ချမ်းသာတဲ့သူတွေ နဲ့ သာမန်လူတန်းစားတွေ ရဲ့ဘဝကို နှိုင်းယှဉ်ပြီး ခံစားရတာတွေကို ဖွင့်ဟ လာတဲ့ ပြည်သူတစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ အသက် အရွယ်မရွေး၊ ကျားမမရွေး၊ လူတန်းစားမရွေး တစ်တပ်တစ်အားပါဝင်နေကြ တယ်ဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့လည်း ချို့တဲ့တဲ့ ပြည်သူတစ်ချို့ကတော့ အခုအချိန်မှာဆိုရင် စားဝ တ်နေရေးအတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ် ။

အခုလည်း ဒီအခြေအနေတွေကို သိမြင်ကြုံ တွေ့နေရတဲ့ ပြည်သူတွေ ထဲက အမျိုးသမီး တစ်ယောက်က ခံစားချက်တစ်ချို့ကို ဖွင့်ဟပြောပြထားတာ ဖြစ်ပါတယ် ။အမျိုးသမီးတစ်ဦးက ATM စက်မှာ ပိုက်ဆံသွားထုတ်ရာ ကနေ လူငယ်တစ်ချို့ ကိုမြင်တွေ့ခဲ့ရပြီး နောက် ဖြစ်ပေါ်လာတဲ့ သူမရဲ့ခံစားချက် တွေ ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထား တာ ဖြစ်ပါတယ် ။

စာထဲ မှာတော့ အဲ့ဒီအ မျိုးသမီးက ဂါဝန်တိုတိုလှလှလေးတွေ၊ ဒေါက်အမြင့်တွေ၊ အားကစားအင်္ကျီတွေ နဲ့ နုဖတ်လှပနေတဲ့ ကောင်မလေး တွေကို ကြည့်ပြီး သူမရဲ့ဘဝနဲ့ ပြန်နှိုင်း ယှဉ်မိကြောင်း ပြောထား တာ ဖြစ်ပါတယ် ။ သူတို့တွေ အင်္ကျီလှလှလေးဝတ်ပြီး ကောင်းကောင်းစားကာ နေနေရတဲ့အချိန်မှာ သူမကတော့ ဆန္ဒထုတ်ဖော်ရင်းနဲ့ ပြေး လွှားနေရပြီး အလှူရှင် တွေပေးတဲ့ ထမင်းဘူးကိုသာ စားနေရကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။

ဒါ့ပေမဲ့လည်း ချမ်းသာတဲ့လူတွေက လှူဒါန်းပေးလို့သာ လူထုလှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နိုင်တာဖြစ်ကြောင်းကို “ငွေအားစိုက်ထုတ်နိုင်တဲ့ သူတို့လေးတွေက ငွေအားစိုက်ထုတ်ပေးနေသလို ငွေအားမရှိတဲ့ ကိုယ်တွေကတော့ ရှေ့တန်းကနေဆက်တိုက်ရမယ် ရှေ့ထွက်ပေးနေရမယ် ထွက်တဲ့လူတွေ အများစုက ကိုယ်တွေလို လူတန်းစားတွေပါ

ကိုယ်လုပ်ပေးနိုင်တဲ့ နေရာက နေ အကုန်ဝိုင်း ဝန်းလုပ်ပေး ရမယ် အကုန်စည်း လုံး နေရမယ်” ဆိုပြီး ပြောထားတာလည်း ဖြစ်ပါတယ် ။ ချမ်းသာတဲ့လူ တွေရဲ့ ဘဝနဲ့ သာမန်လက် လုပ်လက်စား လူတန်း စားတွေရဲ့ဘဝကို နှိုင်းယှဉ်ရေးသားထားတဲ့ အမျိုးသမီးတစ်ဦးရဲ့စာတွေကတော့ ဖတ်ရှုမိသူတိုင်းကို စာနာနားလည်စိတ်တွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ် ။

crd

Add a Comment

Your email address will not be published. Required fields are marked *

fourteen − three =