unicode
အခြောက်စိတ် ဆိုတာ မွေးသန္ဓေမှာထဲက ပါလာတာမို့ ကြီးမှခြောက်သွားတာ မရှိပါဘူးဆိုတဲ့ ညီညီမောင် (စမ်းချောင်း)
သုသုလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ညီညီမောင် (စမ်းချောင်း) ကတော့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တာကြောင့် မသိတဲ့သူမရှိလောက်အောင်ကို ထင်ပေါ်လွန်းသူတစ်ယောက် ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း)က မိန်းမလျာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း နဲ့ တစ်ခုချင်းစီ ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ညီညီမောင် (စမ်းချောင်း)က သူ့ရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတစ်ခုကို မျှဝေရင်း အခုလိုပဲ ပြောထားပါတယ်။
“အခြောက်စိတ် ဆိုတာ မွေးသန္ဓေမှာထဲက ပါလာတာ။ ကြီးမှခြောက်သွားတာ မရှိပါဘူး အခြေအနေ အခွင့်မသာလို့သာ ယောကျာ်းလိုနေကြမယ်။ လူကယောကျာ်းလိုနေပေမဲ့ စိတ်ကတော့ခြောက်နေတာပါပဲ။ ငယ်ဖြူတို့ တောထွက်တို့ဆိုတာ စကားအဖြစ်သာရှိတာပါ။ တချိုဆို အိမ်ထောင်ကျ ကလေးတွေရမှာ ပွင့်သွားတယ်။ ကြီးခြောက်ကြီးပေါ့။ အဲ့လို အခြောက်မှာမရှိပါဘူ။း မွေးသန္ဓေမှာထဲက ခြောက်နေတာပါ။ မိဘအခြေအနေ အခွင်ရေးမရလို့ ကျားခဲ့ရတာ ဖြစ်ဖို့များပါတယ်။”
“ကျမ တိုကတော့ ငယ်ငယ်ထဲက အမေကပွင်လင်းလို့ ခုလို လုပ်ချင်တာဖြစ်တာ လုပ်ခွင့်ရခဲ့ပြီး လွတ်လပ်စွာနေနိုင်တာပါ။ ဒီပုံလေးကတော့ ကြည်မြင်တိုင် ဆရာဦးထွန်းရီ ၁၀တန်း Day ကျူရှင်က သူငယ်ချင်းမတွေနဲ့ပါ။ အရမ်းခင်၊ ချစ်ဖို့ကောင်းတဲ့ မိန်းကလေး သူငယ်ချင်းတွေပါ။” ဆိုပြီး အမှတ်တရတွေ နဲ့အတူ ပွင့်လင်းစွာ ပြောထားပါတယ်။
ညီညီမောင် (စမ်းချောင်း) ကတော့ သူ့ရဲ့ဖြစ်တည်မှု ကို ယုံယုံကြည်ကြည်နဲ့ နေထိုင်လာခဲ့ရာ အခုဆိုရင် နိုင်ငံကျော် မိတ်ကပ်ပညာရှင်၊ ဆယ်လီတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ သုသုတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်လက်ရိုက်ကူးရပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Nyi Nyi Maung’s fb