ေျမာက္ကိုရီးယား က စစ္တပ္ အသင့္ျပင္ထားၿပီး ေတာင္ကိုရီးယား ကို ေနာက္ဆုံး သတိေပးၿပီ

ေျမာက္ကိုရီးယား က စစ္တပ္ အသင့္ျပင္ထားၿပီး ေတာင္ကိုရီးယား ကို ေနာက္ဆုံး သတိေပးၿပီ

ေျမာက္ကိုရီးယားႏိုင္ငံတြင္းသို႔ ျပည္ေျပးအုပ္စုမ်ားက ဝါဒျဖန႔္ စာေစာင္မ်ား ဆက္ပို႔ေနဦးမယ္ဆိုရင္ စစ္တပ္က အေရးယူသြားရန္ အသင့္ျပင္ထားၿပီးျဖစ္ေၾကာင္း ေနာက္ဆုံး သတိေပးခ်က္အျဖစ္ ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းဌာနက ထုတ္လႊင့္လိုက္ပါတယ္။

၂၀၁၈ ကိုရီးယား သေဘာတူစာခ်ဳ႕္အရ သတ္မွတ္ထားေသာ စစ္မဲ့ဇုန္မ်ားထဲ တပ္မ်ား ဝင္ေရာက္ကာ ေရွ႕တန္းခံတပ္အျဖစ္ ေျပာင္းလဲပစ္မည့္ အေရးယူသည့္ အစီအစဥ္တစ္ရပ္ကို အသင့္ျပင္ထားၿပီးျဖစ္သည္ဟု ကိုရီးယားျပည္သူ႔စစ္တပ္ KPA ၏ စစ္ဦးစီးခ်ဳပ္႐ုံးက ဆိုပါတယ္။ ပါတီ နဲ႔ အစိုးရက ဘာအမိန႔္ပဲ ေပးေပး စစ္တပ္က လိုက္နာဖို႔ အသင့္ရွိေနတယ္လို႔ လည္း ေျပာလိုက္ပါတယ္။

ေတာင္ကိုရီးယားႏွင့္ ဆက္ဆံေရး ကို ျဖတ္ေတာက္ပစ္ၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံးအြန္အား ေဝဖန္ထားေသာ လက္ကမ္းစာေစာင္မ်ား ေပးပို႔ေနျခင္းအေပၚ လက္တုံ႔ျပန္သြားမည္ဟု ေျမာက္ကိုရီးယားႏိုင္ငံက ၿခိမ္းေျခာက္လာၿပီးေနာက္ တင္းမာမႈမ်ား ျမင့္တက္လ်က္ ရွိေန ပါတယ္။

ေျမာက္ကိုရီးယား ျပည္ေျပးမ်ား ဦးေဆာင္ေသာ အုပ္စု အခ်ိဳ႕သည္ ေျမာက္ကိုရီးယားဖက္ျခမ္းသို႔ ဝါဒျဖန႔္ လက္ကမ္းစာေစာင္မ်ားကို အစားအစာမ်ား၊ အေမရိကန္ တစ္ေဒၚလာတန္၊ အေသးစား ေရဒီယိုမ်ားႏွင့္ ေတာင္ကိုရီးယား ဇာတ္ကားမ်ား ႏွင့္ သတင္းမ်ား ပါရွိေသာ USB stick မ်ားအား လုံၿခဳံေရးတင္းၾကပ္စြာ ခ်ထားေသာ နယ္စပ္ကို မိုးပ်ံပူေဖာင္းမ်ားျဖင့္ သို႔မဟုတ္ ျမစ္ေရတြင္ ပုလင္းမ်ားထဲ ထည့္၍ ေမ်ာျခင္းျဖင့္ ေပးပို႔ေနျခင္း ျဖစ္ပါတယ္။

