မနောမယ ဧပြီလတစ်လစာ ဟောစာတမ်း

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် ဧပြီတစ်လစာ မနောမယဟော စာတမ်း ဖြစ်ပါတယ်

တနင်္ဂနွေ သားသမီးများ

အလုပ်လျှောက်ထားပါက အလုပ်ရမည် ပဲ၊ပြောင်း၊ နှမ်း စသည် ကောက်ပဲ သီးနှံ ရောင်းဝယ်ရေးကောင်းမည် အိမ်ဆောက်ရန် ပနှက်ရိုက်ရမည် ကြွေးကိစ္စ စိတ်ညစ်ရတတ်သည် သူခိုးခိုးခံရတတ်သည် နိုင်ငံရေးလုပ်ပါက ခြေလှမ်းမှားမည် သတိထားပါ။

ပညာရေး-အနှောက်ယှက်ပေါ်မည် ကျန်းမာရေး ဆီးရောဂါ ဖြစ်တတ်သည် အချစ်ရေး မှာ သာယာမည် အိမ်ထောင်ရေး သာယာမည်။

၂.၅.၆ များ အကျိုးပေးမည် ကံကောင်းသောအရာင်မှာ ချောကလက်ရောင် ဖြစ်ပါသည် ယတြာ- စနေနေ့တွင် နေအိမ်ဘုရားစင်မှာ ထောပတ်သီး ၃ လုံးကပ်လှူပါ။

တနင်္လာ သားသမီးများ

လုပ်ငန်းတာဝန်နည်းပြီး စိတ်ပေါ့ပါးနေလိမ့်မည် အလုပ် အတွက်ခွင့် တောင်းထားပါက အလုပ်အတွက်ခွင့်ရလိမ့်မည် ဝင်ငွေနည်းမည် ဘာသာရေးကိစ္စများကိုဆောင်ရွက်ရလိမ့်မည် ဆွေမျိုးထဲမှာ အသက်ကြီးသူတစ်ဦးကျန်းမာရေးညံ့သောသတင်းကိုကြားရမည်။

အဖိုးတန်တယ်လီဖုန်းဝင်မည် မြေအရောင်အဝယ်ဖြစ်မည် ပညာရေးမှာ အခြေအနေ ကောင်းပါသည် ကျန်းမာရေးအနေဖြင့် အစာအိမ် ရောဂါအနည်းငယ်ဖြစ်မည် အချစ်ရေးညံ့သည် အိမ်ထောင်ရေး ညံ့ပါသည်

၅.၆.၉ များ အကျိုးပေးမည် ကံကောင်းသောအရောင်မှာ ပုလဲရောင်ဖြစ်သည် ယတြာ- တနင်္ဂနွေနေ့ တနင်္လာထောင့်မှာမြေဇာ ၉ ညွှန့်၊ သပြေ ၉ ညွှန့်၊ ကံ့ကော် ၉ ညွှန့် ကပ်လှူပါ။

အင်္ဂါ သားသမီးများ

အကျိုးဆောင်လုပ်ငန်းအတွက် ငွေဝင်မည် ကောက်ပဲ သီးနှံ စိုက်ပျိုးရေး ကောင်းမွန်မည် ရတနာပစ္စည်း အရောင်းအဝယ်မှာ လူးလိမ့်ခံရမည် နိုင်ငံရေးလုပ်ပါက အထူးသတိထားရမည့် အချိန်ဖြစ်သည်။

ငွေအတွက်သောကရောက်မည် လုပ်ငန်းနှင့် ပတ်သက်သော စာမေးပွဲဖြေပါက အောင်မြင်မည် တောင်ကုန်းတောင်တန်းဘက်သို့ ခရီးထွက်ရမည် ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါဖြစ်မည်။

အချစ်ရေးမှာ အပြိုင်အဆိုင်ပေါ်မည် အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးများကြောင့် စိတ် ညစ်ရမည် ကံကောင်းသောအရာင်မှာ အစိမ်းရောင်ဖြစ်ပါသည်။

၄.၇.၈. များ အကျိုးပေးမည် ယတြာ-တနင်္လာနေ့တွင် တန်ခိုးကြီးဘုရားတွင် တနင်္လာထောင့်မှာ ငွေထီး ၂ လက်ကပ်လှူပါ။

ဗုဒ္ဓဟူး သားသမီးများ

အလုပ်ကိစ္စ အတွက်နိုင်ငံခြားမှ သတင်းကောင်းရောက်မည် အနုပညာလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည် တယ်လီဖုန်း အသစ်ဝင်မည်။ ဆန်၊စပါး ရောင်းဝယ်ရေးကောင်းမည် ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်ဖိအားများမည်။

