နေ့စဉ်ရက်ဆက် မိုးရွာ နေတာကြောင့် အမိုးအကာ မရှိဘဲ နေကြရတဲ့ စစ်ဘေးရှောင် တိုင်းရင်းသားတွေ အတွက် စိုးရိမ် ပူပန်နေတဲ့ သန္တာလှိုင်

မော်ဒယ် သန္တာလှိုင်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ အားကြိုး မာန်တက် ပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ စားဝတ်နေရေးအဆင်မပြေတဲ့ ပြည်သူတွေကိုလည်း လိုအပ်တာတွေ ကူညီပေးနေသူ တစ်ယောက်ပါပဲနော်။ သူမကတော့ လတ်တလောအခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးတွေ ရွာသွန်းနေတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ မိုးရွာသွန်းတာကို အရင်လို အေးချမ်းစွာ မနေနိုင်ကြဘဲ အမိုးအကာမဲ့စွာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက် စိုးရိမ်နေကြတာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း သန္တာလှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မိုးတွေ အဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေအတွက် စိတ်ပူနေပြီး အခြေအနေတွေ ပြန်လည် ကောင်းမွန်တဲ့အခါ နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ကြရတဲ့ တိုင်းရင်းသားမောင်နှမတွေကို ပြန်လည်ကူညီဖို့ မမေ့သင့်ကြောင်း ရေးသားထားတာပါ။

သူမကလည်း ” မနေ့ညက မိုးရွာတော့ ရာသီဥတုလေးအေးချမ်းလာပြီဆိုပြီး စိတ်ချမ်းသာ မယ်ရှိသေး အရင်ကနဲ့မတူဘဲ ချက်ချင်း ဪ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ အမိုးအကာမဲ့ ကလေးတွေ အမေတွေသက်ကြီးရွယ်အိုတွေ ဘယ်လိုများနေနေကြပါသလဲဆိုတဲ့ အတွေးလေး ဝင်လာပြီး ရင်ထဲပူသွားတယ်။ ဒါဟာ တိုးတက်လာတဲ့ ကျွန်မတို့ရဲ့ ကိုယ်ချင်းစာနာစိတ်တွေပါလို့ တွေးပြီး ပူနေတဲ့ရင်ကို ငါတို့တွေ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးနဲ့ အစားထိုးလိုက်တယ်။

ကျွန်မတို့ ကလေးတွေအတွက် စနစ်တကျ စည်းလုံးစွာနဲ့ ပန်တိုင်ကိုရောက်ဖို့ ကြိုးစား ရမှာက ကျွန်မတို့ မျိုးဆက်တွေရဲ့ သမိုင်းပေးတာဝန်ဖြစ်လာခဲ့ပြီ။ မြို့တွေမှာ အခြေအနေပြန်ကောင်းလာရင်လည်း နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတဲ့ တောထဲတောင်ထဲက တိုင်းရင်သားတွေကို မမေ့ကြကြေးနော်….” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Hlaing’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

two × 2 =