ကင္ဂ်ဳံးအြန္၏ ညီမ အာဏာရ အလုပ္သမားပါတီ၏ အႀကီးတန္း တာဝန္ရွိသူ ကင္ယိုဂ်ဳံးက စစ္တပ္အား လာမည့္ တိုက္ပြဲအတြက္ အသင့္ျပင္ထားရန္ အမိန႔္ေပးထားေၾကာင္း စေနေန႔က ေျပာၾကားလိုက္ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံ အေနျဖင့္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား ေဖာ္ေဆာင္ေသာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္မ်ားကို ဆက္လက္ထိန္းသိမ္းရန္ႏွင့္ ေစ့စပ္ေဆြးေႏြးရန္ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

crd : whitesone

unicode

မြောက်ကိုရီးယား က စစ်တပ် အသင့်ပြင်ထားပြီး တောင်ကိုရီးယား ကို နောက်ဆုံး သတိပေးပြီ

မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ပြည်ပြေးအုပ်စုများက ဝါဒဖြန့် စာစောင်များ ဆက်ပို့နေဦးမယ်ဆိုရင် စစ်တပ်က အရေးယူသွားရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း နောက်ဆုံး သတိပေးချက်အဖြစ် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်လိုက်ပါတယ်။

၂၀၁၈ ကိုရီးယား သဘောတူစာချု့်အရ သတ်မှတ်ထားသော စစ်မဲ့ဇုန်များထဲ တပ်များ ဝင်ရောက်ကာ ရှေ့တန်းခံတပ်အဖြစ် ပြောင်းလဲပစ်မည့် အရေးယူသည့် အစီအစဉ်တစ်ရပ်ကို အသင့်ပြင်ထားပြီးဖြစ်သည်ဟု ကိုရီးယားပြည်သူ့စစ်တပ် KPA ၏ စစ်ဦးစီးချုပ်ရုံးက ဆိုပါတယ်။ ပါတီ နဲ့ အစိုးရက ဘာအမိန့်ပဲ ပေးပေး စစ်တပ်က လိုက်နာဖို့ အသင့်ရှိနေတယ်လို့ လည်း ပြောလိုက်ပါတယ်။

တောင်ကိုရီးယားနှင့် ဆက်ဆံရေး ကို ဖြတ်တောက်ပစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အား ဝေဖန်ထားသော လက်ကမ်းစာစောင်များ ပေးပို့နေခြင်းအပေါ် လက်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လာပြီးနောက် တင်းမာမှုများ မြင့်တက်လျက် ရှိနေ ပါတယ်။

မြောက်ကိုရီးယား ပြည်ပြေးများ ဦးဆောင်သော အုပ်စု အချို့သည် မြောက်ကိုရီးယားဖက်ခြမ်းသို့ ဝါဒဖြန့် လက်ကမ်းစာစောင်များကို အစားအစာများ၊ အမေရိကန် တစ်ဒေါ်လာတန်၊ အသေးစား ရေဒီယိုများနှင့် တောင်ကိုရီးယား ဇာတ်ကားများ နှင့် သတင်းများ ပါရှိသော USB stick များအား လုံခြုံရေးတင်းကြပ်စွာ ချထားသော နယ်စပ်ကို မိုးပျံပူဖောင်းများဖြင့် သို့မဟုတ် မြစ်ရေတွင် ပုလင်းများထဲ ထည့်၍ မျောခြင်းဖြင့် ပေးပို့နေခြင်း ဖြစ်ပါတယ်။

ကင်ဂျုံးအွန်၏ ညီမ အာဏာရ အလုပ်သမားပါတီ၏ အကြီးတန်း တာဝန်ရှိသူ ကင်ယိုဂျုံးက စစ်တပ်အား လာမည့် တိုက်ပွဲအတွက် အသင့်ပြင်ထားရန် အမိန့်ပေးထားကြောင်း စနေနေ့က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဖော်ဆောင်သော ငြိမ်းချမ်းရေး သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းရန်နှင့် စေ့စပ်ဆွေးနွေးရန် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five × 1 =