သက်ကြီးရွယ်အိုများ နဲ့ နာမကျန်းလူမမာ အဘိုးအဘွားများ လတ်တလော အခက်အခဲတွေ အဆင်ပြေစေဖို့ တတ်နိုင်သလောက် ကူညီခဲ့တဲ့ ခိုင်နှင်းဝေ
|သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို ကြိုးစား ကူညီဆောင်ရွက် နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေကို သွားရောက် လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည် ပေးတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကတော့ ဂုဏ်ယူစရာပါပဲနော်။
လတ်တလော လှုပ်ရှားမှုများအနေနဲ့ စားဝတ်နေရေး ခက်ခဲတဲ့ ပြည်သူများအား စုံစမ်းကာ လိုအပ်တဲ့ နေရာများ အထိ သွားရောက်ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ပရဟိတလုပ်ငန်းတွေကို မမောနိုင် မပန်းနိုင် ဆောင်ရွက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သက်ကြီး ရွယ်အိုများနဲ့ နာမကျန်းလူမမာအဘိုးအဘွားများအတွက် လိုအပ်တဲ့ အကူအညီများအားထောက်ပံ့လှူဒါန်း ပေးခဲ့တဲ့ပုံရိပ်များကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
သူမကလည်း ” သက်ကြီးရွယ်အိုများနဲ့ နာမကျန်းလူမမာ အဘိုးအဘွားများအတွက် ဆန်(၂) ပြည်၊ ဆီ၊နို့ဗူး၊အာလူး၊ ကုလားပဲ၊ အားဆေး နှင့် ဆေးဖိုး အလှူငွေ (၁၀၀၀၀) ကျပ်တို့အား အိမ်ခြေ (၇၀) စာ လှူဒါန်းပေးခဲ့ပါတယ်….လတ်တလော အခက်အခဲလေးတွေ အနည်းငယ် ပြေပျောက်စေဖို့ တတ်နိုင်သလောက် လှူဒါန်းကုသိုလ်ယူခဲ့ပါတယ်ရှင်..🙏🙏🙏” ဆိုပြီး ရေး သားထားတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် အလှူရေစက် လက်နဲ့မကွာ အမြဲလှူဒါန်းနိုင်ပါစေနော်။
Source and Photo Crd-Khine Hnin Wai’s Facebook Page