ်ပေးခဲ့ပါတယ် ။ ပန်းစည်းလေး လက်ခံရရှိခဲ့ချိန်မှာတော့ မိခင်ဖြစ်သူဟာ ဝမ်းနည်းမျက်ရည်ကြပြီးအတော်လေးငိုကြွေးခဲ့ကာ အဆိုပါ အခိုက်အတန့်လေးဟာ မိခင်အတွက် ခါးသီးလွန်းတဲ့အချိန်ဖြစ်သလို ၊ ချစ်ခင်ပွန်းဆီကနေ မမျှော်လင့်ပဲရရှိခဲ့တဲ့ ချို မြိန်လွန်းတဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *

ten − four =