ရဲစခန္း ေရွ႕တြင္ (၁၁) လ ခန႔္ ရပ္ထား သည့္ ဝိုင္ဘီအက္ ယာဥ္ မီးထေလာင္

ရဲစခန္း ေရွ႕တြင္ (၁၁) လ ခန႔္ ရပ္ထား သည့္ ဝိုင္ဘီအက္ ယာဥ္ မီးထေလာင္

လႈိင္သာယာ(အေရွပိုင္း)ၿမိဳ႕နယ္၊ ၿမိဳ႕မ ရဲစခန္းေရွ႕ ကားလမ္းမႀကီးေပၚတြင္ ရပ္ထားသည့္ ဝိုင္ဘီအက္ယာဥ္ တစ္စီး ဇြန္လ ၁၄ ရက္ေန႔ နံနက္ပိုင္းက မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း၊ လႈိင္သာယာ(အေရွပိုင္း)ၿမိဳ႕မရဲစခန္းေရွ႕၊ အမွတ္(၃)ရပ္ကြက္၊ ရန္ကုန္-ေညာင္တုန္း လမ္းမႀကီး ေပၚတြင္ ရပ္ထားသည့္ယာဥ္တစ္စီး မီးေလာင္ေနေၾကာင္း သတင္းအရ လႈိင္သာယာၿမိဴ႕နယ္ မီးသတ္ဦးစီးမႉးဦးစိုးသူ ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ မီးသတ္ယာဥ္( ၂ )စီး ေရသယ္ယာဥ္ (၁)စီး တို႔ျဖင့္ ဝိုင္းဝန္း ၿငိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားခဲ့သည့္ယာဥ္မွာ လြန္ခဲ့ေသာ ၁၁ လခန႔္ ၂၀၁၉ခု ဇူလိုင္လ ၂၇ ရက္ေနက လႈိင္သာယာၿမိဳ႕နယ္ အေနာ္ရထာလမ္းမေပၚ ႐ိုးေလး႐ြာ အနီးတြင္ ဓါတ္တိုင္ဝင္တိုက္ခဲ့ရာမွ အမွတ္(၆၈) ယာဥ္ထိန္းတပ္ဖြဲ႕စုမွ ၎ကားအားဆြဲလာၿပီး ရန္ကုန္-ေညာင္တုန္းလမ္းမေဘး (၅)ထိပ္မွတ္တိုင္အနီး ရပ္ထား ခဲ့ေသာ ယာဥ္ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ပ်က္ဆီးသြားေသာ ဓါတ္တိုင္အား ျပန္လည္ ျပင္ေပးကာ သက္ဆိုင္ရာဌာနသို႔ တန္ဖိုးေပးေလ်ာ္ခဲ့သျဖင့္ အမႈဖြင့္လွစ္ေတာ့ျခင္း မရွိဘဲ ယာဥ္ပိုင္ရွင္ျဖစ္သူထံသို႔ ျပန္လည္အပ္ႏွံထားေသာ္လည္း ယာဥ္ပိုင္ရွင္မွ ယာဥ္အားျပန္လည္ျပင္ဆင္ယူေဆာင္းျခင္း မရွိဘဲ အခင္းျဖစ္မီးေလာင္သည့္ ေနရာ၌ ယၡဳထိထား ရွိထားေသာ ယာဥ္ျဖစ္ေၾကာင္း စုံစမ္း သိရသည္။

ယာဥ္မီးေလာင္မႈေၾကာင့္ ယာဥ္ႏွင့္ အတြင္းရွိ ဆိုဖာခုံမ်ား မီးေလာင္ပ်က္ဆီး ခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ညီညီ(လႈိင္သာယာ)ညီညီ(လႈိင္သာယာ)

unicode

ရဲစခန်း ရှေ့တွင် (၁၁) လ ခန့် ရပ်ထား သည့် ဝိုင်ဘီအက် ယာဉ် မီးထလောင်

လှိုင်သာယာ(အရှေပိုင်း)မြို့နယ်၊ မြို့မ ရဲစခန်းရှေ့ ကားလမ်းမကြီးပေါ်တွင် ရပ်ထားသည့် ဝိုင်ဘီအက်ယာဉ် တစ်စီး ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းရှေ့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း လမ်းမကြီး ပေါ်တွင် ရပ်ထားသည့်ယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းအရ လှိုင်သာယာမြိူ့နယ် မီးသတ်ဦးစီးမှူးဦးစိုးသူ နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်( ၂ )စီး ရေသယ်ယာဉ် (၁)စီး တို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်ယာဉ်မှာ လွန်ခဲ့သော ၁၁ လခန့် ၂၀၁၉ခု ဇူလိုင်လ ၂၇ ရက်နေက လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမပေါ် ရိုးလေးရွာ အနီးတွင် ဓါတ်တိုင်ဝင်တိုက်ခဲ့ရာမှ အမှတ်(၆၈) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ၎င်းကားအားဆွဲလာပြီး ရန်ကုန်-ညောင်တုန်းလမ်းမဘေး (၅)ထိပ်မှတ်တိုင်အနီး ရပ်ထား ခဲ့သော ယာဉ်ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ပျက်ဆီးသွားသော ဓါတ်တိုင်အား ပြန်လည် ပြင်ပေးကာ သက်ဆိုင်ရာဌာနသို့ တန်ဖိုးပေးလျော်ခဲ့သဖြင့် အမှုဖွင့်လှစ်တော့ခြင်း မရှိဘဲ ယာဉ်ပိုင်ရှင်ဖြစ်သူထံသို့ ပြန်လည်အပ်နှံထားသော်လည်း ယာဉ်ပိုင်ရှင်မှ ယာဉ်အားပြန်လည်ပြင်ဆင်ယူဆောင်းခြင်း မရှိဘဲ အခင်းဖြစ်မီးလောင်သည့် နေရာ၌ ယ္ခုထိထား ရှိထားသော ယာဉ်ဖြစ်ကြောင်း စုံစမ်း သိရသည်။

ယာဉ်မီးလောင်မှုကြောင့် ယာဉ်နှင့် အတွင်းရှိ ဆိုဖာခုံများ မီးလောင်ပျက်ဆီး ခဲ့ကြောင်း တွေ့ရှိရသည်။

ညီညီ(လှိုင်သာယာ)ညီညီ(လႈိင္သာယာ)

Add a Comment

Your email address will not be published. Required fields are marked *

18 − eleven =