နယူးဇီလန္ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကင္း စင္ၿပီဟု ေၾကျငာ ၿပီး ရက္ပိုင္း အတြင္း (၂) ဦးအသစ္ေတြ႕

နယူးဇီလန္ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကင္း စင္ၿပီဟု ေၾကျငာ ၿပီး ရက္ပိုင္း အတြင္း (၂) ဦးအသစ္ေတြ႕

ကို ႐ိုနာဗိုင္းရပ္စ္ပိုးကင္းစင္တဲ့ ႏိုင္ငံ အျဖစ္ေၾကညာၿပီး ရက္ပိုင္းအတြင္း နယူးဇီလန္ မွာ ေရာဂါပိုးရွိသူ (၂) ဦးေတြ႕ရတယ္လို႔ အစိုးရက ေၾကညာလိုက္ပါတယ္။ နယူးဇီလန္မွာ ေရာဂါပိုးမေတြ႕တာ ၂၄ ရက္ဆက္တိုက္ရွိေနၿပီး ၿပီးခဲ့တဲ့ အဂၤါေန႔ကမွ ၿဗိတိန္ကျပန္လာသူ (၂) ဦးမွာ ေရာဂါပိုးျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က နယူးဇီလန္အစိုးရ ဟာ နယ္စပ္ဂိတ္ကလြဲၿပီး Lockdown ေျဖေလ်ာ့မႈအပါအဝင္ စည္းကမ္းခ်က္ေတြကို ပယ္ဖ်က္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ နယူးဇီလန္ဟာ ကို႐ိုနာကပ္ေရာဂါကင္းလြတ္တဲ့ႏိုင္ငံျဖစ္ေၾကာင္း ေၾကညာၿပီးမွ ျပန္ျဖစ္တဲ့ ပထမဆုံးႏိုင္ငံျဖစ္သြားပါတယ္။

နယူးဇီလန္ဝန္ႀကီးခ်ဳပ္အာဒန္က ႏိုင္ငံျခား ျပန္ ေတြဆီက ကူးစက္မႈေတြမျဖစ္ေအာင္ လုပ္ေဆာင္သြားေတာ့မယ္လို႔ေျပာပါတယ္။ နယူးဇီလန္က်န္းမာေရးဝန္ႀကီးက ေရာဂါပိုးေတြ႕သူေတြဟာ ယူေကကျပန္လာသူေတြျဖစ္ၿပီး (၂)ဦးစလုံး ဆက္စပ္မႈရွိတယ္လို႔ေျပာပါတယ္။

နယူးဇီလန္ႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ကို႐ိုနာ ကူးစက္သူ ၁၅၀၆ ဦးရွိၿပီး ေသဆုံးသူ ၂၂ ဦးရွိပါတယ္။ ဇြန္လ ၈ ရက္ေန႔မွာ နယူးဇီလန္အစိုးရက Lockdown ေျဖေလ်ာ့ခ်က္ေတြကို ျပဳလုပ္ခဲ့ၿပီး ကိုဗစ္ကင္းစင္သြားၿပီလို႔ ကမာၻကိုေၾကညာခဲ့ပါတယ္။ နယူးဇီလန္ရဲ႕ ကိုဗစ္ေနာက္ဆုံးလူနာဟာ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး ျပန္လည္က်န္းမာသူ ၁၄၈၂ ဦးရွိပါတယ္။

နယူးဇီလန္ဝန္ႀကီးခ်ဳပ္ကေတာ့ ခုႏွစ္ပတ္တာ Lockdown ကာလ အတြင္း စည္းကမ္းလိုက္နာခဲ့တဲ့ ျပည္သူေတြကို ေက်းဇူးတင္ရွိေၾကာင္း၊ ကန႔္သတ္မႈတခ်ိဳ႕ျပန္လုပ္မယ္လို႔ ေျပာခဲ့ပါတယ္။ နယူးဇီလန္မွာ Lockdown အဆင့္ေတြကို အဆင့္ေလးဆင့္နဲ႔ေဆာင္႐ြက္ခဲ့ၿပီး နယ္စပ္ေတြကိုေတာ့ မတ္လ ၁၉ ရက္ကတည္းက ပိတ္ထား ဆဲျဖစ္ပါတယ္

crd : blacker

unicode

နယူးဇီလန် မှာ ကိုရိုနာ ဗိုင်းရပ်စ် ကင်း စင်ပြီဟု ကြေငြာ ပြီး ရက်ပိုင်း အတွင်း (၂) ဦးအသစ်တွေ့

ကို ရိုနာဗိုင်းရပ်စ်ပိုးကင်းစင်တဲ့ နိုင်ငံ အဖြစ်ကြေညာပြီး ရက်ပိုင်းအတွင်း နယူးဇီလန် မှာ ရောဂါပိုးရှိသူ (၂) ဦးတွေ့ရတယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ နယူးဇီလန်မှာ ရောဂါပိုးမတွေ့တာ ၂၄ ရက်ဆက်တိုက်ရှိနေပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ ဗြိတိန်ကပြန်လာသူ (၂) ဦးမှာ ရောဂါပိုးပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က နယူးဇီလန်အစိုးရ ဟာ နယ်စပ်ဂိတ်ကလွဲပြီး Lockdown ဖြေလျော့မှုအပါအဝင် စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါကြောင့် နယူးဇီလန်ဟာ ကိုရိုနာကပ်ရောဂါကင်းလွတ်တဲ့နိုင်ငံဖြစ်ကြောင်း ကြေညာပြီးမှ ပြန်ဖြစ်တဲ့ ပထမဆုံးနိုင်ငံဖြစ်သွားပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်အာဒန်က နိုင်ငံခြား ပြန် တွေဆီက ကူးစက်မှုတွေမဖြစ်အောင် လုပ်ဆောင်သွားတော့မယ်လို့ပြောပါတယ်။ နယူးဇီလန်ကျန်းမာရေးဝန်ကြီးက ရောဂါပိုးတွေ့သူတွေဟာ ယူကေကပြန်လာသူတွေဖြစ်ပြီး (၂)ဦးစလုံး ဆက်စပ်မှုရှိတယ်လို့ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာ ကူးစက်သူ ၁၅၀၆ ဦးရှိပြီး သေဆုံးသူ ၂၂ ဦးရှိပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ နယူးဇီလန်အစိုးရက Lockdown ဖြေလျော့ချက်တွေကို ပြုလုပ်ခဲ့ပြီး ကိုဗစ်ကင်းစင်သွားပြီလို့ ကမ္ဘာကိုကြေညာခဲ့ပါတယ်။ နယူးဇီလန်ရဲ့ ကိုဗစ်နောက်ဆုံးလူနာဟာ အသက် ၅၀ အရွယ် အမျိုးသမီးဖြစ်ပြီး ပြန်လည်ကျန်းမာသူ ၁၄၈၂ ဦးရှိပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်ကတော့ ခုနှစ်ပတ်တာ Lockdown ကာလ အတွင်း စည်းကမ်းလိုက်နာခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း၊ ကန့်သတ်မှုတချို့ပြန်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ နယူးဇီလန်မှာ Lockdown အဆင့်တွေကို အဆင့်လေးဆင့်နဲ့ဆောင်ရွက်ခဲ့ပြီး နယ်စပ်တွေကိုတော့ မတ်လ ၁၉ ရက်ကတည်းက ပိတ်ထား ဆဲဖြစ်ပါတယ်

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

twelve − nine =