မော်တော်ကား အရောင်းအဝယ်ဖြစ်မည်။ အိမ်နေရာ အရွေ့အပြောင်း အတွက် အစီအစဉ် ပြုလုပ်ရလိမ်မည် ပညာရေး ကံညံ့နေတတ်ပါသည် ကျန်းမာရေးအသည်း ကိုဂရုစိုက်ပါ အချစ်ရေး ကံကောင်းနေပါသည် ချစ်သူ နှင့် လက်ထပ်စာချုပ်ချုပ်ဆို ရလိမ့်မည် အိမ်ထောင်ရေး သာယာပါသည်။

၇.၈.၉ များ အကျိုးပေးမည် ကံကောင်းသော အရာင်မှာ ပိတောက်ဝါရောင်ဖြစ်ပါသည် ယတြာ- အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်းကပ်လှူပါ။

ကြာသပတေး သားသမီးများ

အိမ်၊တိုက်ခန်း၊ခြံ အရောင်းအဝယ်ဖြစ်မည် ရည်ရွယ် ထားသော လုပ်ငန်းလုပ်ဖြစ်မည် အလုပ်သစ်ရမည် ရေလုပ်ငန်းမှာ အခက်အခဲပေါ်မည် ဆိုင်ကယ်အရောင်း အဝယ် ဖြစ်မည် ရေးမကူးရ ရေဘေးဖြစ်တတ်သည်။

ရွှေပြန်ဝင်မည် နိုင်ငံရေးလုပ်ပါ ကြီးမားသော စိန်ခေါ်မှုကြီး ရင်ဆိုင်ရတတ်သည် ပညာရေး ကောင်းပါသည် ကျန်းမာရေး မျက်စီနှာတတ်သည် အချစ်ရေးမှာ ချစ်သူ နှင့် ယုံကြည်မှုတည်ဆောက်လို့ မရသော အချိန်ဖြစ်ပါသည် အိမ်ထောင်ရေး ညံ့သည်။

၃.၅.၉ များ အကျိုးပေးမည် ကံကောင်းသောအရာင်မှာ မိုးပြာရောင် ဖြစ်ပါသည် ယတြာ- အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်းကပ်လှူပါ။

သောကြာ သားသမီးများ

လုပ်ငန်းသစ်အတွက် သတင်းကောင်းကြားရမည်။ အစိုးရဝန်ထမ်း ဖြစ်ပါက ရာထူးတိုး စာမေးပွဲဖြေရမည် မော်တော်ကားအရောင်းဝယ်ဖြစ်မည် ဆန်၊ စပါး ရောင်း ဝယ်ရေးကောင်းမည် နိုင်ငံခြားထွက်ရန်အတွက် လေယဉ်လက်မှတ်ဝယ်ရမည်။

ငွေအနည်းငယ် အလဟသဖြစ်မည်ဆွေမျိုးတစ်ဦးနှင့် စပ်တူရှယ်ယာ လုပ်ငန်းပေါ်မည် ကျန်းမာရေး အစာအိမ်ရောဂါဖြစ်တတ်သည် အချစ်ရေးမှာ ချစ်သူနှင့် အဆက်သွယ်ပြတ်တတ်သည် အိမ်ထောင်ရေး ညံ့သည်။

၁.၄.၅ များ အကျိုးပေးမည် ကံကောင်းသော အရာင်မှာ အုန်းခွံရောင်ဖြစ်ပါသည် ယတြာ ကြာသပတေးနေ့တွင် သပြေ ၉ ညွှန့် ကံ့ကော် ၉ ကပ်လှူပါ။

စနေ သားသမီးများ

အိမ်နေရာ အရွှေအပြောင်းအတွက် သောကများ နေလိမ့်မည် အလုပ်အတွက် သတင်းကောင်းကြားရမည် လယ်ယာသုံးစက်ကရိယာပစ္စည်း တမျိုးမျိုးဝင်မည် မော်တော်ကား တိုက်မှု သတိထားပါ ဆိုင်ကယ်အရောင်း အဝယ်ဖြစ်မည် ဝန်ထမ်းဖြစ်ပါက နေရာပြောင်း၊ အလုပ်ပြောင်းဖြစ်မည်။

နေအိမ်တောင် အရပ်မီးလန့်မည် ထိုသို့လောင်ပါက ဖိနပ်အဟောင်း တစ်ရံ စွန့်ပစ်ပါ ပညာရေး-ကံကောင်းနေသည် စားမေးပွဲဖြေက အောင်မြင်မည်လကျန်းမာ ရေး-ခါးနာရောဂါဖြစ်တတ်သည် အချစ်ရေးမှာ အနှောက်အယှက်ပေါ်မည် အိမ်ထောင်ရေး ညံ့သည်။

၄.၆.၈ များ အကျိုးပေးမည် ကံကောင်းသောအရာင်မှာ ပုစွန်ဆီရောင် ဖြစ်ပါသည် ယတြာ- သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ သာကူကပ်လှူပါ။

Add a Comment

Your email address will not be published. Required fields are marked *

13 − 4 =